ပါတီ ပွဲတစ်ခု စီစဉ်ကျင်းပရတာ ပျော်စရာကောင်းတယ်ဆိုပေမဲ့ အပွဲအစကနေအဆုံး တာဝန်ယူပြင်ဆင်ရတဲ့ အလုပ်က မလွယ်ကူတာတော့ အမှန်ပါ။ ပါတီလက်ခံကျင်းပမဲ့ စီစဉ်သူ တစ်ယောက်အနေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲတစ်ခု အောင်အောင်မြင်မြင် ကျင်းပပြီးဆုံးနိုင်ဖို့ စိတ်ဖိစီးမှု အနည်းငယ်တော့ ရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ကွီးတို့ရဲ့ ပါတီ ကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ဖို့ ပါတီပွဲအတွက် ကြိုတင်ပြင်ဆင်ရမဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါမယ်။

(၁) ဧည့်သည်စာရင်းကို ကန့်သတ်ပါ

Photo : Unsplash

ကွီးတို့ရဲ့ ပါတီကို ဖိတ်ကြားထားသူ ပိုများလေ ၊ ပါတီတက်ရောက်မဲ့ လူဦးရေပိုများလေ ကွီးတို့ စိတ်ဖိစီးမှု ပိုတိုးလေပါပဲ။ လူအများကြီးနဲ့ ပါတီကျင်းပရတာ ပျော်စရာကောင်းပေမဲ့ ပွဲစီစဉ်ရသူအတွက်တော့ တာဝန်ပိုကြီးပြီး ကထိကထ ပိုများပါတယ်။ ဒါကြောင့် ခင်မင်ရင်းနှီးရတဲ့ မိတ် ဆွေအပေါင်းအသင်း အနည်းငယ်ကိုသာ ပါတီကို ဖိတ်ကြားဖို့ အကြံပြုချင်ပါတယ်။

(၂) အချိန်စောစော ကြိုတင်စီစဉ်ပါ

Photo : Party Supply Factory

ပါတီ ပွဲတစ်ခု အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းက အဓိကကျပါတယ်။ ပါတီပွဲအတွက် နေရာထိုင်ခင်း ၊ အစားအ သောက် ၊ ဖျော်ဖြေရေးနဲ့ ပါတီမှာ ထည့်သွင်းချင်တဲ့ ထူးထူးခြားခြား အစီအစဉ်လေးတွေကို ပါတီကျင်းပမဲ့ရက်နဲ့ အနည်းဆုံး ၄ ပတ် ကနေ ၃ ပတ် ခန့်ခွာပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ပါတီအတွက် အားလုံးရယ်ဒီ ဖြစ်ပြီ ၊ ပွဲရက်ရောက်ဖို့ ၂ ပတ်ကနေ ၁ ပတ် အတွင်းရောက်မှသာ ပါတီဖိတ်စာတွေကို ပေးပို့ပါ။ ကြိုတင်ပြင်ဆင်ချိန် အလုံအလောက်ယူထားတာက ကွီးတို့ရဲ့ ပါတီကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ဖို့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

(၃) Budget တစ်ခု သတ်မှတ်ပါ

Photo : Picuki.com

ပါတီ အတွက် ကုန်ကျစရိတ်ကိုလည်း သေချာကြိုတင်တွက်ချက် ထားသင့်ပါတယ်။ စားစရာ ၊ သောက်စရာ ၊ ဖျော်ဖြေရေးနဲ့ တခြားပါတီအတွက် မရှိမဖြစ်လိုအပ်တဲ့ ကဏ္ဍတွေအတွက် ငွေဘယ်လောက်သုံးမလဲဆိုတာကို တွက်ချက်ပြီး ပမဏတစ်ခုကန့်သတ် သတ်မှတ်လိုက်ပါ။ ပါတီရဲ့ ကုန်ကျစရိတ်ကို သတ်မှတ်ထားတဲ့ အတိုင်းအတာ ပမဏတစ်ခုထဲဝင်အောင် တွက်ချက်ပြီး သုံးစွဲတက်ဖို့ လိုပါတယ်။

(၄) အစားအသောက်နဲ့ သီချင်းအတွက် စဉ်းစားပါ

Photo : Student Universe

ပါတီ တစ်ခုမှာ အစားအသောက်နဲ့ သီချင်းတွေကလည်း မပါမဖြစ်ထည့်သွင်း စဉ်းစားရမဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Budget နဲ့ ကိုက်ပြီး ရိုးရိုးရှင်းရှင်း တည့်ခင်းဧည့်ခင်းလို့ရမဲ့ စားစရာတွေ ၊ ကော့လ်တေး ဆန်းဆန်းလေးတွေ ၊ ဘီယာနဲ့ တခြားသောက်စရာ ပါတီ Drink တွေ ပြင်ဆင်ပါ။ အဓိက ပါတီတက်မယ့် ဧည့်သည်အားလုံးနဲ့ အဆင်ပြေစေမဲ့ အစားအသောက်တွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။ Music အတွက်ကတော့ Dj တစ်ယောက်ငှားတာဖြစ်စေ ၊ DJ မငှားဖြစ်ရင်လည်း ပါတီနဲ့ ကိုက်ညီမဲ့ မြူးမြူးကြွကြွ သီချင်းလေးတွေကို ကြိုတင်စဉ်းစား ရွေးချယ်ထားသင့်ပါတယ်။

Featured Photo : iNews