ပွဲတော်များကို နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ နိုဝင်ဘာ လအတွင်း ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာတစ်ဝှမ်းရှိ ပွဲတော် များအကြောင်းကို ဝေမျှပေးချင်ပါတယ်။ နိုဝင်ဘာ လအတွင်းမှာ ကျင်းပမယ့် ပွဲတော်များက အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့အားလုံး နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

အင်္ဂလန်နိုင်ငံရှိ Lewes Bonfire

နိုဝင်ဘာ ပွဲတော်

နိုဝင်ဘာလ ၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံကို ရောက်ဖြစ်တယ်ဆိုရင်တော့ Lewes Bonfire ပွဲတော်ကို ဝင်ရောက်ဆင်နွှဲ နိုင်ပါတယ်။​ လူအများက ဗိုက်ကင်း စစ်သည်တော်များ၊ ဒါမဟုတ် မှောင်ခိုကုန်သည်များကဲ့သို့ ဝတ်စားထားကာ မီးတုတ်ကြီး ကိုင်ပြီး ချီတက်ကြတာ ဖြစ်ပါတယ်။ ဒီလို ဆင်နွှဲရခြင်း အကြောင်းပြချက်ကလည်း ရှိပါတယ်။ ဆန္ဒပြပွဲတုန်းက သေဆုံးသွားခဲ့တဲ့ ဆန္ဒပြသူ ၁၇ ယောက်ကို အောက်မေ့သတိရကာ ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ Chang Mai မီးထွန်းပွဲတော်

နိုဝင်ဘာ ပွဲတော်

ဒီပွဲတော်ကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ အချို့ကလည်း မီးပုံးပျံငယ်များကို လွှင့်တင်ကြပြီး အချို့ကတော့ မီးအိမ်များကို လှေပုံသဏ္ဍာန် ပြုလုပ်ကာ ပန်းပွင့်များ ထည့်ပြီး ရွက်လှေငယ်များဖြင့် ရေထဲသို့ မျောလိုက်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းသည် မကောင်းတဲ့အရာများအားလုံးကို လွှတ်ချလိုက်တဲ့ အယူအဆဖြင့် ပြုလုပ်ကြတာပဲဖြစ်ပါတယ်။

Iceland နိုင်ငံရှိ Iceland Airwaves ပွဲတော်

နိုဝင်ဘာ ပွဲတော်

ဒီပွဲတော်ကတော့ ၁၉၉၉ ခုနှစ်ကတည်းက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်လောက်ပဲ ကျင်းပတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ လူသိများလာက ယခုအချိန်မှာတော့ နိုင်ငံနှင့် အဝှမ်း ကျင်းပနေကြတာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး အမျိုးအစားစုံလင်လှတဲ့ တေးဂီတအမျိုးအစားမျိုးစုံကို နားဆင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ တေးဂီတပွဲတော်ဖြစ်တဲ့အတွက်ကြောင့် ဂီတချစ်သူ ပရိသတ်များအားလုံး ကြိုက်နှစ်သက်ကြမယ့် ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

New York’s Macy’s Thanksgiving Day Parade, USA

Thanksgiving

ကျေးဇူးတော်ပွဲနေ့ဆိုပြီး ခေါ်ဆိုကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ လူအများက တူညီဝတ်စုံများ ဆင်တူဝတ်ဆင်ကာ ဗူဖောင်းအကြီးကြီးကို မိုးပေါ်မှာ လွှင့်တင်ထားတာ ဖြစ်ပါတယ်။ ထိုဗူဖောင်းကို လွှင့်ထွက်မသွားအောင် အောက်က လူအများက ကြိုးနဲ့ ထိန်းထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာ လ ၂၄ ရက်နေ့၊ ကြာသပတေးနေ့မှာ ကျင်းပမယ့် ပွဲတော် တစ်ခုပဲဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံရှိ Kendal Mountain Festival

အင်္ဂလန်နိုင်ငံရှိ Kendal Mountain Festival

သဘာဝပတ်ဝန်းကျင်အလှအပကို ခံစားချင်သူများအနေနဲ့ကတော့ ဒီပွဲတော်ကို ကြိုက်နှစ်သက်ကြမှာပါ။ တောင်တန်းနှင့် ရေကန်နံဘေးတွင် ပြုလုပ်လေ့ရှိကြပြီး ရုပ်ရှင်ပွဲတော်၊ ပြိုင်ပွဲမျိုးစုံ၊ Outdoor Activities နှင့် ဂိမ်းမျိုးစုံတို့ကို ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ပွဲတော်နေ့ကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

Source: Vickyflipfloptravels

Featured Image: Blog.raynatours