Kwee ချန်နယ်ကို ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ်များ အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ အရသာရှိတဲ့ အစားအသောက်ကောင်းတွေ တစ်နေရာထဲမှာ ရနိုင်မယ့်အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာ့ရိုးရာ ကနုတ်ပန်း ပန်းချီတွေကို ကြည့်ရှုခံစားနိုင်မယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်ခင်ဗျ။ ဒီဆိုင်လေးကတော့ တာမွေမြို့နယ် ၊ ကြက်ဘဲဈေးအနီး ၊ သံသုမာလမ်းမကြီးပေါ်မှာ ရှိတဲ့ ကနုတ် Kanote BBQ & Food Resort  ဆိုင်လေးပဲ ဖြစ်ပါတယ်ခင်ဗျ။ဒါဆို ဒီဆိုင်လေးမှာ ဘယ်လိုထူးခြားတဲ့ အပြင်အဆင်တွေရှိမလဲ ၊ ဘယ်လိုမျိုး အထူးစပယ်ရှယ်ဟင်းပွဲတွေ ရမလဲဆိုတာ ကျွန်တော်နဲ့ အတူတူ လိုက်ပါကြည့်ရှု့ ပေးပါအုန်းခင်ဗျာ။

Kanote_Outdoor

ပထမဆုံး ဒီဆိုင်လေးကို သဘောကျတာ တစ်ခုက သီးသီးသန့်သန့်နဲ့ ဆိတ်ငြိမ်တဲ့ နေရာမှာရှိတဲ့အတွက် လွတ် လွတ်လပ်လပ်နဲ့ ထိုင်လို့ကောင်းတဲ့အပြင် ဆိုင်အရှေ့မျက်နှာစာမှာလည်း ကားရပ်ဖို့ နေရာ လုံလုံလောက်လောက် ရှိတယ်ဗျ။ ဆိုင်အပြင်အဆင်နဲ့ Decoration ကတော့  ဒီမှာ မြင်ရတဲ့အတိုင်း ကနုတ်ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဝါးတွေနဲ့ တကယ်ကို မြန်မာဆန်တဲ့ အငွေ့အသက်တွေကို အပြည့်အဝ ခံစားရတယ်။

ဆိုင်နေရာ အခင်းအကျင်းကလည်း အကျယ်ကြီးပဲ ဆိုတော့ ကွီးတို့ ဘော်ဒါတွေနဲ့ပဲ လာလာ ၊ မိသားစုနဲ့ပဲ လာလာ လုံးဝ သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် ထိုင်လို့ရတယ်။ နောက်ပြီး Ro ချင်တဲ့ ချစ်သူစုံတွဲ တွေဖြစ်ဖြစ် ၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် သီးသီးသန့်သန့်လေး ထိုင်ရတာ ကြိုက်တဲ့သူတွေအတွက် Privacy ဖြစ်တဲ့ ချစ် စရာ Bamboo House လေးတွေလည်း စီစဉ်ပေးထားတယ်။ နောက်ထပ် ဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက   အနုပညာခံစားချင်တဲ့ ကွီးတွေအတွက် မြန်မာ့ရိုးရာ ကနုတ်ပန်း ပန်းချီတွေကို ကြည့်ရှု့ ခံစားရင်း စိတ်အပန်းဖြေ လို့ ရသေးတယ်ဗျ။ တကယ်ကိုပဲ လက်ရာမြောက်တဲ့ မြန်မာ့ရိုးရာစစ်စစ် ကနုတ်ပန်း ပန်းချီတွေ ခံစားရင်း အေး အေးဆေးဆေး relax လုပ်လို့ရတယ်။

ကနုတ်_BBQ_Food_Resort_Kanote_Decoration

ဒီဆိုင်မှာ အစားအသောက်တွေကလည်း တကယ်ကို ထူးခြားတယ်။ သောက်စရာတွေထဲမှာ တိုက်ဂါး ၊ တူးပို့ နဲ့ ရွှေဘီယာ တွေအပြင် နိုင်ငံခြားဖြစ် ၊ ပြည်တွင်းဖြစ် ဝီစကီ Brand မျိုးစုံ ရတယ်ဗျ။ နောက်ပြီး စားစရာတွေ ထဲမှာ ဝါရင့် ထိုင်းစားဖိုမှုးကြီး ကိုယ်တိုင် လက်စွမ်းပြထားတဲ့ အရသာရှိဆုံး ယိုးဒယားစတိုင် ဟင်းပွဲတွေ ၊ ဒီဆိုင်ရဲ့ အထူး ဟင်းလျာဖြစ်တဲ့ နူးအိပြီး စားလို့အရမ်းကောင်းတဲ့ ပီကင်းဘဲပေါင်း ၊ ကနုတ်ရဲ့ Signature လို့ ပြောရမယ့် မာလာ အနံ့ သင်းသင်းလေးနဲ့ အရိုးလွတ် ကနုတ်စီချွမ်မာလာငါးကင် ၊ ပြီးတော့ ပင်လယ်စာအရက် သမားဟင်း ၊ ဂုတ် သားကင်သုပ် ၊ ရှူးရှဲပင်လယ် စာဗန်းကြီး ၊ မာလာရှမ်းကော ၊ ထိုင်းငပိထောင်း ၊ ယိုးဒယားငဖယ် ပြားကြော် ၊ ကြက်သားလုံးချိစ် ၊ ဝက်ခေါက် ကိုက်လန်နဲ့ တခြား အမယ်စုံတဲ့ BBQ အကင်တွေ ၊ လျှာလည်သွားစေမယ့် အရသာထူးကဲ ဟင်းပွဲတွေလည်း မျိုးစုံရှိတယ်ခင်ဗျ။ ဒီနေ့တော့ ဒီဆိုင်ရဲ့ Signature နာမည်ကြီး အထူးဟင်းပွဲ တွေကို မှာပြီး မြည်းစမ်းကြည့် ရအောင်ဗျ။

ကနုတ်_BBQ_Food_Resort_Kanote_SichuanMalarGrillFish

ကနုတ်ဆိုတာနဲ့ ငါးကင်ပါတခါတည်းတွဲသိနိုင်တဲ့ အမိုက်စား Signture မာလာငါးကင်ပါ… သူ့ရဲ့ထူးခြားချက်က အရိုးထုတ်ထားပြီးမှကင်ထားတာပါ..

ကနုတ်_BBQ_Food_Resort_Kanote_StreamedDuck

ကနုတ်ဘဲပေါင်း လေးက တရုတ်ပြည်ကလာတဲ့ ပီကင်းဘဲပေါင်းဟင်းပွဲ ဖြစ်ပါတယ်။အသားကနူးအိနေပြိီးအရမ်းစားလို့ကောင်းတဲ့ ဟင်းပွဲလေးမို့ သားသားမီးမီးတွေပါ အရမ်းကြိုက်​ကြလို့ မိသားစုနဲ့လာသုံးဆောင်ရင် အမှာများတဲ့ဟင်းပွဲ​လေးပေါ့။

ကနုတ်_BBQ_Food_Resort_Kanote_Seafoodhotplate

ဆေးဖက်ဝင်ပင်လယ်စာ ဟေ့ာပလိပ်-အနံ့အရသာထူးခြားပြီး ရှားပါးပင်လယ်စာဟင်းပွဲလေးပါ..ငရုပ်ကောင်းသီးလေးတွေအပြင်အခြားဆေးဖက်ဝင်အသီးရွက်တို့ပါဝင်တဲ့
အနံ့အရသာပြည့်စုံတဲ့ပင်လယ်စာ ဟင်းပွဲဖြစ်လို့ ကျန်းမာရေးလိုက်စားတဲ့ ကွီးတို့ မြည်စမ်းသင့်တဲ့ ဟင်းပွဲလေးပါဗျ။

ကနုတ်_BBQ_Food_Resort_Kanote_CheeseChickenFried

ကြက်သားလုံးချိစ်ဟင်းပွဲလေးက ကြွပ်ရွပြီး ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့မို့လို့ ဆွဲဆောင်မှုရှိပြီး စားကောင်းတဲ့ ဟင်းပွဲလေးဆိုလည်း မမှားပါဘူးဗျ။

ကနုတ်_BBQ_Food_Resort_Kanote_FishPasteCurry

ထိုင်းငပိထောင်း–ဒီဟင်းပွဲလေးကတော့ မြင်လိုက်တာနဲ့တင် သားရည်ယိုပြီးစားချင်စိတ်ထိန်းမရနိုင်လောက်အောင်ပါပဲ။တို့စရာလေးတွေအပြင် ငါး​ကြော်လေးနဲဘဲဥကြော်လေးပါထည့်ပေးထားတော့ပိုပြီးစုံတာပေါ့။

ကနုတ်_BBQ_Food_Resort_Kanote_CripsyPorkBelly

ကနုတ်ဝက်သုံးထပ်သား​​ကြွပ်ကြော်လေးကတော့…ကြွပ်ရွပြီး အရမ်းစားကောင်းလွန်းလို့ လစဥ်အရောင်းရဆုံး ဟင်းပွဲ ပြောရမယ်ဆိုတော့ Appetizer ရဲ့ဘုရင်ကြီးပေါ့ဗျာ။

ဒီဆိုင်လေးကို အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဆိုင်နေရာကျယ်ကျယ် ဝန်းဝန်းနဲ့ သီးသီးသန့်သန့် ရှိတဲ့အတွက် လွတ်လွတ်လပ်လပ် ၊ အေးအေးဆေးဆေး Chill လို့ကောင်းတယ် ၊ ဘော်ဒါတွေနဲ့ပဲလာလာ ၊ မိသားစုနဲ့ပဲ လာလာ ထိုင်လို့ အဆင်ပြေတယ် ၊ နောက်ပြီး ဝါရင့် စားဖိုမှူးတွေ ကိုယ်တိုင်လက်စွမ်းပြထားတဲ့ ကနုတ်ရဲ့ အထူးဟင်းပွဲ တွေရယ် ၊ ဝန်ထမ်းတွေရဲ့ ဖော်ရွေနွေးထွေးတဲ့ ဝန် ဆောင်မှုတွေရယ်နဲ့ တကယ်ကို ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုကို ရောက်သွားသလို ခံစားရမှာ သေချာပါ တယ်။ နောက်ပြီး ဒီဆိုင်မှာ Mobile Banking , DigitalPay တွေနဲ့ လည်း ရှင်းလို့ရတယ်ဆိုတော့ ဘာလိုသေးလဲဗျာ။ အေးအေးဆေးဆေး ဆိုင်ထိုင်ပြီး Relax လုပ်ချင်တဲ့ ဆိုတဲ့ကွီးတို့ကို မြန်မာ့ရိုးရာ အငွေ့အသက်တွေ ခံစားရင်း အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းနိုင်မယ့် ကနုတ် Kanote BBQ & Food Resort  ဆိုင်လေးကို ကိုယ်တိုင်လာရောက် ခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။