မိမိအိမ် ခြံဝန်း ထဲမှာပဲ ဒင်နာပါတီပွဲ ကျင်းပချင်တဲ့ ကွီးတို့အတွက် အိုင်ဒီယာကောင်းများရှိပါတယ်။ ထိုအိုင်ဒီယာကောင်းများကို အသုံးချမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခြံဝန်း ထဲက ဒင်နာပါတီပွဲ လေးသည် ပျော်စရာအတိပြီးမှာဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အိုင်ဒီယာကောင်းများကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဘယ်လို Decoration မျိုးကို စဥ်းစားထားသလဲ

dinner party at yard

မြက်ခင်းပြင်ပေါ်မှာ ပျော်ပွဲစားထွက်သလိုမျိုး ပြင်ဆင်ချင်တာလား။ ဒါမှမဟုတ် စားပွဲခုံများ၊ ထိုင်ခုံများဖြင့် ကျကျနန ပြင်ဆင်ကာ ဒင်နာပါတီပွဲ ကျင်းပချင်တာလား။ ကွီးတို့စိတ်ထဲက Decoration ပုံစံမျိုးကို အရင်စဥ်းစားထားကြည့်လိုက်ပါ။ နောက်မှ လိုအပ်တဲ့ ပစ္စည်းများကို ရှာဖွေကာ ပါတီပွဲအတွက် ပြင်ဆင်နိုင်ပါတယ်။

အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ပါ

dinner party at yard

အသုံးအဆောင် ပစ္စည်းများဆိုရာမှာ ပန်းကန်၊ ဇွန်း၊ ခက်ရင်းများကအစ စားပွဲခင်းများအဆုံး လိုအပ်တဲ့ ပစ္စည်း ပစ္စယများကို ဆိုလိုပါတယ်။ အသုံးအဆောင်ပစ္စည်းတိုင်းက တစ်ခုနှင့် တစ်ခု လိုက်ဖက်နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သို့သော် တစ်ခုနဲ့ တစ်ခု မလိုက်ဖက်လို့ဆိုပြီးလည်း စိတ်ညစ်မနေပါနှင့်။ ကိုယ့်မှာရှိတဲ့ ပစ္စည်း ပစ္စယများနှင့် အကောင်းဆုံး ပြင်ဆင်နိုင်ပါတယ်။ အဓိကက အိုင်ဒီယာကောင်းကောင်းနဲ့ သေသေချာချာ ပြင်ဆင်တတ်ဖို့ပါပဲ။

သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံများကို ရွေးချယ်ပါ

ခြံဝန်း ဒင်နာပါတီပွဲ

မြက်ခင်းစိမ်းပေါ်မှာပဲ ထိုင်ထိုင်၊ ထိုင်ခုံပေါ်မှာပဲ ထိုင်ထိုင် ပါတီပွဲသည် အချိန်အကြာကြီးနှင့် ပျော်ပျော်ပါးပါး ကျင်းပကြမှာဖြစ်တဲ့အတွက်ကြောင့် ထိုင်ရတာ သက်သောင့်သက်သာဖြစ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဒါမှသာလျှင် ထိုပါတီပွဲမှာ စိတ်လွတ်လက်လွတ်နှင့် အပျော်ကြီး ပျော်နိုင်မှာဖြစ်ပါတယ်။

အလေအလွင့်နည်းပါးအောင် ပြုလုပ်ပါ

ခြံဝန်း ဒင်နာပါတီပွဲ

ခြံဝန်း ထဲမှာ ဒင်နာပါတီပွဲ တစ်ခါကျင်းပရင် ပြင်ဆင်ရတာလည်း များသလို၊ ပါတီပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ပြန်လည်သိမ်းဆည်းရမယ့်ပစ္စည်း ပစ္စယတွေကလည်း များပြားပါတယ်။ ဒါ့အပြင် အစားအစာများ မကုန်ဘဲ လွှင့်ပစ်ရတဲ့အခါ ဝယ်ရတဲ့ ပိုက်ဆံသာ ကုန်ပြီး ပတ်ဝန်းကျင်အတွက်လည်း အလေအလွှင့်များပြားလှပါတယ်။ ဒါ့ကြောင့် ပါတီပွဲ ပြီးတဲ့နောက်မှာ တတ်နိုင်သမျှ အလေအလွင့်နည်းပါးအောင် ပြုလုပ်ပါ။ ပါတီပွဲ ပြင်ဆင်တဲ့အခါမှာလည်း အပိုအလိုမရှိ ပြင်ဆင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ထိုအချက်တွေကြောင့်လည်း ပါတီပွဲဖိတ်တိုင်း RSVP ဆိုတဲ့ ပါတီပွဲ တက်ရောက်နိုင်၊ မတက်ရောက်နိုင် အကြောင်းပြန်ခိုင်းရခြင်းဖြစ်ပါတယ်။

ကိုယ်တိုင်ဖျော်စပ်နိုင်တဲ့ ဘားကောင်တာတစ်ခု ဖန်တီးပါ

ခြံဝန်း ဒင်နာပါတီပွဲ

အချို့လူတွေက လက်တည့်စမ်းရတာ ကြိုက်နှစ်သက်ကြပါတယ်။ ထိုကဲ့သို့ လက်တည့်စမ်းချင်သူများအတွက် ကိုယ်တိုင်ဖျော်စပ်နိုင်တဲ့ ဘားကောင်တာတစ်ခု ဖန်တီးပေးနိုင်ပါတယ်။ ကော့တေး ဖျော်စပ်ဖို့ရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများအားလုံး ပြင်ဆင်ပေးထားလိုက်ပါ။ မဖျော်တတ်တဲ့သူတွေအတွက်လည်း ကော့တေး ဖျော်စပ်နည်းကို ပရင့်ထုတ်ထားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ပါတီပွဲက ပိုမိုအသက်ဝင်ပြီး ပျော်ရွှင်ဖွယ်ကောင်းလာမှာဖြစ်ပါတယ်။

Source: Realsimple

Featured Image: Luxuriousmagazine