မင်္ဂလာပါ ကွီးတို့ရေ။ ကွီးတို့အတွက် အမြဲတမ်း ထိုင်လို့ကောင်းတဲ့ ဘား လေးတွေ၊ အရသာရှိတဲ့ စားသောက်ဆိုင်လေးတွေကို ရှာဖွေတင်ဆက် ဝေမျှပေးနေတဲ့ အစီအစဉ်လေးကနေ ပြန်လာပါပြီ။ ဒီနေ့မှာတော့ ကွီး တို့အတွက် ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ပဲ Chill ချင်လို့ ဖြစ်စေ ၊ ချစ်သူလေးနဲ့ပဲ အေးဆေး Date ချင်လို့ ဖြစ်စေ  အဆင်ပြေပြီး ထိုင်လို့ကောင်းတဲ့ ရန်ကုန်မြို့တွင်းက ဘား အမိုက်စားလေးတွေ ကို ဝေမျှပေးချင်ပါတယ်။

Flex Cafe & Bar

ကွီး ဘား အမိုက်စားလေးတွေ

Photo : Flex Cafe & Bar

ပိတ်ရက်မှာ ဘား ထိုင်ချင်တဲ့ ကွီး တို့အတွက် ဖော်ပြပေးချင်တဲ့ ဘား အမိုက်စားလေးတွေ ထဲက တစ်ခုကတော့ ကမ်းနားလမ်းက Flex Cafe & Bar ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးက အထပ် နှစ်ထပ်ရှိတဲ့ အတွက် အောက်ထပ်မှာပဲ ဘော်ဒါတွေနဲ့ Chill မလား၊ အပေါ်ထပ်မှာပဲ ကမ်းနားလမ်းရဲ့  ညနေခင်းအလှကို ရှုစားရင်း ထိုင်မလား ဆိုတာ ကွီးတို့စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။

ဒါ့အပြင် ဆိုင်အပြင်အဆင်လေးကလည်း တကယ်ကို လှတာကြောင့် ဓာတ်ပုံလှလှ ရိုက်ချင်တဲ့ ချစ်သူလေးနဲ့ Date မယ်ဆိုရင် ရွေးချယ်လို့ကောင်းတဲ့ ဆိုင်လေးပါပဲ။ ဒီ ဘားလေးမှာ အဖျော်ယမကာတွေ၊ ကော့လ်တေးတွေ အပြင် အရသာရှိတဲ့ ဟင်းပွဲ Menu တွေလည်း ရရှိနိုင်ပါတယ်။ သီချင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် တေးဂီတ အစီအစဉ်လေးတွေလည်း ရှိပါတယ်။ လိပ်စာကတော့ ကမ်းနားလမ်း၊ ရန်ကုန်မြို့ ပဲ ဖြစ်ပါတယ်။

Sky Bar at Yangon International Hotel

ကွီး ဘား အမိုက်စားလေးတွေ

Photo : Sky Bar at Yangon International Hotel

သဘာဝ လေပြေညှင်းလေးတွေကို ခံစားပြီး ရန်ကုန်မြို့ရဲ့ အလှအပတွေကို ရှုစားရင်းနဲ့ Rooftop ဘားလေးမှာ ထိုင်ချင်တယ်ဆိုရင်တော့ Yangon International Hotel ရဲ့ Sky Bar ဘားလေးရှိပါတယ်။ နေဝင်ဆည်းဆာအလှကို ခံစားရင်း အေးဆေးဆေးဆေး ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက်လည်း အကြိုက်တွေ့ စေမဲ့ ဘား အမိုက်စားလေးပါ။

ဒီ ဘားလေးမှာ ခုလို အေးမြတဲ့ ရာသီဥတုလေးမှာ ဘီယာလေးသောက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးရင်းနဲ့ နွေးထွေးမှုကို Rooftop ခံစားနိုင်မဲ့ ဘားလေးပါပဲ။ အနေအထားကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ တကယ်ကို အဆင်ပြေပါတယ်။ လိပ်စာကတော့ အမှတ် (၃၃၀) ၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ Yangon International Hotel Roof Top၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Esperado Rooftop Bar

bar

Photo : Esperado Rooftop Bar

မဆိုစလောက်လေး ချမ်းအေးလာတဲ့ ရန်ကုန်ဆောင်းလေးမှာ အဖျော်ယမကာလေး သောက်ရင်း နွေး‌ထွေးချင်တဲ့ ကွီး တို့အတွက် ဝေမျှပေးချင်တဲ့ ရန်ကုန်မြို့တွင်းက ဘား အမိုက်စားလေးတွေ ထဲက တစ်ခုကတော့ Esperado Rooftop Bar ပဲ ဖြစ်ပါတယ်။ ဒီဘား‌လေးကလည်း ညနေ နေဝင်ဆည်းဆာနဲ့ ကန်တော်ကြီးရဲ့ အလှအပကို ကြည့်ရှုခံစားနိုင်တဲ့ Rooftop ဘားလေးပဲ ဖြစ်ပါတယ်။

အဖျော်ယမကာများနဲ့ အရသာ ရှိတဲ့ အစားအ‌သောက် မျိုးစုံကိုလည်း ဒီဘားလေးမှာ သုံးဆောင်လို့ရပါတယ်။ ဒါ့အပြင် DJ အစီအစဉ်လည်းရှိတော့ မြူးကြွတဲ့ သံစဉ်တွေနဲ့ ဘားထိုင်ချင်တဲ့ ကွီးတို့အတွက်တော့ တကယ်ကို ရွေးချယ်ရမဲ့ ဘားလေးပါပဲ။ လိပ်စာကတော့ Esperado Lake View Hotel၊ အမှတ် (၂၃) ၊ ကန်ရိပ်သာလမ်း ၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Flex Café & Bar