ကမ္ဘာတစ်ဝန်းမှာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညမှာ နှစ်သစ် ကို ကြိုဆိုတဲ့ အနေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းကြပါတယ်။ ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်စေ၊ မိသားစုနဲ့ပဲ ဖြစ်စေ နည်းမျိုးစုံနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အခိုက်အတန့်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အိမ်မှာပဲ နှစ်သစ်ကို ပျော်ပျော်ပါးပါး ကြိုဆို ချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။

New Year Theme ကို ဖန်တီးပါ

အိမ်မှာပဲ နှစ်သစ်ကို ကြိုဆို

Photo : CherishX

အိမ်မှာပဲ နှစ်သစ်ကို ကြိုဆိုချင်တဲ့ ကွီးတို့အတွက် New Year နဲ့ လိုက်ဖက်တဲ့ Decoration ကို ပြင်ဆင်လိုက်ပါ။ ရောင်စုံ ပူဖောင်းလေးတွေ၊ အလှဆင်မီးလုံးလေးတွေ အပြင် နေရာထိုင်ခင်းကိုလည်း ပြင်ဆင်ပါ။ ခရစ္စမတ်တုန်းက အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်၊ အခြားသော အလှဆင်ထားတဲ့ အရာလေးတွေနဲ့လည်း ကွီးတို့စိတ်ကြိုက် ပြန်လည် ပြင်ဆင်လို့ရပါတယ်။ ဒီလို အလှဆင်ပြင်ဆင်ရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပြီး ပျော်ရွှင်ကြည်နူးမှုကိုလည်း ခံစားနိုင်ပါတယ်။

အစားအသောက်များကို ပြင်ဆင်ပါ

အိမ်မှာပဲ နှစ်သစ်ကို ကြိုဆို

Photo : Luxury Lifestyle Magazine

ကွီးတို့ရေ New Year ညလေးမှာ ချစ်ရသူတွေနဲ့ အတူတူ သုံးဆောင်ဖို့ အစားအသောက်တွေကို ပြင်ဆင်ဖို့လိုပါတယ်။ ဒီလို ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အစားအသောက်များကို ရွေးချယ်ပါ။ အချိုပွဲများ ထည့်သွင်းဖို့လည်း မမေ့ပါနဲ့။ အကယ်၍ ကွီးတို့က မိတ်ဆွေသူငယ်ချင်းတွေကို ပါ ဖိတ်ကြားမယ်ဆိုရင်တော့ အစားအစာများကို လုံလုံလောက်လောက် ပြင်ဆင်ပါ။

အဖျော်ယမကာများကို ပြင်ဆင်ပါ

အိမ်မှာပဲ နှစ်သစ်ကို ကြိုဆို

Photo : The Bespoke Black Book

အိမ်မှာပဲ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆို ချင်တဲ့ ကွီးတို့အတွက် မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ဖို့ အစားအစာများ အပြင် New Year’s Eve နဲ့ လိုက်ဖက်တဲ့ အဖျော်ယမကာများလည်း လိုအပ်ပါတယ်။ နှစ်သစ်ကူးအကြိုအတွက် ပျော်ရွှင်စရာ အချိန်လေးတွေမှာ အဖျော်ယမကာများနဲ့ ကော့လ်တေးများက တကယ်ကို လိုက်ဖက်ပြီး ပိုမို ခမ်းနားစေပြီး အသက်ဝင်စေမှာ အသေအချာပါပဲ။ ဒါ့အပြင် နှစ်သစ်ကူး အချိန်အခါသမယနဲ့ လိုက်ဖက်တဲ့ ရှန်ပိန်ကိုလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။

New Year Eve’s နဲ့ လိုက်ဖက်တဲ့ သီချင်းလေးများကို ပြင်ဆင်ပါ

new year party

Photo : The Lodge at Indian Lake

ကွီးတို့ အိမ်မှာပဲ နှစ်သစ်ကို ပိုပြီး မြူးမြူးကြွကြွနဲ့ ကြိုဆိုချင်တယ်ဆိုရင် သီချင်းတွေက ကူညီပေးပါလိမ့်မယ်။ သာယာတဲ့ New Year သီချင်းလေးတွေ၊ ဂီတသံစဉ်လေးတွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုရတာလည်း တကယ်ကို ကြည်နူးပျော်ရွှင်စေပါတယ်။ ဒါကြောင့် New Year’s Eve နဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေတွေကို ကြိုတင်ရွေးချယ်ထားပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော အိမ်မှာပဲ မိသားစုနဲ့ ဖြစ်စေ၊ ဆွေမျိုးအပေါင်းနဲ့ ဖြစ်စေ၊ နှစ်သစ်ကူး အခိုက်အတန့်လေးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ ချစ်ခင်ရသူတွေနဲ့ အတူ နှစ်သစ်ကူးညလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

Featured Photo : Venue