ကွီးတို့ Weekend မှာ ပါတီတစ်ခု လုပ်ဖို့စဉ်းစားနေပါသလား။ ပါတီ ဆိုတာ စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ပွဲတစ်ခုပါ။ ကွီးတို့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်စေ၊ လူအနည်းငယ်နဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ ပါတီတစ်ခု ဖန်တီးလို့ရပါတယ်။ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ ပါတီလုပ်မယ်ဆိုရင် မပါမဖြစ်ကတော့ မြူမြူးကြွကြွ သီချင်းလေးတွေပါပဲ။ ဒါကြောင့် ကွီးတို့ပါတီကို တမူဆန်းပြားသွားအောင် ယနေ့ခေတ် ပါတီ သီချင်းတွေမဟုတ်ဘဲ ထွက်ရှိခဲ့တာ နည်းနည်းကြာပြီဖြစ်ပေမဲ့ လန်းဆန်းနေဆဲ ပါတီနဲ့ အလိုက်ဖက်ဆုံး မြူးမြူးကြွကြွ သီချင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။
ဟောင်းပေမဲ့ ပါတီနဲ့ အလိုက်ဖက်ဆုံး မြူးမြူးကြွကြွ သီချင်းများ ကတော့
Photo : open.spotify.com
(၁) “Single Ladies (Put a Ring on It)” by Beyoncé
Source : Beyoncé
ပထမဆုံး အနေနဲ့ ပါတီနဲ့ အလိုက်ဖက်ဆုံး မြူးကြွတဲ့ သီချင်းလေးကတော့ Beyoncé ဆို ထားတဲ့ Single Ladies (Put a Ring on It) သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းလေးက ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပေမဲ့ သူရဲ့ မြူးကြွတဲ့ သံစဉ်တွေကတော့ အခုထိ တက်ကြွနေဆဲပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ စာသားက လိုက်ဆိုလို့ လွယ်ကူပြီး လိုက်ကလို့ ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(၂) “The Power” by Snap!
Source : SnapVedioOffical
ကွီးတို့ရေ ၁၉၉၀ က သီချင်း တစ်ပုဒ်ကို အခုခေတ် ပါတီမှာ ဖွင့်မယ်ဆိုရင် ထူးဆန်းသွားမလား။ ဟုတ်ပါတယ် ၁၉၉၀ တုန်းက ထွက်ရှိခဲ့တဲ့ Snap ရဲ့ The Power ဆိုတဲ့ သီချင်းက တကယ်ကို မြူးကြွပြီး ပါတီနဲ့လိုက်ဖက်ပါတယ်။ “I’ve got the power” ဆိုတဲ့ စာသားနဲ့ စထားပြီး အရမ်းလန်းနဲ့ Rap စာသားတွေနဲ့ ဒီနေ့ခေတ်အထိ ပါတီမှာ ဖွင့်ဖို့အလိုက်ဖက်ဆုံး သီချင်း ထဲမှာ ပါနေဆဲပါ။
(၃) “U Can’t Touch This” by MC Hammer
Source : Petter Oliveria
MC Hammer ရဲ့ သီချင်းတွေကို ကြိုက်တဲ့ ကွီးတို့ ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ပါတီမှာ MC Hammer ရဲ့ You Can Touch This သီချင်းကို ထည့်သွင်းလိုက်ပါ။ သီချင်းရဲ့ Rap စာသားနဲ့ တီလုံးက ကွီးတို့ရဲ့စိတ်ကို တက်ကြွစေပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်ကိုပါ စီးချက်နဲ့ အညီ လှုပ်ရှားလာဖို့ စွမ်းဆောင်ပေးပါလိမ့်မယ်။
(၄) “Tik Tok” by Ke$ha
Source : Kesha
ကွီးတို့ရဲ့ ပါတီကို Level မြှင့်ချင်ပါသလား။ ဒါဆို ဝေးဝေး မစဉ်းစားပါနဲ့ ။ ရွှေရောင် ဆံပင်နဲ့ Pop Queen Kesha ရဲ့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tik Tok ဆိုတဲ့ သီချင်းကို သတိရလိုက်ပါ။ သီချင်းရဲ့ မြူးကြွတဲ့ သံစဉ်နဲ့ စာသား တွေကြောင့် ပါတီနဲ့ အလိုက်ဖက်ဆုံး သီချင်းများ ထဲကတစ်ပုဒ်ဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ထွက်ရှိခဲ့တာ ကြာပြီဖြစ်ပေမဲ့ ကောင်းနေဆဲ ပါတီနဲ့ အလိုက်ဖက်ဆုံး သီချင်းများ ပဲ ဖြစ်ပါတယ်။ ကွီးတို့ ပါတီလုပ်တဲ့အခါ သူများနဲ့ မတူတဲ့သီချင်းတွေကို ရှာနေတယ်ဆိုရင် ဒီသီချင်းတွေကို သတိရလိုက်ပါ။
Source :TimeOut
Featured Photo : largo