ပါတီတစ်ခု စီစဉ်တဲ့နေရာမှာ ပါတီလုပ်မဲ့နေရာ ၊ ဖိတ်မဲ့လူဦးရေနဲ့ ဧည့်ခံမဲ့ အစားအသောက်များကို ကြိုတင်ပြင်ဆင်ရလေ့ ရှိပါတယ်။ ပါတီ မှာထည့်သွင်းဧည့်ခံမဲ့ အဖျော်ယမကာများကိုလည်း ဖိတ်ကြားမဲ့ ဧည့်သည်အလိုက် သေချာတွက်ချက်ရန် လိုပါတယ်။ ပါတီတစ်ခုမှာ အဖျော် ယမကာ သောက်စရာများက လုံးဝကို မပါမဖြစ်တဲ့ အသက်သွေးကြောပါပဲ။ ဘယ်လို အဖျော်ယမကာတွေ ထည့်သွင်းမယ်ဆိုတာ ကြိုတင်စီစဉ်ထားသင့်ပါတယ်။ ဒါကြောင့် ကွီးတို့ ပါတီမှာ ထည့်သွင်း ဧည့်ခံသင့်တဲ့ အဖျော်ယမကာများ ကို ဖော်ပြပေးပါမယ်။
(၁) ဘီယာ
Photo : Unplash
ကွီးတို့ရဲ့ ပါတီမှာ ထည့်သွင်း ဧည့်ခံသင့်တဲ့ အဖျော်ယမကာများ ထဲမှာ လုံးဝကို မမှားတဲ့ ရွေးချယ်မှုကတော့ ဘီယာပါပဲ။ လူတော်တော်များများကတော့ ဘီယာကို ကြိုက်နှစ်သက်ကြပါတယ်။ စျေးကွက်မှာ အမျိုးမျိုးသော တံဆိပ်မျိုးစုံနဲ့ ဘီယာအမျိုးအစား စုံလင်စွာရှိပါတယ်။ ကွီးတို့အနေနဲ့ စိတ်ကြိုက်ရွေးချယ်ပြီး ပါတီလာရောက်သော ဧည့်သည်များရဲ့ အရသာနဲ့ ကိုက်ညီစေရန် ဘီယာကို အနည်းဆုံး ရွေးချယ်စရာ အမျိုးအစား ၂ မျိုးလောက် စီစဉ်ထားပေးသင့်ပါတယ်။ ဘီယာဟာ ပါတီလာဧည့်သည်များကို စကားစမြည်ပြောရန်နှင့် စိတ်ပျော်မြူးလာစေရန် အစပျိုးပေးပါလိမ့်မယ်။
(၂) ဝိုင်
Photo : Aisa Berverage Media Group
ဘီယာကို လူတိုင်းနှစ်သက်တာ မဟုတ်တဲ့အတွက် ပါတီပွဲကိုလာတဲ့ သူများအတွက် နောက်ထပ်ရွေးချယ်စရာ တစ်ခုအနေနဲ့ ဝိုင် ကိုစီစဉ်ထားသင့်ပါတယ်။ ဝိုင်က ပါတီကိုလာတဲ့ ဧည့်သည်များအား ပါတီတွင် ဖွင့်ထားသော သီချင်းများအလိုက် စည်းချက်ညီစွာ ကောင်းမွန်သော ခံစားမှုကို ပေးစွမ်းပါလိမ့်မယ်။ ဝိုင်ကိုလည်း ပါတီလာဧည့်သည်များ ရွေးချယ်နိုင်စေရန် ဝိုင်အဖြူနဲ့ ဝိုင်အနီ ၂ မျိုးလုံးကို ထားရှိပေးပါ။
(၃) Vodka Soda
Photo : Cutwater Spirits
နောက်ထပ် ပါတီမှာ ထည့်သွင်း ဧည့်ခံသင့်တဲ့ အဖျော်ယမကာ အမျိုးအစားကတော့ ပါဝင်ပစ္စည်း ၂ မျိုးပါဝင်တဲ့ Vodka Soda ပဲဖြစ်ပါတယ်။ Vodka Soda ကတော့ ဘယ်လိုပါတီအမျိုးအစားမဆို လူကြိုက်များပြီး အကောင်းဆုံး ရွေးချယ်မှုထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဗော်ကာက ပါတီပွဲများတွင် ရေပန်းအစားဆုံး အဖျော်ယမကာဖြစ်ပြီး အခြားသော အဖျော်ယမကာများ၊ ဖျော်ရည်များနဲ့လည်း ကော့လ်တေး အမျိုးမျိူး ဖျော်စပ်ပြီး တည့်ခင်းဧည့်ခံလို့ ရပါသေးတယ်။
(၄) Gin and Tonic
Photo : Wine-Liquor.Store
ဤရိုးရှင်းပြီး လန်းဆန်းစေတဲ့ သောက်စရာလေးကတော့ Gin နဲ့ Tonic Water ကို ရေခဲအများကြီးနဲ့ရောစပ်ထားတဲ့ ကော့လ်တေး တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့လန်းဆန်းအေးမြစေတဲ့အရသာဟာ ညနေခင်းအိုက်စပ်တဲ့ ပါတီနဲ့တော့ ကွက်တိပါပဲ။ Gin နဲ့ Tonic ကိုဖျော်စပ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် ကွီးတို့ငှားရမ်းထားတဲ့ Bartender ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ထိမိတဲ့အရသာကို ပါတီလာဧည့်သည်အပေါင်း မြည်းစမ်းခွင့်ရမှာ ဖြစ်ပါတယ်။
(၅) ဝီစကီများ
Photo : The Sommelier Company
ကွီးတို့ပါတီကို လာရောက်တဲ့ဧည့်သည်တွေထဲမှာ ဝီစကီ ကြိုက်နှစ်သက်တဲ့ လူတွေပါမှာပါ။ ထို့ကြောင့် ကွီးတို့အနေနဲ့ ပါတီမှာ ဧည့်ခံမဲ့ အဖျော်ယမကာထဲမှာ ဝီစကီ အချို့ကိုထည့်သွင်းထားခြင်းကလည်း မမှားပါဘူး။
(၆) အခြားသော သောက်စရာများ
Photo : Healthshots
ကွီးတို့ရဲ့ပါတီမှာ အယ်လ်ကိုဟောမသောက်ချင်တဲ့ ဧည့်သည်များအတွက် အခြားသောသောက်စရာများကိုလည်း စီစဉ်ထားရှိပေးသင့်ပါတယ်။ ဥပမာအားဖြင့် သံပုရာသီးဖျော်ရည်၊ လိမ္မော်ရည် စသည်တို့ဖြစ်ပါတယ်။ ထို့နောက် သောက်ရေသန့်များကိုလည်း စီစဉ်ထားသင့်ပါတယ်။
ကွီးတို့ရေ ပါတီနဲ့ အဖျော်ယမကာဟာ တကယ်ကို ခွဲလို့မရတဲ့ အတွဲအစပ်ပါ။ အဖျော်ယမကာမပါတဲ့ ပါတီဟာ ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပါတီတစ်ခုခုလုပ်ဖို့ စီစဉ်နေတဲ့ ကွီးတို့အတွက် ပါတီမှာ ထည့်သွင်း ဧည့်ခံသင့်တဲ့ အဖျော်ယမကာများ ကို ဖော်ပြပေးလိုက်ပါတယ်။
Source : Professional Bartender Unlimited
Featured Photo : Mensjournal