ဒင်နာပါတီ လုပ်ခြင်းက မည်သည့် ပွဲအတွက်မဆို၊ ဘယ်လိုအကြောင်းပြချက် အတွက်မဆို စိတ်ကူးကောင်းလေးပါပဲ။ မွေးနေ့တွေ၊ နှစ်ပတ် လည်နေ့တွေ၊ ကွီးတို့အတွက် ဂုဏ်ပြုစရာနေ့တွေကို သူငယ်ချင်းတွေနဲ့ အိမ်မှာပဲပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်တယ်ဆိုရင် ဒင်နာပါတီ လေးစီစဉ်လို့ ရပါတယ်။ ဒါ့ကြောင့် ကွီးတို့အိမ်မှာပဲ ပြီးပြည့်စုံတဲ့ ဒင်နာ ပါတီလေး ဖြစ်စေဖို့ ပြင်ဆင်ရမဲ့ အချက်များကို ပြောပြပေးပါမယ်။

(၁) အစားအစာရွေးချယ်ပါ

ဒင်နာ ပါတီလေး

Photo : Mummy Matters

ကွီးတို့အိမ်မှာပဲ ကျင်းကမဲ့ ဒင်နာ ပါတီလေး‌ အတွက် ပထမဆုံးအနေနဲ့ကတော့ တည်ခင်းဧည့်ခံမဲ့ အစားအစာကို ရွေးချယ်ဖို့ပါပဲ။ အစားအစာရွေးချယ်ရာမှာ ချက်ပြုတ်ရန်လွယ်ကူပြီး ရာသီဥတုအလိုက် အစားအစာကို ရွေးချယ်ပါ။ ပါတီပွဲနေ့မှာ လုပ်စရာတွေ အများကြီးရှိမယ်။ ဒါကြောင့် ရိုးရှင်းပြီး အရသာရှိတဲ့ ဟင်းလျာတွေကို အချိန်အကြာကြီး မစဉ်းစားဘဲ စားသုံးဖိုရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဟင်းလျာများကို ပိုမိုအရသာရှိစေသောကြောင့် ရာသီအလိုက် ပါဝင်ပစ္စည်းများကို အသုံးပြုပါ။ အချိုပွဲများကိုလည်း တစ်ခါတည်း စီစဉ်ထားပါ။

(၂) ပါတီအချိန်သတ်မှတ်ပါ

ဒင်နာ ပါတီလေး

Photo : WTSO

ကွီးတို့ရဲ့ ဒင်နာပါတီ စမဲ့ အချိန်ကို သတ်မှတ်ပြီး ဧည့်သည်များကို အတိအကျ အသိပေးပါ။ ဒါမှသာ အချိန်နောက်ကျခြင်းမရှိဘဲ ဒင်နာပါတီလေးကို ပျော်ပျော်ပါးပါး စတင်နိုင်မှာ ဖြစ်ပါတယ်။ ညစာစားပွဲကို အချိန်မည်မျှကြာမည်ကို ဆုံးဖြတ်ပြီး လူတိုင်းစားရန်မထိုင်မီ ကော့လ်တေးသောက်ရန် တစ်နာရီ၊ စတင်ချိန်နှင့် အချို့သောဂိမ်းများကို ပါထည့်သွင်းချိန်တို့ကိုပါ တွက်ချက်ထားပါ။

(၃) အဖျော်ယမကာများ ထည့်သွင်းပါ

ဒင်နာ ပါတီလေး

Photo : Original Flava

ကွီးတို့ ဒင်နာ ပါတီလေး မှာ လိုက်ဖက်တဲ့ အဖျော်ယမကာများကို ထည့်သွင်းဖို့လည်း မမေ့ပါနဲ့။ အဖျော်ယမကာများအတွက် ရွေးချယ်စရာများစွာရှိရန် သေချာပါစေ။ အရက်နှင့် အရက် မဟုတ်သော အဖျော်ယမကာ နှစ်မျိုးလုံးပါဝင်ထည့်သွင်းနိုင်ပါတယ်။ ဖျော်ရည်များကို အအေးခံနိုင်စေရန် ရေခဲများလည်း စီစဉ်ထားရှိပါ။

(၄) စားပွဲ နဲ့ နေရာကိုပြင်ဆင်ပါ

Dinner

Photo : On Buy

ကွီးတို့ရဲ့ ဒင်နာ ပါတီလေး လုပ်မဲ့နေရာကို ကွီးတို့ စိတ်ကြိုက်အလှဆင်ပါ။ အလှပန်းအိုးလေးတွေ၊ မီးလုံးလေးတွေ၊ ဖယောင်းတိုင်လေးတွေကိုလည်း ထည့်သွင်းပါ။ ထို့နောက် တည်ခင်း ဧည့်ခံမဲ့စားပွဲကိုလည်း ပြင်ဆင်ဖို့ လိုပါတယ်။ ထမင်းစားစားပွဲမှာ နေရာအများကြီးမရှိရင် ဘူဖေးကိုစီစဉ်လို့ပါတယ်။ ပန်းကန်တွေအားလုံးကို စားပွဲပေါ်တင်ပြီး ပန်းကန်ပြားနဲ့ ဇွန်းတွေ ထည့်ပေးပါ။ ပန်းကန်ပြားများ၊ လက်သုတ်ပုဝါများ နှင့် ဇွန်းနှင့် ခက်ရင်းများကို လုံလောက်အောင် ပံ့ပိုးပါ။ ဧည့်သည်အားလုံးကို စားပွဲမှာ ထိုင်နိုင်ရင် ထိုင်ခုံတစ်ခုစီကို အစီအစဉ်တကျချပါ။

(၅) တေးဂီတ

Photo : New Orleans Magazine

ဒင်နာ ပါတီဆိုတာ ညစာအတူစားကြပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ အတူမျှဝေကြတဲ့ အခိုက်အတန့်လေးပါ။ ဒီလိုအခိုက်အတန့်လေးကို ပိုမိုသက်ဝင်လှုပ်ရှားစေဖို့ တေးဂီတတွေလည်း လိုအပ်ပါတယ်။ တေးဂီတဆိုတာ ပါတီနဲ့ခွဲခြားလို့ မရတဲ့အရာပါ။ ဒါကြောင့် ဒင်နာပါတီနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးတွေ ကို ကွီးတို့ အနေနဲ့ ကြိုတင်စဉ်းစား ပြင်ဆင်ထားခြင်းက လည်း စိတ်ကူးကောင်းပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အိမ်မှာပဲ ပြီးပြည့်စုံတဲ့ ဒင်နာ ပါတီလေး ဖြစ်စေဖို့ ပြင်ဆင်ရမဲ့အချက်များ ပဲဖြစ်ပါတယ်။

Source : VAYA

Featured Photo : Sky Caster