ပါတီတစ်ခု ကျင်းပမယ်ဆိုရင် ကုန်ကျစရိတ် အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ ဒါပေမယ့် ပိုက်ဆံ သိန်းဆယ်ချီ အကုန်ကျခံမှ ပျော်ရွှင်ပြည့်စုံတဲ့ ပါတီပွဲတစ်ခု ဖြစ်မှာမဟုတ်ပါဘူး။ Budget နည်းနည်းနဲ့လည်း ပျော်ဖို့ကောင်းမယ့် ပါတီပွဲလေးတစ်ခု ဖန်းတီးလို့ ရနိုင်ပါတယ်။ ကဲဒါဆို ကုန်ကျစရိတ် အရမ်းမများပဲ ပျော်စရာ ပါတီ ပွဲလေးတစ်ခု ဖန်တီးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပါတီ လူစာရင်းကို ချုံ့လိုက်ပါ

ကုန်ကျစရိတ် ပျော်စရာ ပါတီ

Photo : Millennial Magazine

သေချာပါတယ် လူအများကြီးနဲ့ စည်စည်ကားကား ကျင်းပတဲ့ ပါတီတစ်ခုက အရမ်းကို ပျော်စရာကောင်းမှာပါ။ ဒါပေမယ့် Budget အများကြီးမသုံးပဲ ပျော်ဖို့ကောင်းတဲ့ ပါတီပွဲလေးတစ်ခု ဖြစ်ချင်ရင်တော့ ပါတီတက်မယ့် လူစာရင်းကို နည်းနည်းချုံ့ ဖို့လိုပါတယ်။ အဓိက ခင်မင်ရတဲ့ BFF တွေ ၊ လူရင်းတွေနဲ့ပဲ အသေးစားပါတီပွဲလေးတစ်ခု ဖန်တီးပြီး ပျော်လို့ရပါတယ်။

(၂) အိမ်မှာပဲ ပါတီလုပ်ပါ

ကုန်ကျစရိတ် ပျော်စရာ ပါတီ

Photo : YouWorkForThem

ပါတီလုပ်မယ့် နေရာကို Bar တွေ ၊ Private Room တွေ ငှားပြီးကျင်းပမယ်ဆိုရင် မှန်းထားတာထက်ပိုပြီး ငွေကုန်ကြေးကျ များသွားနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပါတီ လူစာရင်းမှာပါတဲ့ ဘော်ဒါတစ်ယောက်ယောက်ရဲ့ တိုက်ခန်း သို့မဟုတ် ခြံဝန်းလေးထဲမှာပဲ ကျင်းပလိုက်ပါ။ ကိုယ့်အိမ် ၊ ကိုယ့်နေရာမှာဖြစ်လို့ လွတ်လွတ်လပ်လပ် ပါတီပွဲကို ဆင်နွဲလို့ ရပါတယ်။ ဒါပေမယ့် ပါတီလုပ်မယ့်အကြောင်း လူကြီးတွေကို ကြိုတင်အသိပေးပါ။ အိမ်နီးနားချင်းတွေ အနှောက်ယှက်ဖြစ်ရတဲ့အထိ သောင်းကျန်းတာမျိုး မဖြစ်မိစေဖို့လည်း အိမ်ရှင်က ဂရုစိုက်ထိန်းပေးဖို့ လိုပါတယ်။

(၃) Decoration အပြင်အဆင်ကို ရှိတာနဲ့ လှအောင်ဖန်တီးပါ

ကုန်ကျစရိတ် ပျော်စရာ ပါတီ

Photo : Travel.Earth

ပါတီတစ်ခုကျင်းပတဲ့အခါ ပါတီ Theme နဲ့ Decoration အပြင်အဆင်ကလည်း မပါမဖြစ် ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါပေမယ့် အရမ်းကြီး ခမ်းခမ်းနားနား အကုန်အကျခံပြီး ပြင်ဆင်တာမျိုး မလုပ်ပါနဲ့။ အိမ်မှာရှိတဲ့ မီးလုံးလေးတွေ ၊ ပူဖောင်းလေးတွေ ၊ နံရံမှာချိတ်ဆွဲအလှဆင်လို့ရမယ့် Tapestry လေးတွေနဲ့ပဲ ပါတီအပြင်အဆင်ကို လှလှလေး ဖန်တီးလို့ ရပါတယ်။ တကယ်လို့ အရင့်အရင် ပါတီတွေမှာ သုံးခဲ့ဖူးတဲ့ Decoration အပြင်အဆင် ပစ္စည်းတွေထဲက ကောင်းနိုးရာရာ အသုံးအဆောင်လေးတွေရှိရင်လည်း ပြန်ပြီးအသုံးပြုနိုင်ပါတယ်။

(၄) အစားအသောက်ကဏ္ဍကို ဝေခွဲတာဝန်ယူပါ

ကုန်ကျစရိတ် ပျော်စရာ ပါတီ

Photo : Fashion Gone Rogue

ပါတီ အတွက် အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်တဲ့ အစားအသောက်ပိုင်းကို ဘော်ဒါတွေနဲ့ ဝေခွဲပြီး တာဝန်ယူဖို့ အကြံပေးချင်ပါတယ်။ ဥပမာ ပါတီရောက်မယ့် လူ ၁၀ ယောက်ရှိရင် တစ်ယောက်ကို တစ်မျိုးစီ စားစရာ ၊ သောက်စရာတွေ ယူလာဖို့ တာဝန်ခွဲပေးလိုက်ပါ။ အရမ်းဈေးကြီးတဲ့ Food တွေ ၊ သောက်စရာ အဖျော်ယမကာ Drink တွေထက် အားလုံးနဲ့ အဆင်ပြေမယ့် စားစရာ ၊ သောက်စရာတွေကို ညှိနှိုင်းပြီး ဘယ်သူကတော့ ဘာယူလာမယ်ဆိုတာမျိုး တိုင်ပင်လိုက်ပါ။ ဒါဆို စားသောက်စရာ ဖွယ်ဖွယ်ရာရာအစုံအလင်နဲ့ ပျော်စရာပါတီပွဲလေးတစ်ခု ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

(၅) အတီးအမှုတ် ဝါသနာရှင်တစ်ယောက်ရှာပါ

ကုန်ကျစရိတ် ပျော်စရာ ပါတီ
Photo : Pinterest

ဘော်ဒါတွေထဲမှာ ဂစ်တာ ဒါမှမဟုတ် တူရိယာတစ်ခုခု တီးတက်တဲ့အတီးအမှုတ် ဝါသနာရှင်တစ်ယောက်ပါရင်ပဲ ပါတီရဲ့ ဖျော်ဖြေးကဏ္ဍအတွက် ပြည့်စုံပါပြီ။ ပါတီ ဆိုတာ သီချင်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှ ပြည့်စုံတာပါ။ တကယ်လို့ ကိုယ့်ဘော်ဒါတွေထဲမှာ တီးတက်မှုတ်တက်တဲ့ ဂီတဝါသနာပါသူတွေ မရှိရင်လည်း Youtube ကနေ ပါတီနဲ့ လိုက်ဖက်မယ့် မြူးမြူးကြွကြွ သီချင်းလေးတွေ ဖွင့်ပြီး Chill လို့ရပါတယ်။

Featured Photo : EyeEm