ညနေခင်းအချိန်အခါလေးမှာ သဘာဝလေညှင်းခံရင်း ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန် နှင့် မန္တလေး ရှိ Rooftop Bar များအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ အခုဖော်ပြပေးမယ့် ဘားများသည် ထိုင်လို့ကောင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံးလည်း အကြိုက်တွေ့ကြမှာပါ။
Rooftop99 Bar & Lounge

Photo: Facebook
ဒီဆိုင်လေးကတော့ အမှတ် (၉၉)၊ ဦးရေခဲလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်မှာ တည်ရှိပါတယ်။ Hotel Broadway Yangon ရဲ့ အပေါ်ဆုံးထပ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၃ နာရီကနေ ည ၁၀ နာရီအထိပဲ ဖြစ်ပါတယ်။

Photo: Facebook
ဘော်ဒါတွေနဲ့အတူတူ Rooftop Bar လေးမှာ အေးအေးဆေးဆေးပဲ ထိုင်ချင်သူတွေအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။ မွေးနေ့ပွဲများ၊ ပါတီပွဲများ၊ ဒင်နာပွဲများ ကျင်းပချင်သူများအတွက်လည်း သီးသန့်စီစဉ်ကျင်းပပေးပါသေးတယ်။ ကော့တေးမျိုးစုံ၊ ဘီယာ၊ ဝီစကီမျိုးစုံကို မြည်းစမ်းသောက်သုံးနိုင်ပြီး အရသာရှိတဲ့ အစားအစာမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါသေးတယ်။
B20 ROOF

Photo: Facebook
B20 ROOF ကတော့ အမှတ် (၈၂/၁၄)၊ ရွှေဂုံတိုင် လမ်းမကြီး၊ ငါးထပ်ကြီးမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ Monsoon Promotion လေး ချပေးနေတဲ့အတွက်ကြောင့် အတန်တကာ့အတန်ဆုံးဖြစ်စေမှာပါ။ ဗုဒ္ဓဟူးနေ့တိုင်းမှာ အမျိုးသမီးများနေ့ဆိုတဲ့ ပရိုမိုးရှင်း၊ သောောကာနေ့တိုင်းမှာတော့ မိုက်ခဲများအတွက် Open Mic အစီအစဉ်၊ စနေနေ့တိုင်းမှာတော့ ဘီယာပုလင်းကလွဲလို့ ဘာပုလင်းယူလာ ယူလာ Bottle Charges FOC ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ အမျိုးသား (၃) ယောက်နှင့်အထက် လာရောက်တဲ့ ဝိုင်းတိုင်းကို ဘီယာပေါက်စည် တစ်ယောက်တစ်ခွက် ဂုဏ်ပြုပေးဦးမှာပါ။

Photo: Facebook
နေ့တိုင်းရှိတဲ့ Happy Hour Promotion လေးလည်းရှိတယ်ဆိုတော့ နေ့စဉ် ညနေ (၄) နာရီကနေ (၆) နာရီခွဲအထိ စည်ဘီယာသောက်မယ်ဆို Buy 2 Get 1 လည်းရဦးမှာပါ။ ဒီလောက်များပြားလှတဲ့ ပရိုမိုးရှင်းတွေလည်းရှိတာဆိုတော့ ကွီးတို့အားလုံးလည်း အခုပဲ သွားချင်နေကြမယ်လို့ မျှော်လင့်မိပါတယ်။
ရန်ကုန် မြို့က ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတွေအလှည့်ပြီးသွားတော့ မန္တလေး မြို့ရှိ ထိုင်လို့ကောင်းတဲ့ Rooftop Bar များဘက် ဆက်လှည့်လိုက်ရအောင်။
Penthouse Rooftop Pool & Bar

Photo: Facebook
ဒီဆိုင်လေးကတော့ ၆၂ လမ်းနှင့် ၃၇ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ Pool Bar ကတော့ နေ့လည် ၁ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပြီးတော့ Music Lounge ကတော့ ည ၇ နာရီကနေ နေ့လည် ၁၁ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ကြိုတင်ဘိုကင်လုပ်ထားသူများအနေနှင့် ဝင်ကြေးပေးစရာမလိုပါဘူး။

Photo: Facebook
လတ်တလောမှာလည်း အမိုက်စား ပရိုမိုးရှင်းလေးတွေ ချပေးနေပါသေးတယ်။ Special 1 မှာ Hoegaarden ၃ ပုလင်း၊ အာလူးချောင်းကြော်၊ ဝက်အစုံသုပ် ကို ယခုလူရင်းဈေး ၂၂၅၀၀ ကျပ်ကိုမှ ယခုအခါမှာတော့ ၁၀ ရာခိုင်နှုန်း လျော့ဈေးရှိတဲ့အတွက်ကြောင့် ၂၀၂၅၀ ကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။
Special 2 မှာတော့ Hoegaarden ၅ ပုလင်း၊ သီဟိုဠ်စေ့ကြော်၊ ဆိတ်လက်ဖက်ထောင်းတို့ကို မူရင်းဈေး ၃၃၅၀၀ ကျပ်ကို ၁၀ ရာခိုင်နှုန်း လျော့ဈေးရှိတဲ့အတွက်ကြောင့် ၃၁၉၅၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် တနင်္လာနေ့တိုင်းမှာလည်း Gentleman Night ပရိုမိုးရှင်းများ ပြုလုပ်ပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ တနင်္လာနေ့မှာ Gentleman ဆန်ဆန် ဝတ်သွားပြီး ဘားသွားထိုင်ကြည့်လိုက်ပါ။ အမျိုးသား (၃) ဦးပါတဲ့ ပထမဆုံး (၁၀) ဝိုင်းကိုပဲ ပရိုမိုးရှင်း ပေးမှာမို့လို့ ကွီးတို့အနေနဲ့ စောစောစီးစီး သွားဖို့တော့ လိုပါလိမ့်မယ်။
Featured Image: Facebook
