ဘားထိုင်တော့မယ်ဆို Unplugged ပါတဲ့ ဘားတွေ၊ Live Music ရှိတဲ့ ဘားနဲ့ စားသောက်ဆိုင် ဒါမှမဟုတ် DJ ဘားတွေကို အမြဲဦးစားပေး ရှာဖွေတတ်တဲ့ ကွီးတို့အတွက် ရှိပါသလား။ တေးဂီတသံစဉ်လေးတွေက တစ်နေ့တာ အမောတွေ၊ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်စေနိုင်တဲ့ ဆေးကောင်းတစ်လက်ပါပဲ။ ဒါကြောင့် ညနေရုံးဆင်းချိန်ဖြစ်စေ၊ Weekend မှာဖြစ်စေ တေးဂီတ တွေ နားဆင်ရင်း ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက် အလန်းစား ဘားများ ကို ဖော်ပြပေးချင်ပါတယ်။

G Six B.B.Q & Restaurant

တေးဂီတ ဘား

Photo : G Six B.B.Q & Restaurant

မြူးမြူးကြွကြွ တေးဂီတ လေးတွေနားဆင် ခံစားချင်တဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ အလန်းစား ဘားများ ထဲကတစ်ခုကတော့ G Six B.B.Q & Restaurant ဖြစ်ပါတယ်။ ဒီဘားလေးက တောင်ဥက္ကလာ အနီးတစ်ဝိုက်မှာ နေ့တိုင်း Live DJ ရှိတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ အမိုက်စား ဖျော်ဖြေမှုနဲ့ မြူးကြွတဲ့ သံစဉ်တွေကိုခံစားရင်း တစ်နေ့တာအမောတွေကို ကခုန်ပြီး ဖြေဖျောက်ချင်တယ်ဆိုရင် ဒီဆိုင်လေးကို သတိရလိုက်ပါ။

တေးဂီတ ဘား

ဒီဆိုင်လေးရဲ့ အနေအထားက ကျယ်ဝန်းတဲ့အပြင် DJ နဲ့ ပျော်ချင်တဲ့ ကွီးတို့အတွက် အောက်ထပ် Party Space ရှိပြီး၊ အေးအေးဆေးဆေး စကားပြောချင်တဲ့ ကွီးတို့အတွက်လည်း အပေါ်ထပ်မှာ Open Space လေးရှိပါတယ်။ ဒီဆိုင်လေးက အဖျော်ယမကာတွေ အပြင် အစားအသောက်ပိုင်းမှလည်း စိတ်ချရတဲ့ ဆိုင်လေးပါပဲ။ လိပ်စာကတော့ အမှတ် ၈၈၉၊ ၄/၆၊ ဗြဟ္မစိုရ်လမ်းမပေါ်၊ သီလ လမ်းထိပ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Family Music Land

တေးဂီတ ဘား

Photo : Family Music Land

သီချင်းကောင်းလေးတွေကို ခံစားရင်း ငြိမ့်ငြိမ့်လေး Feel ချင်တဲ့ ကွီးတို့အတွက် ဖော်ပြပေးချင်တဲ့ နောက်ထပ်ဆိုင်ကတော့ Family Music Land ဆိုတဲ့ ဆိုင်လေးပါပဲ။ ဒီဆိုင်လေးမှာ Unplugged Music ကောင်းကောင်းလေးတွေကို နားဆင်နိုင်တဲ့အပြင် တေးသီချင်းတွေကို ကိုယ်တိုင်သီဆိုပြီး ဟဲချင်တဲ့ ကွီးတို့အတွကလည်း KTV အခန်းလေးတွေ ရှိပါတယ်။

bar

မိသားစုနဲ့ပဲဖြစ်စေ၊ သူငယ်ချင်းအုပ်စုလိုက်ပဲ Chill ချင်လို့ဖြစ်စေ အဆင်ပြေပြီး‌ နေရာအနေအထား ကျယ်ဝန်းတဲ့ ဆိုင်လေးပါပဲ။ အဖျော်ယမကာများအပြင် ဒီဆိုင်လေးရဲ့ အရသာထူးကဲကောင်းမွန်ပြီး ထူးခြားတဲ့ ဟင်းလျှာများကိုလည်း မြည်းစမ်းနိုင်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် ၆၁၊ ပါရမီလမ်း ( ပါရမီ စိန်ဂေဟာ အနီး) လှိုင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Tune Bar and Music

bar

Photo : Tune Bar and Music

ဒီဘားလေးကလည်း ကွီးတို့အတွက် ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပေးနိုင်မဲ့ အလန်းစား ဘား လေးတွေထဲက တစ်ခုပါပဲ။ တစ်နေ့ထက်တစ်နေ့ မရိုးစေတဲ့ တေးဂီတ အစီအစဉ်လေးတွေ နားထောင်ရင်း ဘော်ဒါတွေနဲ့ Chill ဖို့ဆိုရင်တော့ တကယ်ကို ရွေးချယ်သင့်တဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း တကယ်ကို အမိုက်စားလေးဖြစ်ပြီး ကွီးတို့အကြိုက်တွေ့စေမဲ့ Vibe ကိုပေးစွမ်းနိုင်မဲ့ ဘားလေးဆိုလည်း မမှားပါဘူး။

bar

ဒါ့အပြင် အရသာရှိတဲ့အစားအစာတွေနဲ့ အဖျော်ယမကာများကိုလည်း သုံးဆောင်လို့ရပါတယ်။ သူ့ရဲ့လိပ်စာကတော့ အမှတ် (၃)၊ မဂ္ဂင်လမ်းနဲ့ မိုးကောင်းလမ်းထောင့်၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : G Six B.B.Q & Restaurant