အေးမြတဲ့ ဆောင်းရာသီ အချိန်အခါဟာ ရာသီဥတုအခြေအနေအရလည်း သိပ်ကိုနေလို့ထိုင်လို့ကောင်းတဲ့ လတစ်လဖြစ်သလို အားလပ်ရက်တွေလည်း များတဲ့အတွက် မိသားစု ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပါတီပွဲလေးတွေ ကျင်းပဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆောင်းရာသီ ကာလတွေ နဲ့ အလိုက်ဖက်ဆုံး ပါတီအိုင်ဒီယာ လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မီးပုံပွဲ ပါတီ

Photo : POPSUGAR UK

မီးပုံပွဲပါတီ လေးကတော့ အေးချမ်းတဲ့ ဆောင်းရာသီ အချိန်အခါလေးနဲ့ အလိုက်ဖက်ဆုံး ပါတီအိုင်ဒီယာ လေးတစ်ခု ဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ် မီးပုံပွဲလေး နဘေးမှာ ဝိုင်းဖွဲ့ပြီး အရသာရှိတဲ့ အစားအသောက်တွေ တည်းခင်းရင်း သီချင်းတွေဆိုတာ ၊ ဂိမ်းတွေကစားတာ စသည်ဖြင့် ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။

(၂) 80’s Disco ပါတီ

Photo : Secret NYC

ခေတ်ဟောင်းအငွေ့အသက်တွေကို ပြန်လည်ခံစားစီးမြောနိုင်မယ့် ပါတီအိုင်ဒီယာ လေးတစ်ခုဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ အကောင်းဆုံး ဖြစ်ပါတယ်။ ခေတ်ဟောင်းအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ပါတီအပြင်အဆင်တွေနဲ့အတူ ၈၀ ခုနှစ်ကာလတွေမှာ ခေတ်စားခဲ့တဲ့ ဖက်ရှင်စတိုင်တွေ ၊ ခေတ်ဟောင်းကာလရဲ့ အကျော်ကြားဆုံး မြူးကြွတဲ့ တေးသီချင်းတွေနဲ့ ပါတီပွဲလေးကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပလို့ရပါတယ်။

(၃) ကော့လ်တေးပါတီ

Photo : Adobe Stock

အသောက်တလိုင်း ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် ပါတီအိုင်ဒီယာ လေးတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီ အားလပ်ရက်နဲ့ ရုံးပိတ်ရက်တွေမှာ ကျင်းပလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ကော့လ်တေး Drinks တွေ ကိုယ်တိုင်လက်စွမ်းပြဖျော်စပ်ပြီး အရသာရှိတဲ့ အစားအသောက်တွေနဲ့အတူတူ တည်ခင်းလို့ရပါတယ်။ အလုပ်နားရက်မှာ အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ ကော့လ်တေးပါတီ ပွဲလေးက အကောင်းဆုံး ဖြစ်ပါတယ်။

Featured Photo : Turner’s Pies