ဇန်နဝါရီလ ဟာ နှစ်တစ်နှစ်ရဲ့အစ ပထမဦးဆုံး လတစ်လဖြစ်တဲ့အပြင် ဆောင်းအငွေ့အသက်တွေနဲ့ ရာသီဥတု သာယာလှပတဲ့ ကာလအပိုင်းအခြားတစ်ခု ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ ပါတီပွဲတွေ ၊ မိသားစု ပျော်ပွဲရွှင်ပွဲတွေနဲ့ ပွဲအခမ်းအနားတွေကို ကျင်းပလို့ အကောင်းဆုံးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဇန်နဝါရီလ ထဲမှာကျင်းပလို့ အလိုက်ဖက်ဆုံး ပါတီအိုင်ဒီယာ လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) Pet ပါတီအိုင်ဒီယာ

ပါတီအိုင်ဒီယာ
Photo : Female First

ဇန်နဝါရီလ ၁၄ ရက်နေ့ဟာ တိရစ္ဆာန်ချစ်သူတွေအတွက် ကိုယ့်ရဲ့ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ အာဝုလေးတွေ ၊ မြောင်လေးတွေကို ဝတ်စုံလှလှလေးတွေ ဆင်မြည်းပေးကာ ပါတီကျင်းပရတဲ့ နေ့ရက်လေး ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ချစ်ရတဲ့ သားသားမီးမီး Pet လေးတွေကို ချစ်စရာကောင်းပြီး လှပတဲ့ ဝတ်စုံလေးတွေနဲ့ ပါတီပွဲလေးကို ကျင်းပနိုင်ပါတယ်။ သူငယ်ချင်းတွေထဲက တိချစ်သူတွေကိုလည်း ပါတီကိုဖိတ်ခေါ်ပြီး သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့အတူ Pet ပါတီပွဲလေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။

(၂) ရုပ်ရှင် ပါတီအိုင်ဒီယာ

ပါတီအိုင်ဒီယာ

Photo : Freda Salvador

လာမယ့် ဇန်နီဝါရီလ ၁၉ ရက်နေ့ဟာ Popcorn Day ဖြစ်ပါတယ်။ ဒီနေ့လေးဟာ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေနဲ့အတူ နေအိမ် သို့မဟုတ် ခြံဝန်းလေးထဲမှာပဲ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ Movie Night ပါတီလေး ဆင်နွဲဖို့ အကောင်းဆုံးဖြစ်ပါတယ်။ မိသားစုတွေ ၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့အတူ စားသောက်စရာတွေ တည်ခင်းရင်း Movie ပါတီလေးကို အမှတ်တရဖြစ်ဖွယ် ဖြတ်သန်းလိုက်ပါ။

(၃) Dance ပါတီအိုင်ဒီယာ

ပါတီအိုင်ဒီယာ

Photo : BuzzFeed

လူငယ်ပိုင်းတွေအတွက် ပျော်စရာအကောင်းဆုံး ပါတီအိုင်ဒီယာလေးတစ်ခုပါ။ Dance ပါတီပွဲလေးက ဇန်နဝါရီလထဲမှာ ကျင်းပလို့အလိုက်ဖက်ဆုံး ပါတီအိုင်ဒီယာလေး ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ မြူးကြွတဲ့ ဂီတသံစဉ်တွေနဲ့ ကခုန်ရင်း ပါတီပွဲလေးကို အပျော်ရွှင်ဆုံး ဆင်နွဲနိုင်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ဟာလည်း National DJ Day (Disc Jockey Day) ဖြစ်ပါတယ်။

(၄) ဝိုင်နဲ့ ချိစ့် (Cheese) ပါတီအိုင်ဒီယာ

ပါတီအိုင်ဒီယာ

Photo : Candles And Favors

ဝိုင်ကောင်းကောင်းနဲ့ ချိစ့်(Cheese) အတွဲအစပ်ကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ပါတယ်။ ဒီလို အတွဲအစပ်ညီတဲ့ အစားအသောက် ၂ မျိုးကို တွဲဖက်သုံးဆောင်ရင်း လောကရဲ့ စည်းစိမ်ကို ခံစားနိုင်မယ့် ပါတီအိုင်ဒီယာ လေးကတော့ ဝိုင်နဲ့ ချိစ့် (Cheese) ပါတီလေးပဲ ဖြစ်ပါတယ်။ ချစ်ရသူတွေ ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ အတူတူ ဝိုင်နဲ့ ချိစ့် (Cheese) ပါတီလေးကို အတူတူ စီးမြောခံစားရင်း ဖြတ်သန်းလို့ရပါတယ်။

Featured Photo : Forbes