ဒီလို ပိတ်ရက်လေးမှာ ဘော်ဒါတွေနဲ့ အတူ ပျော်ပျော်ပါးပါး တေးဂီတ အစီအစဉ်လေးတွေ နားဆင်ခံစားရင်း တစ်ပတ်တာ အမောတွေ ဖြေဖျောက်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် တေးဂီတကို ခံစားရင်း ထိုင်လို့ကောင်းတဲ့ ရန်ကုန်မြို့က ဘား နဲ့ စားသောက်ဆိုင်များ ကို ဖော်ပြပေးချင်ပါတယ်။

AJI 51 Rooftop Lounge

တေးဂီတကို ဘား

Photo : AJI 51 Rooftop Lounge

ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ တေးဂီတကို ခံစားရင်း ထိုင်လို့ကောင်းတဲ့ ဘား လေးကတော့ AJI 51 Rooftop Lounge ပဲ ဖြစ်ပါတယ်။ ဒီဘားလေးက Rooftop ဘားလေး ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်နဲ့ လေညှင်းလေးတွေ ခံစားရင်း ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။

တေးဂီတကို ဘား

Photo : AJI 51 Rooftop Lounge

ဒီဘားလေးမှာ အဖျော်ယမကာလေး သောက်ရင်း အမိုက်စား Unplugged ကို နားဆင်ခံစားနိုင်ပါတယ်။ တေးဂီတသံစဉ်တွေနဲ့အတူ တိုက်ခတ်လာတဲ့ လေပြေလေးတွေက ကွီးတို့ကို မတူညီတဲ့ ခံစားမှုရသလေး ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ ၅၁/ D၊ ၁၄ လွှာ၊ Hotel S.Y.H၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊  ရန်ကုန်မြို့ ပဲ ဖြစ်ပါတယ်။

The Rock by Color Stones

တေးဂီတကို ဘား

Photo : The Rock by Color Stones

နောက်ထပ်ဖော်ပြချင်တဲ့ အမိုက်စား ဆိုင်လေးကတော့ The Rock by Color Stones ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးက တော်တော်လေး ကျယ်ဝန်းတဲ့ အတွက် ဘော်ဒါတွေ အများကြီးနဲ့ အတူတူ Chill ချင်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဒီဆိုင်လေးမှာ အဖျော် ယမကာများနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေ အကင်တွေကိုလည်း သုံးဆောင်လို့ ရပါတယ်။

bar

Photo : The Rock by Color Stones

ဒီဆိုင်လေးမှာ အမိုက်စား ‌တေးဂီတ အစီအစဉ်တွေအပြင် အဆိုတော်တွေရဲ့ Live Music Show အစီအစဉ်တွေ၊ မြူးမြူးကြွကြွ သီချင်းလေးတွေအပြင် ၊ ကိုယ်တိုင် ဟဲချင်တဲ့ ကွီးတို့အတွက် Open Mic အစီအစဉ်လည်း ရှိပါတယ်။ အေးဆေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက်တော့ Outdoor ဧရိယာလေးဖြစ်တဲ့ The Rock Outdoor Garden လည်း ရှိပါသေးတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ်( ၃၄)၊ လေးထောင့်ကန်လမ်း ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Paramount Bar & Restaurant

bar

Photo : Paramount Bar & Restaurant

လှိုင်မြို့နယ်မှာ ရှိတဲ့ Paramount Bar & Restaurant ဆိုတဲ့ ဘားလေးကလည်း တေးဂီတကို ခံစားရင်း ထိုင်လို့ကောင်းတဲ့ ဘားလေးပါပဲ။ ဒီဘားလေးရဲ့ အပြင်အဆင်က လူငယ်ဆန်တဲ့ အတွက် အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် အဖျော်ယမကာများနဲ့ အရသာရှိတဲ့ ဟင်းပွဲ အစုံအလင်ကိုလည်း မြည်းစမ်းသုံးဆောင် ကြည့်လို့ရပါသေးတယ်။

bar

Photo : Paramount Bar & Restaurant

ဒီဘား‌လေးက Indoor ရော Outdoor မှာပါထိုင်လို့ရတော့ တကယ်ကို အဆင်ပြေတာပေါ့။ ဒါ့အပြင် Unplugged တေးဂီတ အစီအစဉ်တွေကိုလည်း ခံစားနိုင်ပါတယ်။ ကွီးတို့ ချစ်သူလေးနဲ့ပဲထိုင်မလား၊ ဘော်ဒါတွေနဲ့ပဲ Chill မလား၊ တကယ်ကို ထိုင်လို့ကောင်းတဲ့ ဘားလေးပါ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၁၅၆) က၊ အင်းစိန်လမ်းမကြီး၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Paramount Bar & Restaurant