နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလတစ်လဖြစ်တဲ့ ဒီဇင်ဘာလကို ရောက်ရှိလို့လာပြီဆိုတော့ နောက်ထပ် နှစ်သစ် တစ်နှစ်ကို ကြိုဆိုဖို့ရန်အတွက် အားလုံးပဲ စိတ်လှုပ်ရှားနေလောက်ပြီပေါ့။ ဒီလို နှစ်သစ် ကို ဘော်ဒါတွေနဲ့အတူတူ ကြိုဆိုရင်း ပျော်ပျော်ပါးပါး ပါတီ ပွဲ ဆင်နွှဲချင်သူများအတွက်လည်း နည်းလမ်းကောင်းမျိုးရှိပါတယ်။

နည်းလမ်းအမျိုးအစားကလည်း စုံလင်တဲ့အတွက်ကြောင့် ဘော်ဒါတွေအားလုံး တိုင်ပင်ကာ နှစ်သစ် ကို ပါတီ ပွဲ ကျင်းပရင်း အတူတကွ မြူးတူးပျော်ပါးနိုင်ပါတယ်။

ဒင်နာပါတီ ကျင်းပပါ

dinner party

နှစ်သစ်ကို ကြိုမှာဆိုတော့ ဒင်နာပါတီက အသင့်တော်ဆုံးပါပဲ။ ဘော်ဒါတွေ အတူတူ ဆုံရင်း မုန့်လုပ်စားကြတာပဲဖြစ်ဖြစ် (သို့မဟုတ်) အရသာရှိတဲ့ မုန့်တွေ မှာစားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ မုန့်တွေ မှာတဲ့အခါမှာလည်း ဘီယာ ၊ ဝီစကီ ၊ ဝိုင်တွေကလည်း မပါမဖြစ်ပါပဲ။

ဂိမ်းကစားဖို့လည်း မမေ့ပါနှင့်

playing games

အားလုံး အတူတူ စိတ်လှုပ်ရှားပြီး ပျော်ပါးနိုင်ဖို့ဆိုရင် ပါတီဂိမ်းတွေကလည်း အဓိကကျပါတယ်။ ပါတီဂိမ်းများကို ဒင်နာပါတီ မကျင်းပခင် တစ်ရက်အလိုကတည်းက ဂိမ်းတွေကို စဥ်းစားထားတာအကောင်းဆုံးပါပဲ။ ပွဲစတော့မှ ဘာဂိမ်းဆော့ရမလဲဆိုပြီး အူယားဖားယား စဥ်းစားနေတာထက် ကြိုစဥ်းစားထားတဲ့အခါ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

ရုပ်ရှင် ပါတီ ကျင်းပပါ

နှစ်သစ် ပါတီ

သူငယ်ချင်းတွေ အကုန်လုံး ကြိုက်လောက်တဲ့ ရုင်ရှင် တစ်ခုခုကို ရွေးချယ်ကာ ပရိုဂျက်တာ ထောင်ပြီး ကြည့်မယ်ဆိုရင် ပျော်စရာကောင်းပါတယ်။ ဒါ့အပြင် Indoor ရုပ်ရှင်ပါတီထက်စာရင် ခြံဝန်းကျယ်ကြီးထဲမှာ ပြုလုပ်တဲ့ Outdoor ရုပ်ရှင် ပါတီက ပိုပြီး ပျော်ဖို့ ကောင်းပါတယ်။ ခြင်တွေရဲ့ ဘေးအန္တရာယ်ကနေတော့ ရှောင်ကြဥ်ဖို့ လိုအပ်ပါလိမ့်မယ်။

အတူတူ Countdown ရေတွက်ပါ

နှစ်သစ် ပါတီ

၁၂ နာရီ ထိုးခါနီး နှစ်သစ်ကူးတော့မယ်ဆိုတဲ့ အချိန်မှာ သူငယ်ချင်းတွေ အတူတူ ၁၀ ၊ ၉ ၊ ၈ ၊ ၇ ၊ ၅ … စသည်ဖြင့် Countdown ရေတွက်ဖို့လည်း မမေ့ပါနဲ့။ နှစ်သစ် အကြိုည ပါတီ အတွက် မရှိမဖြစ် ပြုလုပ်သင့်တဲ့ အရာတစ်ခုပါပဲ။ ထို့နောက်မှာတော့ နှစ်သစ်မှာ အရာရာ အဆင်ပြေဖို့ တောင်းဆု ပြုနိုင်ပါတဘ်။

တစ်ယောက်တည်းလည်း ပျော်နိုင်ပါသေးတယ်

နှစ်သစ် ပါတီ

ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ ဖိတ်ထားတာကို မသွားနိုင်ဘူးဆိုရင်တော့ Countdown ရေတွက်တဲ့အချိန်မှာ ဗွီဒီယိုကောလ် ခေါ်ပြီး အတူတူ ရေတွက်နိုင်ပါသေးတယ်။ နိုင်ငံရပ်ခြားသို့ ရောက်နေမယ်ဆိုရင်တော့ အချိန်ကွာဟမှု အနည်းငယ်ရှိနိုင်ပါတယ်။ ဗွီဒီယိုကောလ် ခေါ်ဖို့ အခက်အခဲရှိတယ်ဆိုလည်း စိတ်မပူပါနဲ့။ တစ်ယောက်တည်းလည်း Solo ပါတီ ကျင်းပဆင်နွှဲနိုင်ပါသေးတယ်။ ဘဝမှာ ပျော်တတ်ရင် ကျေနပ်စရာတွေချည်းပဲမဟုတ်လား။

ကွီးတို့လည်း နှစ်သစ် ကို ဘော်ဒါတွေနဲ့အတူတူ ကြိုဆိုရင်း တန်ဖိုးရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ နောက်ထပ် နှစ်သစ်တစ်ခုကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Source: Theeverygirl

Featured Image: Freepik