မင်္ဂလာပါ ကွီးတို့ရေ။ အရသာရှိတဲ့ စားသောက်ဆိုင်တွေ ၊ ထိုင်လို့ကောင်းတွေ ဘား အမိုက်စားလေးတွေကို အမြဲရှာဖွေတင်ဆက်ပေးနေတဲ့ အစီအစဉ်လေးပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ရွှေမန်းမြေမှ ကွီးတို့၊ ညိုကီတို့အတွက် ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်နဲ့ ဘားများ ကိုဖော်ပြပေးလိုက်ပါတယ်နော်။

Old Boy’s BBQ & Restaurant

ရွှေမန်းမြေမှ ဘားမျာ

Photo : Old Boy’s BBQ & Restaurant Facebook

ရွှေမန်းမြေမှ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်နဲ့ ဘားများ ထဲမှာ ပထမဆုံးဖော်ပြပေးချင်တာကတော့ Old Boy’s BBQ & Restaurant ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့ အပြင်အဆင်ကတော့ ကွီးတို့ လူငယ်တွေအကြိုက်ပါပဲ။ ဘော်ဒါအများကြီးနဲ့ ထိုင်ထိုင်၊ သူငယ်ချင်းနည်းနည်းနဲ့ပဲ Chill အဆင်ပြေတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးမှာ သောက်စရာများအပြင် အရသာရှိတဲ့ အကင်တွေနဲ့ ဟင်းပွဲစုံစုံလင်လင်ကိုလည်း မြည်းစမ်းလို့ရပါတယ်။ ဒါ့အပြင် ရက်အလိုက် တေးဂီတအစီအစဉ်တွေနဲ့ DJ ပါ ရှိတော့ အဆင်ပြေတာပေါ့။

ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၄၁ လမ်း၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

Old Version Live Music & Restaurant

ရွှေမန်းမြေမှ ဘားမျာ

Photo : Old Version Live Music & Restaurant Facebook Page

ကျယ်ဝန်းတဲ့ ဆိုင်အပြင်အဆင် အမိုက်စားလေးနဲ့ သီချင်းတွေကို Live Music အနေနဲ့ နားဆင်ခံစားရင်း ထိုင်လို့ကောင်းတဲ့ ဆိုင်လေးရှာနေတယ်ဆိုရင်တော့ Old Version Live Music & Restaurant ရှိပါတယ်။ ဒါ့အပြင် ဒီဆိုင်လေးမှာ နာမည်ကြီးတေးသံရှင်တွေရဲ့ သီချင်းတွေကိုလည်း တိုက်ရိုက်ခံစားလို့ရပါသေးတယ်။ ဘော်ဒါတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် သောက်စရာတွေ၊ အရသာရှိတဲ့ ဟင်းပွဲတွေကို သုံးဆောင်ရင်း Live Music လေးကို ခံစားနားဆင်ရတာ တကယ်ကို မတူညီတဲ့ရသတစ်မျိုးကို ခံစားရစေမှာပါ။

သူ့ရဲ့ လိပ်စာကတော့ ၂၆ လမ်း၊ ၅၃ လမ်းထောင့်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ပဲဖြစ်ပါတယ်။

The Artist Bar & Restaurant

bar

Photo : The Artist Bar & Restaurant Facebook Page

ရွှေမန်းမြေမှ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်နဲ့ ဘားများ ထဲကနောက်တစ်ခုကတော့ The Artist Bar & Restaurant ပဲဖြစ်ပါတယ်။ ဒီဘားလေးရဲ့ Rooftop ဧရိယာမှာ မန္တလေးမြို့ရဲ့ ညအလှနဲ့ လေပြေအေးလေးတွေကို ခံစားရင်း သောက်စရာအစုံအလင်၊ စားသောက်ဖွယ်ရာများနဲ့အတူ အေးအေးဆေးဆေး Chill လို့ ရပါသေးတယ်။ သူ့မှာ Indoor Dining လည်းပါရှိတာကြောင့် ပိုပြီးအဆင်ပြေပါတယ်။ တေးဂီတကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်လည်း Unplugged Live Music ကိုနားဆင်လို့ ရပါတယ်။

သူ့ရဲ့ လိပ်စာကတော့ လမ်း ၆၀ ၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား မန္တလေးမြို့၊ Sky Villa Condo ရဲ့ ၁၁ လွှာ မှာတည်ရှိပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင်နဲ့ ဘားများ ရွှေမန်းမြေမှ ကွီးတို့တော်တော်များများတော့ သိပြီးသားဖြစ်လောက်မှာပါ။ မသိသေးတဲ့ ကွီးတို့အတွက်ရော၊ တခြားနေရာကနေ မန္တလေးကိုလာရောက်လည်ပတ်ဖြစ်လို့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးရှာနေတယ်ဆိုရင်တော့ အထောက်အကူ ဖြစ်စေမှာပါ။

Featured Photo : The Artist Bar & Restaurant Facebook Page