ဘီယာကို ကွီးတို့တော်တော်များများ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ဆုံတဲ့အခါဖြစ်စေ၊ ညနေရုံးဆင်းလို့ တစ်နေ့တာ အမောတွေကိုပြေစေဖို့ဖြစ်စေ၊ တစ်ခွက်လောက်တော့ သောက်သုံးတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ နီးစပ်ရာမှာ ဘီယာဆိုင်ကောင်းကောင်းလေး သို့မဟုတ် ဘီယာ ဘား လေးရှာနေတယ်ဆိုရင်တော့ ကွီးတို့အတွက် ရန်ကုန်မြို့က ဘီယာ Stations တွေကိုဝေမျှပေးချင်ပါတယ်။
(၁) Mahar Restaurant And Beer Station

Photo : Mahar Restaurant And Beer Station Facebook Page
ကွီးတို့အတွက် ပထမဆုံး ဖော်ပြပေးချင်တဲ့ ဘီယာ Stations များထဲက တစ်ခုကတော့ လူငယ်တွေအတွက် အချက်အချာကျတဲ့ လှည်းတန်းမှာ ရှိတဲ့ Mahar Restaurant And Beer Station ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဘီယာအပြင် အခြားသော သောက်စရာများ၊ အရသာရှိလှတဲ့ အစားအစာမျိုးစုံကိုလည်း မြည်းစမ်းလို့ရပါသေးတယ်။ လိပ်စာကတော့ လှည်းတန်း အမှတ်၃၅ ၊ ရတနာလမ်း ၊ (၃) ရပ်ကွက်၊ ကမာရွတ်မြို့နယ် ပဲဖြစ်ပါတယ်။
(၂) Beerlogy Bar, BBQ and Restaurant

Photo : Beerlogy Bar, BBQ and Restaurant Facebook Page
နောက်ထပ်ဖော်ပြပေးချင်တဲ့ ဆိုင်လေးကတော့ Beerlogy Bar, BBQ and Restaurant ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဘီယာသောက်ရင်း၊ တေးဂီတလေးတွေခံစားရင်း ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့ကွက်တိပါပဲ။ လိပ်စာကတော့ အမှတ် ၂၆ ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။
(၃) Beer O’Clock

Photo : Beer O’Clock Facebook Page
တောင်ဥက္ကလာနဲ့ အနီးတစ်ဝိုက်က ကွီးတို့အတွက် ဘော်ဒါတွေနဲ့ ဆုံပြီး ဘီယာ လေးသောက်ရင်း Chill ချင်တယ်ဆိုရင်တော့ Beer O’Clock ဆိုတဲ့ ဘားလေးရှိပါတယ်။ ဘီယာ အပြင် ရွေးချယ်စရာတွေနဲ့ အရသာရှိတဲ့ အမြည်းတွေလည်း မြည်းစမ်းလို့ ရပါသေးတယ်။ လိပ်စာကတော့ အမှတ် ၉၂၇၊ သစ္စာလမ်း၊ ၇ ရပ်ကွက် တောင်ဥက္ကလာပဲဖြစ်ပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပါတယ်။
(၄) Asahi3 Beer Pub and BBQ

Photo : Asahi3 Beer Pub and BBQ Facebook Page
နေရာ ကျယ်ကျယ်ပြန့်ပြန်နဲ့ ဘီယာလေးသောက်ရင်း ထိုင်လို့ကောင်းတဲ့ ဆိုင်လေးရှာနေတဲ့ ကွီးတို့အတွက် Asahi3 Beer Pub and BBQ ရှိပါတယ်။ သောက်စရာအစုံအလင်နဲ့ အရသာရှိတဲ့အစားအစာတွေပါ ရပါတယ်။ လိပ်စာကတော့ အမှတ် ၈၆၂၊ ပင်လုံလမ်းနဲ့ ကျောင်းလမ်းထောင့်၊ ၃၆ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ပဲ ဖြစ်ပါတယ်။
အခု ဖော်ပြပေးလိုက်တာကတော့ ဘီယာကြိုက်တဲ့ ကွီးတို့အတွက် ဘီယာ လေးသောက်ရင်း ဘော်ဒါတွေနဲ့ Chill လို့ ကောင်းတဲ့ဆိုင်လေးတွေပဲ ဖြစ်ပါတယ်။
Featured Photo : Beerlogy Bar, BBQ and Restaurant
