အသောက်တလိုင်း ၊ အစားတလိုင်း ကွီးတို့အားလုံး Happy Sunday ပါနော်။ Sunday အားလပ်ရက်လေးမှာ Bar ထိုင်ရင်း Chill ကြမယ့် ဘော်ဒါတို့အတွက် ဒီတစ်ခေါက်မှာတော့ အလုံမြို့နယ် ကမ်းနားလမ်း ပေါ်က ဆိုင်အမိုက်စားလေးတွေကို ညွှန်းပေးချင်ပါတယ်။ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး အနားယူအပန်းဖြေရင်း Chill ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုင်လေးက ကွီးတို့အကြိုက်နဲ့ထပ်တူကျစေမှာပါ။ ကဲဒါဆို ဘယ်ဆိုင်တွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်ပါ။
(၁) Big Boss Beer Pub & BBQ
Photo : Big Boss Beer Pub & BBQ
BBQ အကင် ကောင်းကောင်းလေးနဲ့ ဘီယာအေးအေးလေးကိုမှ တွဲဖက် Chill ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက်ကတော့ Big Boss Beer Pub & BBQ ဆိုင်လေး ရှိပါတယ်။ ဒီဆိုင်လေးမှာက သန့်ရှင်းသပ်ရပ်ပြီးကျယ်ဝန်းတဲ့ နေရာထိုင်ခင်းတွေ ရှိတဲ့အပြင် အရသာရှိတဲ့ အကင်တွေ ၊ အစားအသောက် Menu တွေ စုံလင်ပြီး ဈေးနှုန်းတွေကလည်း တော်တော်လေး သင့်တင့်တဲ့အထဲ ပါပါတယ်။ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေး ရွေးချယ်စရာ Drinks တွေလည်း တော်တော်စုံစုံရတယ်။ Promotion တွေလည်း တောက်လျောက်ပေးနေတဲ့အပြင် Unplugged ဖျော်ဖြေမှုအစီအစဉ်တွေ နားဆင်မလား ၊ ဘော်ဒါတွေနဲ့ World Cup ပျော်ပျော်ပါးပါး အားပေးမလား ဒီဆိုင်လေးမှာ စိတ်ကြိုက်ရွေးလို့ရတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ( ၂၀၅ ) ၊ ကမ်းနားလမ်း ( ရွှေမြို့တော်လက်ဘက်ရည်ဆိုင် ကပ်လျက် ) ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၂) Sweet Rose Restaurant
Photo : Sweet Rose Restaurant
သပ်ရပ်တဲ့အပြင်အဆင်တွေ ၊ လတ်ဆတ်တဲ့ အစားအသောက်တွေနဲ့ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် Chill လို့ကောင်းတဲ့ ဆိုင်ကို ညွှန်းပါဆိုရင် ကြည့်မြင်တိုင် ကမ်းနားလမ်းပေါ်က Sweet Rose Restaurant ကိုပဲ ညွှန်းရမှာပါပဲ။ ဒီဆိုင်လေးမှာက ညနေခင်းအချိန်တွေမှာ လေတဖြူးဖြူးနဲ့ Chill လို့ရမယ့် စိမ်းစိမ်းစိုစို Outdoor Garden ဧရိယာလေးဖန်းတီးပေးထားသလို အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူအပန်းဖြေနိုင်မယ့် Indoor Table ဝိုင်းတွေလည်း ရှိတယ်။ ဆိုင်နေရာအခင်းအကျင်းက တော်တော်ကြီးကျယ်ဝန်းတဲ့အတွက် မိသားစု Dinner စားမလား ၊ မွေးနေ့ပါတီပဲလုပ်မလား ၊ ရုံးသမားတွေအတွက် Staff ပါတီပဲ ကျင်းပမလား လုံးဝအဆင်ပြေတယ်။ တရုတ် ၊ ထိုင်း ၊ European ၊ ဂျပန်နဲ့ မြန်မာ အစားအစာတွေ အစုံရပြီး မနက်ခင်းအစားအစာတွေကနေစလို့ နေ့လည်စာနဲ့ Dinner အတွက်ပါ ဝါရင့်စားဖိုမှူးကြီးတွေရဲ့ လက်ရာတွေကို အရသာရှိရှိ မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်နဲ့အရသာရှိတဲ့ အစားအသောက်တွေ စုံလင်ပြီး ပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ Sweet Rose Restaurant ဆိုင်လေးကိုသာ အရောက်သွားလိုက်ပါ။ ဆိုင်လိပ်စာကတော့ အမှတ်(၁၀၄-၁၀၈) ၊ ကြည်မြင်တိုင် ကမ်းနားလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၃) Attica Restaurant & Bar
Photo : Attica Restaurant & Bar
နာမည်ကြီး အဆိုတော်တွေရဲ့ အမိုက်စား Live Music ဖျော်ဖြေမှု အစီအစဉ်တွေ ခံစားရင်း အေးဆေး Chill လို့ရမယ့် ဆိုင်သစ်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးက အလုံမြို့နယ် ၊ သစ်တောလမ်းနားက Attica Restaurant & Bar ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်ဖွင့်တာ လပိုင်းပဲ ရှိသေးတဲ့ အသစ်စက်စက် အမိုက်စား Bar လေး ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင် ၊ နေရာထိုင်ခင်းကတော့ လုံးဝ Luxury ဆန်ဆန် Vibe လေး။ အစားအသောက်တွေလည်း စုံတယ်။ ဘီယာ ၊ ကော့လ်တေး ၊ ဝီစကီ နှစ်သက်ရာ Drinks တွေနဲ့ တွဲဖက်သုံးဆောင်နိုင်မယ့် အရသာရှိတဲ့ အမြည်းနဲ့ ဟင်းလျာတွေ အစုံအလင်ရတယ်။ ဂီတကိုချစ်တဲ့ ကွီးတို့အတွက် အပတ်စဉ် နာမည်ကြီး အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေကလည်း လုံးဝရှယ်ပဲ။ အေးအေးဆေးဆေးထိုင်လို့ကောင်းပြီး အမိုက်စား Entertainment အစီအစဉ်တွေနဲ့ Chill ချင်ရင်တော့ Attica Restaurant & Bar က စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မှာပါ။ ဆိုင်လိပ်စာက အမှတ်(၁၇၉/၁၈၁) ၊ ကမ်းနားလမ်း (သစ်တောလမ်းအနီး) အလုံမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
Featured Photo : Sweet Rose Restaurant