ခေါက်ဆွဲ စာများ စားရတာ နှစ်သက်တဲ့ ကွီး တို့အတွက် ရန်ကုန် မြို့တွင်းရှိ အကောင်းဆုံး စားသောက်ဆိုင်များအကြောင်း ညွှန်းပေးချင်ပါတယ်။

ထို ခေါက်ဆွဲ ဆိုင်များသည် ကွီး တို့ ဗိုက်ဆာလာတဲ့အခါ အလွယ်တကူသွားရောက်စားသောက်နိုင်တဲ့ ရန်ကုန် မြို့ရှိ အချက်အချာကျတဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။

999 Shan Noodle House

ခေါက်ဆွဲ ကွီး ရန်ကုန်

Photo: TasteAtlas

ဒီဆိုင်လေးကတော့ ရှမ်းဆိုင်ဖြစ်ပါတယ်။ သူကတော့ ၃၄ လမ်းမှာ တည်ရှိတာဖြစ်ပြီး ရှမ်အစားအစာများအပြင် အခြားသော ရိုးရာအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ရှမ်းခေါက်ဆွဲကို အရည်နဲ့လည်း စားသုံးနိုင်ပြီး လက်ဖက်ရည်တွေကလည်း ရှယ်ကောင်းပါတယ်။ ဒါတင်မကသေးပါဘူး။

ခေါက်ဆွဲ ကွီး ရန်ကုန်

Photo: Tripadvisor

ဝက်ဂုတ်သားကင်တို့ကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ည ၇ နာရီအထိဖြစ်ပါတယ်။ သားသတ်လွတ်သမားများလည်း စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

Shan Kitchen

ခေါက်ဆွဲ ကွီး ရန်ကုန်

Photo: Tripadvisor

ဒုတိယတစ်ဆိုင်ကတော့ နဝဒေးလမ်း၊ ဒဂုံမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၈ နာရီကနေ ည ၉ နာရီအထိဖြစ်ပါတယ်။ အစားအစာများက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ ဈေးနှုန်းတွေကတော့ ၂ ဒေါ်လာကနေ ၈ ဒေါ်လာအထိ အစားစားရှိပါတယ်။

ခေါက်ဆွဲဖြင့် ပြုလုပ်ထားတဲ့ အစားအစာများအပြင် ဟင်းထုပ်၊ အသုပ်စုံ၊ အကြော်စုံများ၊ ကြက်ဆီထမင်း စတဲ့ အရသာရှိတဲ့အစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။

Mandalay Restaurant

ခေါက်ဆွဲ ကွီး ရန်ကုန်

Photo: Tripadvisor

ရန်ကုန်မြို့တွင်းမှာ တည်ရှိတဲ့ Mandalay Restaurant ဖြစ်ပါတယ်။ အတိအကျဆိုရင်တော့ တော်ဝင်လမ်း၊ ဒဂုံမြို့နယ် Belmond Governor’s Residence မှာ တည်ရှိတာဖြစ်ပါတ်ယ။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

ခမ်းနားလှပတဲ့ ဆိုင်အပြင်အဆင်များဖြင့် ပြင်ဆင်ထားတဲ့အပြင် အစားအစာများကလည်း အရသာထူးကဲကောင်းမွန်ပါတယ်။ အစားအစာဈေးနှုန်းများကတော့ ဒေါ်လာ ၁၀ ကနေ ၇၂ ဒေါ်လာအထိရှိပါတယ်။ ရရှိနိုင်တဲ့ အစားအစာများကတော့ မြန်မာရိုးရာအစားအစာများအပြင် ဥရောပအစားအစာနှင့် အာရှအစားအစာမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ခေါက်ဆွဲ စာများ ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက်တော့ ရန်ကုန် မြို့တွင်းရှိ နတ်ဘုံနတ်နန်းတစ်ခုလိုပါပဲ။

Shan Yoe Yar

noodles restaurant in Yangon

Photo: Tripadvisor

နောက်ထပ် အမိုက်စားဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူကတော့ ဝါးတန်းလမ်း၊ လမ်းမတော်ပေါ်မှာ တည်ရှိတာဖြစ်ပြီး ရှမ်းရိုးရာဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ အစားအစာများကလည်း နာမည်ကြီးပြီး Plating လေးတွေကလည်း နှစ်လိုဖွယ်ကောင်းကာ သန့်ရှင်းသပ်ရပ်မှုကို အလေးပေးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ရှမ်းစာများအပြင် အချိုပွဲများနှင့်လည်း တည်ခံဧည့်ခံပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

Signature Fine Dining And The Garden Bistro

noodles restaurant in Yangon

Photo: MYANMORE

Fine Dining ပုံစံမျိုးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဒီဆိုင်လေးကို ညွှန်းချင်ပါတယ်။ သူကတော့ ကန်တော်ကြီး ကန်ပက်လမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ မြန်မာအစားအစာများအပြင်၊ အာရှအစားအစာ၊ ဥရောပအစားအစာများနှင့် အခြားသော နိုင်ငံတကာအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၇ နာရီကနေ ည ၁၁ နာရီအထိဖြစ်တဲ့အတွက်ကြောင့် မနက်စာပဲစားစား၊ နေ့လည်စာပဲစားစား၊ ညစာပဲဖြစ်ဖြစ် သွားရောက်စားသုံးနိုင်ပါတယ်။

အခုဖော်ပြပေးတဲ့ ဆိုင်များကို ကွီးတို့အားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Tripadvisor

Featured Image: Bestpricetravel