အစားအသောက်ကောင်းကောင်းအတွက် ပိုက်ဆံအများကြီး သုံးဖို့ မလိုပါဘူး။ Budget တန်းနဲ့ အရသာရှိလှတဲ့ ဟင်းလျာတွေကို တည်ခင်းရောင်းချနေကြတဲ့ စားသောက်ဆိုင်တွေမှ အများကြီးပါပဲ။ ဒီတစ်ခေါက်တော့ စင်ကာပူ မှာရှိတဲ့ ဈေးသင့်သင့်နဲ့ အရသာကောင်းတဲ့ စားသောက်ဆိုင် တချို့အကြောင်း တင်ဆက်ပေးသွားမှာပါ။

(၁) Tipo Pasta Bar

Tipo-Pasta-Bar-Ambience

Photo : eatbook

လတ်ဆတ်တဲ့ လက်ညှစ် ပါစတာစားချင်ရင် Tipo Pasta Bar ကို သွားဖို့ ညွှန်းကြပါတယ်။ ဈေးနှုန်းအနေနဲ့ အထူးမီနူးမှ ၁၅ ဒေါ်လာကျော် ရှိပြီး ၉.၉ ဒေါ်လာကနေ စပြီး ပါစတာကောင်းကောင်း မှာယူနိုင်ပါတယ်။ လိပ်စာကတော့ 785 North Bridge Road, Singapore 198753 ဖြစ်ပါတယ်။

(၂) Omurice Keisuke

Omurice Keisuke

Photo : keisuke

ဈေးသက်သက်သာသာနဲ့ ဂျပန်ရိုးရာစာကောင်းကောင်းရနိုင်တဲ့ နေရာတစ်ခုက Omurice Keisuke ဖြစ်ပါတယ်။ ဂျပန်စတိုင် ကြက်ဥလိပ်ကြော်က အရသာရှိပြီး အနှစ်ပါလို့ လူကြိုက်များကြပါတယ်။ ထမင်းကြော်ကြက်ဥလိပ်ကို ၉.၉၀ ဒေါ်လာရှိပြီး ပါစတာနဲ့ ဟင်းရံအတွက်ဆို နောက်ထပ် ၃ ဒေါ်လာပဲ ကျသင့်မှာပါ။ လိပ်စာက #04-01, Bugis+, 201 Victoria Street, Singapore 188067 ဖြစ်ပါတယ်။

(၃) PocoLoco

Affordable-Restaurants-in-Singapore-PocoLoco

Photo : thehoneycombers

အီတလီအစားအသောက်တွေကို ဈေးသက်သက်သာသာနဲ့ စားနိုင်မယ့် ဆိုင်ဖြစ်ပါတယ်။ အစားအသောက်ကောင်းလို့ နာမည်ကြီးတဲ့အပြင် လတ်ဆတ်တဲ့ Handmade Gnocchi တွေကလည်း ဈေးသက်သာလှတယ်လို့ ဆိုပါတယ်။ လိပ်စာကတော့ 215 Upper Thomson Road, Singapore 574349 ဖြစ်ပါတယ်။

(၄) 49 Seats

49 Seats

Photo : thehoneycombers

Centrepoint နောက်ကျောမှာ ရှိတဲ့ 49 Seats ကတော့ ညစာကို ဈေးချိုချို အရသာရှိရှိ စားသောက်နိုင်မယ့် နေရာအဖြစ် ကျော်ကြားပါတယ်။ မီနူးအများစုက ၁၅ ဒေါ်လာအောက်ဖြစ်ပြီး ဟင်းပွဲကြီး ၊ စွပ်ပြုတ်နဲ့ သောက်စရာတစ်ခုခုကို ၁၄.၉၀ ဒေါ်လာနဲ့ စားသုံးနိုင်မှာပါ။ Service Charge မကောင်းတာကလည်း ဒီဆိုင်ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ #01-49, The Centrepoint, 176 Orchard Road, Singapore 238843 ဖြစ်ပါတယ်။

Featured Photo : eatbook