ကိုယ့်ရဲ့ ပါတီပွဲ သို့ တက်ရောက်လာတဲ့ ပရိသတ်များအတွက် တစ်သက်တာလုံး အမှတ်ရ သွားစေဖို့ရန် ဖန်တီးချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဒီနည်းလမ်းကောင်းလေးတွေကို အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပါတီပွဲ သည် အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ ပါတီပွဲတစ်ခုဖြစ်လာမှာပါ။

ကိုယ့်ရဲ့ အိမ်နီးချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကြားပါ

ပါတီပွဲ အမှတ်ရ

ဘယ်နေ့ ဘယ်ရက်မှာတော့ ပါတီပွဲပြုလုပ်မှာဖြစ်ကြောင်း သူငယ်ချင်းတွေကို ဖိတ်ကြားလိုက်ပါ။ အိမ်နီးချင်းများကိုတော့ လှလှပပလေးနဲ့ ပြုလုပ်ထားတဲ့ ဖိတ်စာဖြင့် ဖိတ်ကြားနိုင်သလို အိမ်ချင်း မနီး၊ ဖိတ်စာ သွားပေးလို့ အဆင်မပြေရင်တော့ ဆိုရှယ်မီဒီယာကနေတဆင့် ဖိတ်ကြားနိုင်ပါတယ်။

အချိန်ကို သတိထားပါ

ပါတီပွဲ အမှတ်ရ

သင့်ရဲ့ မိတ်ဆွေတွေထဲမှာ ဘယ်သူကတော့ အချိန်တိကျပြီး ဘယ်သူကတော့ နောက်ကျတတ်သလဲဆိုတာကို သင် အသိဆုံးဖြစ်ပါလိမ့်မယ်။ အချိန်တိကျသူများကိုတော့ ပွဲစမယ့်အချိန်ကို အတိအကျပြောထားနိုင်ပြီး နောက်ကျနိုင်ခြေများသူတွေကိုတော့ တစ်နာရီလောက် ကြိုချိန်းထားနိုင်ပါတယ်။

အစားအသောက်နှင့် ဖျော်ရည်မျိုးစုံတို့ ရယ်ဒီဖြစ်နေအောင် ပြင်ထားပါ

ပါတီပွဲ အမှတ်ရ

ပါတီပွဲ မစခင်ကတည်းက အစားအသောက်နှင့် ဖျော်ရည်မျိုးစုံကို ရယ်ဒီဖြစ်နေအောင် ပြင်ထားပါ။ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာတော့မှ အစားအစာတွေ နေရာချမယ်ဆိုရင်တော့ နောက်ကျသွားပါလိမ့်မယ်။ အစားအစာများ နေရာချတဲ့အခါမှာလည်း ဂရုစိုက်ဖို့လိုအပ်ပါလိမ့်မယ်။ အမျိုးအစားတူရာ တူရာတွေကို စုထားပေးပါ။ ဗျောက်သောက် မထားဘဲ စနစ်တကျလေး တည်ခင်းဧည့်ခံထားခြင်းဖြင့် သင့်ရဲ့ ပါတီပွဲသည် ခမ်းနားလှပနေမှာဖြစ်ပါတယ်။

ပါတီပွဲနှင့် လိုက်ဖက်တဲ့ သီချင်းများ ရွေးချယ်ကာ ဖွင့်ထားပါ

party music

မြူးမြူးကြွကြွနှင့် မြူးတူးကခုန်နိုင်မယ့် ပါတီသီချင်းကောင်းများ ရွေးချယ်ထားပါ။ ထိုသီချင်းကောင်းများကို Selection ရွေးချယ်ထားကာ ပါတီမစခင်ကတည်းက သီချင်းများ စမ်းသပ်ထားပါ။ စပီကာများက အဆင်ပြေ၊ မပြေကိုလည်း ကြိုတင်စစ်ဆေးထားဖို့လိုပါလိမ့်မယ်။

ဧည့်သည်တွေကို မပျင်းအောင်လို့ တစ်ခုခု လုပ်ခိုင်းပါ

party game

Photo: Funpartypop

ဧည့်သည်တွေဆိုသည်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ကြာကြာ စကားပြောနိုင်မှာလဲ။ အလွန်ဆုံး နာရီဝက်၊ ၄၅ မိနစ်လောက်ပါပဲ။ ထို့ထက် ကျော်လာပြီဆိုရင်တော့ သူတို့လည်း ပျင်းရိပြီး အိမ်ပြန်ချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။ ထိုသို့မဖြစ်အောင်လို့ ဧည့်သည်တွေကို တစ်ခုခု ပြုလုပ်ခိုင်းပါ။ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ သူတို့ကို မဲဖောက်ပေးတာပဲဖြစ်ဖြစ် ပျော်ရွှင်ဖွယ်ကောင်းပြီး အမှတ်တရဖြစ်စေမယ့်အရာတစ်ခုခု ဖန်တီးပေးနိုင်ပါတယ်။

ဒီနည်းလမ်းကောင်းတွေကတော့ ပါတီပွဲ တစ်ခုကို အမှတ်ရ သွားပြီး ပျော်ရွှင်စရာကောင်းအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Complex

Featured Image: Swindonalexandrahouse