ကိုယ့်ရဲ့ချစ်သူကောင်မလေးနဲ့ တွဲလာတာကြာပြီး လက်ထပ်ဖို့လည်း ရည်ရွယ်ထားပါသလား။ ဒါဆိုရင်တော့ ကွီးတို့အနေနဲ့ စေ့စပ်တောင်းရမ်းပွဲနှင့် မင်္ဂလာပွဲတို့ မကျင်းပခင်မှာ အရေးကြီးဆုံး ပွဲတစ်ပွဲ ကျန်နေပါသေးတယ်။ ထိုပွဲကတော့ လက်ထပ်ခွင့်တောင်းတဲ့ Propose ပါတီပွဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းဖို့ရန်အတွက် Surprise ပါတီပွဲတစ်ခု ပြင်ဆင်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။
အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ကြားကာ သင့်ကောင်မလေး မသိအောင် လျှို့ဝှက်ထားခိုင်းပါ
Photo: Freepik
အရင်းနှီးဆုံး သူငယ်ချင်းများကို တိုးတိုးတိတ်တိတ်ဖိတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ထိုသူငယ်ချင်း မိတ်ဆွေများကလည်း နှုတ်လုံဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာလျှင် သင့်ကောင်မလေးအတွက် လက်ထပ်ခွင့် တောင်းတဲ့ Surprise ပါတီပွဲတစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ရိုမန့်တစ်ဆန်တဲ့ နေရာတစ်ခုကို ရွေးချယ်ပြီး အဝတ်အစားဖက်ရှင်ကိုလည်း တစ်ခါတည်း ပြောပြထားပါ
Photo: Freepik
ရိုမန့်တစ်ဆန်တဲ့ နေရာတစ်ခုမှာ Decoration များကအစ အသေးစိတ်ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ Decoration အပြင်အဆင်များကို ဆိုင်ကို အပ်မယ်ဆိုရင်တောင်မှ သင့်အနေနဲ့ အနောက်က ပြန်စစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ပါတီပွဲလာမယ့် သူငယ်ချင်း မိတ်ဆွေများကိုလည်း Dress Code အကြောင်း သေချာပြောပြထားလိုက်ပါ။ ပါတီကို ဘယ်လို ဖက်ရှင်အရောင်မျိုး ဝတ်လာရမလဲဆိုတာကို သင့်ဘက်က သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။
သင့် ကောင်မလေးကိုလည်း လှလှပပ ပြင်ဆင်လာဖို့ မှာထားပါ
Photo: iStock
လက်ထပ်ခွင့်တောင်းခံရခြင်းသည် သင့်ကောင်မလေးအတွက် ဘဝမှာ တစ်ခါပဲ ရနိုင်တဲ့ အဖိုးတန်အချိန်တစ်ခုပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ စပရိုက်တိုက်ချင်နေပါစေ၊ ကောင်မလေးကို လှလှပပလေး ပြင်ဆင်လာဖို့ ကြိုပြောထားပါ။ သင့်ဘက်က မသိသာအောင် ဘယ်လိုမျိုး ပြောနိုင်မလဲဆိုရင် “သူငယ်ချင်းပါတီပွဲသွားဖို့ အဖော်လိုက်ခဲ့ပါ။” (သို့) “ရုံးက Couple လိုက် ပွဲတက်ရမှာမလို့ လိုက်ခဲ့ပေးပါ” ဆိုပြီး ပြောထားနိုင်ပါတယ်။ သူ(မ) အလုပ်မများတဲ့ရက်၊ အလုပ်မရှုပ်တဲ့ရက်တွေကို သေချာမေးမြန်းထားပြီးမှ စီစဥ်ထားဖို့တော့ လိုပါလိမ့်မယ်။
အချိန်ကိုက် လုပ်ဆောင်တတ်ပါစေ
Photo: Pinterest
သင်က လက်ထပ်ဖို့ ရယ်ဒီဖြစ်နေပေမယ့် သင့် ကောင်မလေးကရော လက်ထပ်ဖို့ ရယ်ဒီဖြစ်နေရဲ့လား။ တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ ချစ်နေပါစေ၊ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒါသည် သင့်ကို မချစ်လို့တော့မဟုတ်ပါဘူး။ သူ(မ)ဘက်က လက်ထပ်ဖို့ အဆင်သင့်မဖြစ်ရုံသပ်သပ်ပါ။ ဒါ့ကြောင့် သင့်အနေနဲ့ လက်ထပ်ခွင့် တောင်းမယ့် Surprise ပါတီ မကျင်းပခင်မှာ သူ(မ)ကို လက်ထပ်ဖို့ ရယ်ဒီဖြစ် မဖြစ် တီးခေါက်ကြည့်ပါ။ သူ(မ)ဘက်က သင် လက်ထပ်ဖို့ အကြောင်းကို စလိုက်တာနဲ့ စကားလမ်းကြောင်းလွှဲလိုက်တာမျိုးမဟုတ်ဘဲ သူ(မ)ဘက်ကလည်း လက်ခံတယ်ဆိုရင်တော့ သင့်အတွက် အခြေအနေကောင်းနေပါပြီ။ ထိုအချိန်မျိုးကျမှ အချိန်ကိုက် လက်ထပ်ခွင့်တောင်းရမှာဖြစ်ပါတယ်။
ဓာတ်ပုံဆရာ ငှားရမ်းထားပါ
Photo: Freepik
စောစောက ပြောခဲ့သလိုပါပဲ၊ လက်ထပ်ခွင့်တောင်းတဲ့ အခိုက်အတန့်လေးသည် သင်တို့နှစ်ဦးသားစလုံးအတွက် အရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ထိုအခိုက်အတန့်ကို အချိန်များစွာ ကြာသည်အထိ အမှတ်တရအဖြစ် သိမ်းထားချင်တယ်ဆိုရင်တော့ ဗွီဒီယိုရိုက်ကူးထားရင်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ကူးရင်ပဲဖြစ်ဖြစ် အမှတ်တရသိမ်းထားနိုင်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက် ငှားရမ်းထားဖို့လည်း မမေ့ပါနဲ့။
ဧည့်သည်များကို ဧည့်ခံဖို့လည်း မမေ့ပါနဲ့
Photo: Zola
လက်ထပ်ခွင့်တောင်းတာ မိမိလိုချင်တဲ့အဖြေလည်း ရသွားပြီဆိုရင်တော့ ဖိတ်ကြားထားတဲ့ သူငယ်ချင်း မိတ်ဆွေများကို ဧည့်ခံဖို့လည်း မမေ့ပါနဲ့။ တော်ကြာနေ နှစ်ဦးသား မိုးမမြင် လေမမြင်နဲ့ ကြည်နူးလွန်ပြီး ဧည့်သည်များကို ဧည့်ခံဖို့ မေ့သွားရင် မကောင်းဘူးမဟုတ်လား။
Source: Adriannapapell
Featured Image: Pinterest