အမျိုးသားနေ့ အားလပ်ရက်အတွက် ဘာ Plan တွေ ဆွဲထားပြီးပြီလဲ။ အသောက်တလိုင်း ကွီးတို့ကတော့ ထုံးစံအတိုင်း ဘော်ဒါတွေ ဖုန်းဆက် ၊ ဆိုင်ထိုင် Chill မယ်လို့ တွေးထားတယ်ဆိုရင်တော့ ကွီးတို့ လုံးဝအကြိုက်တွေ့ စေမယ့် ရန်ကုန်မြို့တွင်းက အမိုက်စား Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ Chill ဖို့ အခုပဲ ဆိုင်အမိုက်လေးတွေကို ရှိုးလိုက်ရအောင်ပါ။
(၁) Beer Match
Photo : Beer Match
ဒီဆိုင်လေးကတော့ မြောက်ဒဂုံထဲက ခပ်လန်းလန်း ခပ်မိုက်မိုက် Bar လေးပါ။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တစ်နေရာတည်းမှာ မတူညီတဲ့ Vibe မျိုးစုံကို ခံစားနိုင်မှာ ဖြစ်တဲ့အတွက် အသောက်တလိုင်း ကွီးတို့ လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။ မြေညီထပ်မှာ Unplugged သီချင်းတွေ နားထောင်ရင်း Chill မလား ၊ View တွေမိုက်တဲ့ အပေါ်ထပ်ကို ရွေးမလား ၊ သီးသီးသန့်သန့် Chill လို့ရမယ့် ထပ်ခိုးထပ်လား ၊ လွတ်လပ်မှုရဲ့အရသာကို ခံစားနိုင်မယ့် Rooftop လား စိတ်ကြိုက်ရွေးလို့ ရပါတယ်။ အစားအသောက်တွေစုံလင်ပြီး ဈေးနှုန်းသင့်တင့် အရသာမြင့်တဲ့ အထူးစပယ်ရှယ် ဟင်းလျာတွေ ၊ ဘီယာ ၊ ဝီစကီအစုံ ရပါတယ်။ ဆိုင်လပ်စာကတော့ အမှတ်(၆၇၃) ၊ ဘုရင့်နောင်လမ်း ၊ (၃၂) ရပ်ကွက် (ကပရထိပ်) ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၂) The Sixth Sense
Photo : The Sixth Sense
ဒီဆိုင်လေးကတော့ မြောက်ဥက္ကာလာထဲက အသစ်စက်စက် ဆိုင်အမိုက်စားလေးပါ။ ဆိုင်အပြင်အဆင်ကတော့ လုံးဝထူးခြားတယ်။ တစ်ဆိုင်လုံး လူငယ်ဆန်ဆန်နဲ့ Ancient Egypt အငွေ့အသက်တွေ ဖန်တီးထားတယ်။ နေရာထိုင်ခင်းကလည်း အပေါ်ထပ်အောက်ထပ် ကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် Chill ချင်တဲ့ အသောက်တလိုင်း ကွီးတို့အတွက် ကွက်တိပဲပေါ့။ ကော့လ်တေး ၊ ဘီယာ ၊ Drinks မျိုးစုံ ၊ အရသာရှိတဲ့ စားဖွယ် Menu အစုံအလင်နဲ့ လူငယ်တွေရဲ့ ဆုံမှတ် The Sixth Sense Bar အသစ်လေးကို ကွီးတို့ သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၈၃၄ ၊ သုဒမာလမ်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၃) SQUID BBQ
Photo : SQUID BBQ
ဆရာစံလမ်းပေါ်က လူငယ်တွေရော လူလတ်ပိုင်း ကွီးတို့ပါ အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးက SQUID BBQ ဆိုတဲ့ Bar လေးပါ။ ဖွင့်ထားတာ လပိုင်းပဲရှိသေးတဲ့ ဆိုင်အသစ်လေးပါ။ အမိုက်စား Music Band တွေရဲ့ Live ဖျော်ဖြေမှု အစီအစဉ်တွေနဲ့ အခုလက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်ပါတယ်။ အသောက်တလိုင်း ၊ အစားတလိုင်းတင်မက အဖီးတလိုင်း ကွီးတို့ပါ သံစဉ်တွေနဲ့ လွင်မြောလို့ရမယ့် ဆိုင်လေးပါ။ အစားအသောက်တွေ စုံတယ်။ လူငယ်ဆန်ဆန် အထာထာ Chill ချင်တယ်ဆိုရင် ဒီဆိုင်လေးကို အရောက်သွားလိုက်ပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၆၀ ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
Featured Photo : SQUID BBQ