ကွီးတို့က ဘားတွေ ဘီယာဆိုင်တွေ သွားတဲ့အခါ တားဆီးပိတ်ပင်တာမျိုးမဟုတ်ဘဲ အတူတူ အဖော်လိုက်ပေးတဲ့ ချစ်သူကောင်မလေးမျိုး ပိုင်ဆိုင်ထားပါသလား။ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ အေးအေးလူလူ ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ရိုမန့်တစ်ဆန်တဲ့ ဘား များကို ရွေးချယ်ထားပါတယ်။

ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပြီး ဘီယာနဲ့ ကော့တေးများ အဝသောက်ဖို့အတွက် ကြံရွယ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဘားတွေမှာ သွားထိုင်သင့်ပါတယ်။

HIGH BAR

ချစ်သူ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ အောက်တိုဘာလတစ်လလုံးမှာ အမိုက်စား ပရိုမိုးရှင်းတွေ ချပေးနေတာဖြစ်တာကြောင့် လက်မလွတ်တမ်း သွားရောက်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁၂၉၈)၊ ပင်လုံလမ်းမကြီး၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။

Dj ၊ Unplugged ၊ Music Band တွေရဲ့ အမိုက်စား ဖျောက်ဖြေတင်ဆက်မှုများကြောင့်လည်း စိတ်ကျေနပ်မှု ရရှိစေမှာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးနဲ့ ဘား သွားထိုင်လို့ အကောင်းဆုံးအချိန်တွေနဲ့ နေ့ရက်တွေကတော့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီအထိ လာရောက်မယ်ဆိုရင် Draught Beer ကို Buy 2, Get 1 Free ရမှာပါ။ ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီအထိကို Draught Beer ကို Buy 3, Get 1 Free ရရှိမှာဖြစ်ပါတယ်။

နောက်ထပ် အစီအစဥ်ကောင်းတစ်ခုကတော့ အောက်တိုဘာလ ၁ ရက်ကနေ့က ၃၁ ရက်နေ့အထိကို Corona Beer  ပရိုမိုးရှင်းလည်း ရှိပါသေးတယ်။ ပုံမှန် ၅၀၀၀ ကျပ် ကုန်ကျမယ့် ဘီယာကို ၃၀၀၀ ကျပ်တည်းနဲ့ မှာယူသောက်သုံးနိုင်မှာပဲဖြစ်ပါတယ်။

CITI – Bar & Restaurant

ချစ်သူ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် ၁၁၁၃ (ခ) ၊ သစ္စာလမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ကိုယ့် ကောင်မလေး နဲ့ အတူတူ ဘီယာအေးအေးလေးသောက်ရင်း အကင်နွေးနွေးလေးနဲ့ အမြည်းတွဲစားချင်သူများအတွက် ဒီ ဘား နှင့် စားသောက်ဆိုင်သို့ သွားရောက်သင့်ပါတယ်။

ချစ်သူ ဘား

Photo: Facebook

ကွီးတို့ကောင်မလေးက ဘာသောက်ရင်ကောင်းမလဲဆိုပြီး ရွေးရခက်နေတယ်ဆိုရင်ေတာ့ ဆိုင်ရဲ့ Signature Cocktail တစ်ခွက်ဖြစ်တဲ့ Taki Taka ကိုသာ ရွေးချယ်ပေးလိုက်ပါ။ ဒါ့အပြင် အမြည်းထဲမှာ နာမည်အကြီးဆုံးကတော့ ဝက်ဂုတ်သားကင် လက်ဖက်နှပ်ပဲဖြစ်ပါတယ်။ ဒါတင်မကေသးပါဘူး၊ အခြားသော အကင်မျိုးစုံ၊ ကော့တေးမျိုးစုံ၊ ဘီယာမျိုးစုံကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပါသေးတယ်။

Dream 21 Pool & Bar

Dream 21 Pool & Bar

Photo: Facebook

ကိုယ့် ချစ်သူ ကောင်မလေးနဲ့ တန်ဖိုးရှိတဲ့အချိန်လေးကို အပန်းဖြေရင်း အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့ ဒီ ဘား ကို ရွေးချယ်သင့်ပါတယ်။ ဒီနေရာလေးကတော့ ရေကူးရင်း ပျော်ပျော်ပါးပါး စားသောက်လို့ရတဲ့ နေရာလေးပဲဖြစ်ပါတယ်။ ဘော်ဒါတွေ အုပ်စုလိုက်ကြီး သွားမယ်ဆိုလည်း ပျော်ဖို့ကောင်းမှာပဲဖြစ်ပါတယ်။

Dream 21 Pool & Bar

Photo: Facebook

တည်နေရာကတော့ အမှတ် ၂၂/၂၃၊ လယ်ယာ (၄) လမ်း၊ (၁၀) မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ပရိုမိုးရှင်းအစီအစဥ်တစ်ခုရှိပါသေးတယ်။ 2+1 Promotion  လို့ နာမည်ပေးထားတာကတော့ ၂ ခွက်ပြည့်တိုင်း ၁ ခွက်လက်ဆောင်ရရှိမယ့် အစီအစဥ်ပဲဖြစ်ပါတယ်။ ဒ့ါအပြင် Buy 1 Tower – ဟင်းပွဲ (၁) ပွဲ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ Cocktail 2+1 Promotion (ကော့တေး ၂ ခွက်ပြည့်တိုင်း ၁ ခွက် လက်ဆောင်) ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းပွဲ မှာယူမှု ၅၀၀၀၀ ကျပ်ဖိုးပြည့်တိုင်း သစ်သီး ၁ ပွဲ လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးကတော့ အောက်တိုဘာလ ၇ ရက်နေ့အထိပဲဖြစ်တာကြောင့် မြန်မြန်သွားမှ အချိန်မီမှာနော်။

ရေကူးကန်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီအထိဖြစ်ပြီး နေ့စဥ်ပိတ်ရက်မရှိ ဖွင့်ပါတယ်။ ရေကူးကန်ကြေးကတော့ လူကြီး ၅၀၀၀ ကျပ်နှင့် ကလေး ၃၀၀ ကျပ် ဖြစ်ပါတယ်။ ရေမကူးဘူးဆိုရင်တော့ ကန်ကြေး ပေးစရာမလိုပါဘူး။

Featured Image: Myanmore