ရန်ကုန် မှာနေရင်းနဲ့ မြို့အသီးသီး ဒေသအသီးသီးရှိ ဒေသထွက် အစားအစာအသီးသီးကို စားသုံးချင်ကြတဲ့ Foodie များအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ စားသောက်ဆိုင်များအကြောင်း ဝေမျှပေးချင်ပါတယ်။
ဒီစားသောက်ဆိုင်လေးများသည်လည်း ရန်ကုန် မြို့တွင်းရှိ အချက်အချာကျတဲ့နေရာတွေမှာ တည်ရှိတဲ့အတွက်ကြောင့် ဒေသထွက် အစားအစာများ စားချင်တဲ့အချိန်မှာ အလွယ်လေး ထွက်စားလိုက်ရုံပါပဲ။
Taing Yin Thar Restaurant

Photo: Tripadvisor
ဒီစားသောက်ဆိုင်လေးကတော့ ကမ္ဘာအေးလမ်း၊ ရန်ကင်းမြို့နယ်တွင် တည်ရှိတာဖြစ်ပါတယ်။

Photo: Myanmar Mix
တိုင်းရင်းသား ဆိုတဲ့ နာမည်အတိုင်း တိုင်းရင်သားအစားအစာအမျိုးမျိုးကို ချစ်စဖွယ်မြန်မာမှုစတိုင်လ် တည်ခင်းဧည့်ခံပုံမျိုးနှင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိပဲဖြစ်ပါတယ်။
Shwe Sa Bwe

Photo: travelcoffeehot
ရန်ကုန် မြို့ရဲ့ ဆိတ်ငြိမ်တဲ့နေရာလေးမှာ အရသာရှိတဲ့ ဒေသထွက် အစားအစာ အမျိုးမျိုးကို အရသာရှိရှိ စားသုံးချင်တယ်ဆိုရင်တော့ Shwe Sa Bwe လေးကိုသာ သတိရလိုက်ပါ။ ဟင်းသီးဟင်းရွက်ချစ်သူများအတွက် Ciliegini Caprese Salad မီနူးအသစ်လေးနဲ့လည်း မိတ်ဆက်ပေးထားပါသေးတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ အချိုရည်များ၊ အချိုပွဲများ စသည်ဖြင့် ရွေးချယ်စရာအစားအစာမျိုးစုံရှိပါသေးတယ်။
San Taw Win

Photo: Tripadvisor
ဒီဆိုင်လေးကတော့ ရန်ကုန် မြို့ရှိ လေဆိပ်လမ်းပေါ်မှာ တည်ရှိတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဒေသထွက် အစားအစာမျိုးစုံကို မြည်းစမ်းစားသုံးနိုင်ပါတယ်။ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဆိုင်ဖွင့်ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်ကလည်း ခမ်းခမ်းနားနားရှိပြီး အရသာရှိတဲ့ အစားအစာမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။
Babett Eatery & Bar Yangon

Photo: Hotels G
ဒီစားသောက်ဆိုင်လေးကတော့ အလံပြဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ဆိုင်လေးဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီခွဲကနေ သန်းခေါင်ယံ ၁၂ နာရီအချိန်အထိ ဆိုင်ဖွင့်တာဖြစ်ပါတယ်။ မနက်စာ၊ နေ့လည်စာနှင့် ညစာ စသည်ဖြင့် စားသုံးနိုင်ပြီး မြန်မာ့ ဒေသထွက် အစားအစာများအပြင် ပြင်သစ်စာများ၊ အခြားသော ဥရောပအစားအစာများကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဘားထိုင်ချင်သူများအတွက်ညလ်း ဘား Corner လေး ပြုလုပ်ပေးထားတာကြောင့် အမိုက်စားခံစားချက်လေးကို ခံစားရစေမှာဖြစ်ပါတယ်။
Burma Bistro

Photo: MYANMORE
ဒီဆိုင်လေးကတော့ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်မှာ တည်ရှိတာဖြစ်ပါတယ်။ မြန်မာ့ဒေသထွက် အစားအစာမျိုးစုံကို မှာယူစားသုံးနိုင်တဲ့အပြင် ဒေသ တစ်ခုနှင့် တစ်ခုရှိ အစားအစာများကိုလည်း ရောပြွမ်းကာ Fusion စတိုင်လ်ဟင်းလျာများလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။ ဈေးနှုန်းတွေကတော့ ၂ ဒေါ်လာကနေ ၁၉ ဒေါ်လာအထိ အစားစားရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။
ကွီးတို့လည်း ထိုစားသောက်ဆိုင်တွေမှာ သွားရောက်မြည်းစမ်းဖြစ်ခဲ့တယ်ဆိုရင် အတွေ့အကြုံလေးတွေကို မျှဝေပေးသွားခဲ့နိုင်ပါတယ်။
Featured Image : Gtalkevents
