အိမ်တွင်း ပါတီ ပွဲ ကျင်းပတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးအကင်းဆုံးဖြစ်အောင် ပြုလုပ် ဆင်နွှဲ ဖို့ လိုအပ်ပါတယ်။ ပါတီပွဲ အပြင်အဆင်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သင့်ပြီး ပါတီပွဲ တက်လာသူများကိုလည်း အပျော်ရွှင်ဆုံးနှင့် အမှတ်တရအဖြစ်ဆုံး အတွေ့အကြုံတစ်ခု ပေးအပ်ဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ကိုယ့်ရဲ့ ပါတီ ပွဲကို အသက်အဝင်ဆုံးနဲ့ ပျော်ရွှင်စရာအကောင်းဆုံးဖြစ်အောင် ဆင်နွှဲ ချင်ကြသူများအတွက် အကောင်းဆုံးနည်းလမ်းများကို ဝေမျှပေးချင်ပါတယ်။

မီးအလင်းအရောင်ကို သေချာဂရုစိုက်ပါ

ပါတီ ဆင်နွှဲ

ပါတီပွဲတစ်ခုအတွက် အရေးအကြီးဆုံးသည် မီးအပြင်အဆင်ပဲ ဖြစ်ပါတယ်။ မီးအပြင်အဆင်က အရမ်း လင်းလွန်းနေပြန်ရင်လည်း မကောင်းသလို အရမ်းမှောင်လွန်းနေတဲ့အခါမှာလည်း ပါတီပွဲနဲ့ တူတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ အိမ်တွင်း ပါတီ ပွဲအတွက် အသင့်တော်ဆုံးနဲ့ အကောင်းမွန်ဆုံး မီးအပြင်အဆင်ကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ပါတီအပြင်အဆင်ကို သေသေချာချာပြင်ဆင်ပါ

ပါတီ ဆင်နွှဲ

မီးအပြင်အဆင်ရဲ့ အနောက်မှာ ဒုတိယအရေးကြီးတာကတော့ ပါတီ ရဲ့ Decoration ဖြစ်ပြီး ပါတီပွဲမှာ အကောင်းဆုံး ဆင်နွှဲ နိုင်ဖို့အတွက် ကူညီပေးမှာ ဖြစ်ပါတယ်။ ဟောလိုးဝင်းပါတီဆိုရင်လည်း ဟောလိုးဝင်း Theme အမျိုးအစားနဲ့ တူညီအောင် ပြင်ဆင်ပေးလိုက်ပါ။ Farwell ပါတီဆိုလည်း ထိုပါတီအပြင်အဆင်နဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးနိုင်ပါတယ်။

အိမ်ထောင်ပရိဘောဂများကို သေချာရွေ့ပါ

ပါတီ ဆင်နွှဲ

သင့်ရဲ့အိပ်ခန်းကို ကျယ်ကျယ်ဝန်းဝန်းဖြစ်သွားပြီး နေရာပိုရအောင်လို့ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ရွေ့သင့်တဲ့နေရာ ရွေ့ထားလိုက်ပါ။ ဆိုဖာများ၊ ထိုင်ခုံများဖြင့် နေရာပြည့်ကြပ်နေအောင် မဖန်တီးဘဲ ပါတီပွဲလာသူများ သီချင်းနှင့်အတူ ကခုနိုင်အောင် ပြင်ဆင်ပေးထားလိုက်ပါ။

ကျွမ်းကျင်တဲ့ DJ သမားများ ငှားရမ်းပါ

ပါတီ ဆင်နွှဲ

ကျွမ်းကျင်တဲ့ DJ သမားတစ်ယောက်သည် တေးဂီတ Playlist များကို ဘယ်လိုမျိုး စီစဉ်ထားရမလဲဆိုတာ ကောင်းကောင်း သိနားလည်ပါတယ်။ သင့်အနေနဲ့ ပါတီ တေးသီချင်းတွေနဲ့ ပတ်သက်လို့ ကိုယ့်ဘာသာကိုယ် စီစဉ်ရမှာ အာရုံနောက်တယ်ဆိုရင်တော့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။

ဓာတ်ပုံဆရာ ငှားရမ်းပါ

party tips

Photo: iStock

သင့်အနေနဲ့ အမှတ်တရကောင်းများကို သိမ်းဆည်းချင်မှာပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း ပါတီပွဲမှာ ဧည့်သည်များကို ဧည့်ခံရမှာဆိုတော့ ဓာတ်ပုံလိုက်ရိုက်ဖို့လည်း အားမှာမဟုတ်ပါဘူး။ ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။

အကောင်းဆုံး နည်းလမ်းကတော့ ဓာတ်ပုံဆရာတစ်ယောက် ငှားရမ်းက ဓာတ်ပုံရိုက်ခိုင်းလိုက်ပါ။ အမှတ်တရကောင်းများကို အမိအရ ရိုက်ယူချင်ပြီး လှလှပပလေးလည်း ဖြစ်စေချင်တယ်ဆိုရင်တော့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာက အကောင်းဆုံးပါပဲ။

အယ်လ်ကိုဟော ဖျော်ရည်များ သေသေချာချာပြင်ဆင်ထားပါ

party

ဒီအချက်ကတော့ အရေးကြီးဆုံးပါပဲ။ အယ်လ်ကိုဟော ဖျော်ရည်များ၊ သစ်သီးဖျော်ရည်များ၊ စားစရာများအားလုံးကို လောက်လောက်ငှငှနှင့် ပိုပိုလျှံလျှံ ပြင်ဆင်ထားမှသာလျှင် ဧည့်သည်များလည်း များများစားစား စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

အိမ်နီးချင်းများကိုလည်း အကြောင်းကြားပါ

party tips

Photo: iStock

အိမ်နီးချင်းများကို အကြောင်းကြားခိုင်းတာကတော့ တခြားမဟုတ်ပါဘူး။ သင်တို့ အိမ်မှာ ပါတီပွဲရှိကြောင်း၊ ဘယ်နှနာရီကနေ စပြီး ဘယ်နှနာရီလောက်မှာ ပြီးဆုံးမှာဖြစ်ကြောင်း၊ ဆူညံ့သံများကြောင့် အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့် ကြိုတင် မေတ္တာရပ်ခံထားချင်ကြောင်း ကိုယ့်ဘက်ကနေ တောင်းဆိုထားနိုင်ပါတယ်။ ထိုကဲ့သို့ မေတ္တာရပ်ခံစကား သွားရောက်ပြောကြားနေချိန်မှာလည်း သူတို့အတွက် စားစရာတစ်ခုခု၊ မုန့်တစ်ခုခု ယူသွားပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ လက်ချည်းသပ်သပ်နဲ့ မေတ္တာရပ်ခံရတာမျိုး မဟုတ်တဲ့အတွက်ကြောင့် ပိုပြီး မျက်နှာလှပြီး အမြင်တင့်တယ်စေပါတယ်။

Source: Mgnevents

Featured Image: Localsamosa