တစ်နေ့တာလုံး ပင်ပန်းသမျှတွေကို ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်ရင်း ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ လတ်တလောမှာ ပရိုမိုးရှင်း ချနေတဲ့ ဘား နှင့် စားသောက်ဆိုင်များကို ညွှန်းချင်ပါတယ်။ ပရိုမိုးရှင်း ချပေးနေတဲ့ ဘား တွေဖြစ်တဲ့အတွက်ကြောင့် ထိုင်ရတာ အတန်ဆုံးဖြစ်ပြီး ပိုက်ပိုက်လည်း ချွေတာရာရောက်တာပေါ့။

ဘယ်ဘားတွေက လတ်တလောမှာ ဘယ်လို ပရိုမိုးရှင်းတွေ ချပေးနေသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

Mysterious Bar Yangon – The Myst

Mysterious Bar Yangon – The Myst

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် ၂၅၊ ၂၇ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။ ပါတီပျော်တွေအနေနဲ့ အပီကခုန်ကာ ပျော်ပါးချင်တယ်ဆိုရင်တော့ Mysterious Bar Yangon – The Myst ကိုသာ အရောက်သွားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ စက်တင်ဘာလ ၇ ရက်နေ့ကျရင် အထူးအစီအစဉ်ရှိလို့ပါပဲ။ ထိုအစီအစဉ်ကတော့ Tomorrow Land Festival 2022 ရဲ့ Youphoria Stage မှာ ဖျော်ဖြေခဲ့တဲ့ Berg သည် The Myst မှာ Headliner အနေနဲ့ လာရောက်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Mysterious Bar Yangon – The Myst

Photo: Facebook

ဒါတင်မကသေးပါဘူး။ သောကြာနေ့နဲ့ စနေ့နေ့တိုင်းမှာ လာရောက်ကြမယ့် ကွီးတို့အတွက် ညနေ ၄ နာရီခွဲကနေ ည ၉ နာရီခွဲအထိ Free Entry စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အမိုက်စား ကော့တေးများ၊ ဘီယာများ၊ ဝီစကီများအပြင် အခြားသော အရသာရှိတဲ့ အမြည်းများပါ စီစဉ်ထားတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

Dynasty Rooftop Bar & Grill

ပရိုမိုးရှင်း ဘား

Photo: Facebook

နောက်ထပ် ပရိုမိုးရှင်း ချပေးနေတဲ့ ဘား ကတော့ ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်ရှိ Gemsy Hotel ရဲ့ အပေါ်ဆုံးထပ်က Penthouse မှာ တည်ရှိတဲ့ Dynasty Rooftop Bar & Grill ပဲဖြစ်ပါတယ်။ တနင်္လာနေ့မှာ Monday Blues မဖြစ်ရလေအောင် Combo Package လေး စီစဉ်ပေးထားပါတယ်။ ထို Combo Package ကတော့ Tiger Tower + Shisha + ငုံးကောင်လုံးကြော် ၂ ကောင် အားလုံးပေါင်းကို ၅၈၀၀၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။ နောက်အပတ် တနင်္လာနေ့တွေမှာရော ဒီ Combo Package လေး ရှိဦးမလားဆိုတာ မသေချာတဲ့အတွက်ကြောင့် နောက်မကျသွားရလေအောင် မြန်မြန်သွားထားသင့်ပါတယ်။ ရက်အလိုက် Combo Package လေးတွေကလည်း ပြောင်းလဲသွားမှာဆိုတော့ Update လေးတွေကို သိချင်တယ်ဆိုရင် ဆိုင်မသွားခင်မှာ သူ့ရဲ့ Facebook Page လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Rooftop Bar လေးဖြစ်တဲ့အတွက်ကြောင့် လေလေး တဖြူးဖြူးနဲ့ ထိုင်လို့ကောင်းနေမှာကတော့ အသေအချာပါပဲ။ ဒါတင်မကသေးပါဘူး။ Inspire Band ရဲ့ ဖျော်ဖြေတင်ဆက်မှုလည်း ရှိနေသေးတဲ့အတွက်ကြောင့် ကွီးတို့အားလုံး ဘဝအမောတွေ ပြေကြရမှာပဲ ဖြစ်ပါတယ်။

Boozer G Bar

ပရိုမိုးရှင်း ဘား

Photo: Facebook

Boozer G Bar ကတော့ ဘားထိုင်လို့လည်းရတဲ့အပြင် Lunch Box ပါ မှာယူစားသောက်နိုင်ပါတယ်။ သူ့ရဲ့ Lunch Box ကတော့ ၃၅၀၀ ကျပ်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ဝေဇယန္တာ လမ်းမကြီးပေါ် ပါရမီမီးပွိုင့်နှင့် သစ္စာလမ်း မီးပွိုင့်ကြား ၊ DIY Hot Pot ၂ ခြံကျော်၊ MAB Bank ၁ ခြံကျော်၊ Partslink ကားပစ္စည်းဆိုင်ဘေးမှာ တည်ရှိတာ ဖြစ်ပါတယ်။

ပရိုမိုးရှင်း ဘား

Photo: Facebook

September Born တွေအတွက်လည်း Triple Promotion လေး ရှိပါသေးတယ်။ ထိုအစီအစဉ်လေးကတော့ Boozer G မှ မွေးနေ့ပွဲကို ကျပ် တစ်သိန်းဖိုးနှင့် အထက် ကျင်းပမယ်ဆိုရင် မွေးနေ့လက်ဆောင်အဖြစ် ဗလာမပါကံစမ်းမဲ၊ ဝိုင် တစ်ပုလင်း Free အပြင် Decoration Free လည်း ထပ်ပေးဦးမှာပါ။ ၁၅ သိန်းနှင့်အထက် သုံးတဲ့ ဝိုင်းဆိုင်ရင်တော့ Boozer G Band လေးပါ ထပ်ဆောင်းပေးဦးမှာဖြစ်ပါတယ်။

ပရိုမိုးရှင်း ဘား

Photo: Facebook

ဒါ့အပြင် စက်တင်ဘာလတစ်လုံးလုံး Boozer G မှာ ငါးသောင်းတန် Chivas ၁ ပုလင်း ဝယ်ရုံနဲ့ ကြက်အကြွပ်ကြော်အစပ် တစ်ပွဲ၊ ဖျော်ရည် ၂ ပုလင်း၊ ရေခဲပုံး ၁ ပုံးအပြင် ရေ တို့ကိုလည်း လက်ဆောင်အဖြစ် ပေးသွားဦးမှာဖြစ်ပါတယ်။ ဒီလိုအမိုက်စား ပရိုမိုးရှင်း တွေ ပေးနေတဲ့အတွက်ကြောင့် နောက်မကျရလေအောင် အခုပဲ Boozer G ဘား သို့ အရောက်သွားကြရအောင်။

Featured Image: Myanmore