မင်္ဂလာပါ ကွီးတို့ရေ။ အမြဲတမ်း ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘား လေးတွေ၊ အရသာရှိတဲ့ စားသောက်ဆိုင်လေးတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်ကနေပြန်ပြီး ကြိုဆိုလိုက်ပါတယ်။ Weekend လည်းရောက်ပြီဆိုတော့ ရှော်တီတွေမပါလဲ ဘော်ဒါတွေနဲ့အတူ ထိုင်လို့ကောင်းပြီး အမိုက်စား Vibe ကို ပေးစွမ်းနိုင်မဲ့ ရွှေရန်ကုန်က ဘားတွေ ကို ဝေမျှပေးချင်ပါတယ်။

Chapter 8

ရွှေရန်ကုန်က ဘားတွေ

Photo : Chapter 8

Weekend မှာ ထိုင်ဖို့ အမိုက်စား Vibe ကိုပေးစွမ်းနိုင်တဲ့ ရွှေရန်ကုန်က ဘားတွေ ကို ရှာဖွေနေတဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဘားလေးကတော့ Chapter 8 Bar & Restaurant ဆိုတဲ့ ဘားလေးပါ။ ဒီဘားလေးရဲ့ အပြင်အဆင်နဲ့ Vibe ကတော့ တကယ်ကို မိုက်တဲ့အပြင် Luxury ဆန်ဆန်လေးနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတော့ ကွီးတို့လို လူငယ်တွေ အကြိုက်တွေ့စေမှာတော့ အသေအချာပါပဲ။

ရွှေရန်ကုန်က ဘားတွေ

Photo : Chapter 8

ဒီဘားလေးမှာ အဖျော်ယမကာများအပြင် အစားအသောက် Menu တွေကလည်း မြည်းစမ်းချင်စရာ အစုံအလင်ပါပဲ။ ဘော်ဒါတွေနဲ့ ဆုံပြီး Chill လို့ကောင်းတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ သံစဉ်လေးတွေနဲ့ ငြိမ့်ချင်တဲ့ ကွီးတို့အတွက်လည်း တေးဂီတအစီအစဉ်လေးတွေလည်း ရှိပါတယ်။ Chapter 8 Bar & Restaurant ရဲ့ လိပ်စာကတော့ G33၊ Ground Floor (Terminal M Shopping Mall)၊ အမှတ် ၁၉၆၊ အမှတ်(၃) လမ်းမကြီးနဲ့ ခရေပင်လမ်းထောင့်၊ မင်္ဂလာဒုံမြို့နယ်၊ (အောင်မင်္ဂလာ အဝေးပြေးကွင်းအနီး)၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Country Bar : BAR & BBQ

bar

Photo : Country Bar : BAR & BBQ

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဘားလေးကတော့ Country Vibe အပြည့်အဝပေးနိုင်မဲ့ Country Bar : BAR & BBQ ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဆိုင်အနေအထားကလည်း အလန်းစားဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါဘော်ကျွတ်တွေနဲ့ အုပ်စုလိုက် Chill မယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် နေ့ရက်အလိုက် မတူညီတဲ့ Band တွေရဲ့ ဖျော်ဖြေမှုကိုလည်း ဒီဘားလေးမှာ နားဆင်ခံစားနိုင်ပါတယ်။

bar

Photo : Country Bar : BAR & BBQ

ဒီဘားလေးမှာ အဖျော်ယမကာတွေ စုံလင်တဲ့အပြင် ဒီဆိုင်လေးရဲ့ အမိုက်စား ကော့လ်တေးတွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။ ဒါ့အပြင် အရသာရှိတဲ့ ဟင်းပွဲ Menu တွေကလည်း တကယ်ကို မြည်းစမ်းသုံးဆောင် ချင်စရာပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၁၂၆)၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

ကဲ ကွီးတို့ရေ Weekend မှာ တစ်ပတ်တာ အမောတွေဖြေဖျောက်ရင်း ပျော်ပျော်ပါးပါး အချိန်တွေ ဖန်တီးဖို့ နီးစပ်ရာ ဘားမှာ လွင့်လိုက်တော့နော်။

Featured Photo : Chapter 8