အမှတ်တရ နေ့ရက်တစ်ရက်ကို တစ်ယောက်တည်း ဖြတ်သန်းရတာက ပျင်းစရာကောင်းလွန်းလှပါတယ်။ ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဖြတ်သန်းကြမယ်ဆိုရင်တော့ ထိုနေ့ရက်လေးသည် ဘဝမှာ အမှတ်တရအဖြစ်ဆုံး နေ့ရက်တစ်ရက်ဖြစ်မှာ အမှန်ပါပဲ။ ကိုယ့်ရဲ့ ပါတီ ပွဲကို အရင်းနှီးဆုံး မိတ်ဆွေတွေ အကုန်လုံး တက်ရောက်စေချင်ပြီး လူစည် စေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများဖြင့် စမ်းသပ်နိုင်ပါတယ်။

ဒီနည်းလမ်းများကတော့ ကွီးတို့ရဲ့ ပါတီ မှာ လူစည် ပြီး ပျော်ပျော်ပါးပါးနှင့် အသက်ဝင်နေစေအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

အရာရာတိုင်းကို ကြိုတင်ပြင်ဆင်ထားပါ

ပါတီ လူစည်

ကွီးတို့ သူငယ်ချင်းတွေထဲမှာ ၂၄ နာရီလုံး အလုပ်များနေကြတဲ့သူတွေလည်း ရှိမှာဖြစ်သလို အပျင်းတစ်နေကြတဲ့ ဘော်ဘော်တွေလည်း ရှိမှာပါပဲ။ သူတို့ကို သွားပြီး အကြံဉာဏ် တောင်းနေလို့ကတော့ ထိုပါတီပွဲက အစတောင် ဖော်လို့ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ကွီးတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာ ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ ဘယ်နေရာမှာ ပါတီပွဲ လုပ်ချင်တယ်၊ ဘယ်အချိန်မှာ လုပ်ချင်တယ်၊ ဘယ်လိုအစားအစာတွေ တည်ခင်းဧည့်ခံမယ်၊ ဘယ်လို Activity တွေ ထည့်မလဲ​စတာတွေကို အစကနေ အဆုံးအထိ ကိုယ့်ဘာသာကိုယ် စဥ်းစားရမှာပဲဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာပါ

ပါတီ လူစည်

Photo: Canva

ယနေ့ခေတ်မှာ ဘာလုပ်လုပ် လူစိတ်ဝင်စားမှု ခံချင်တယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ် တင်တာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ပါတီပွဲကို စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်စေချင်ပြီး ပါတီ မှာ လူစည် ချင်တယ်ဆိုရင်တော့ ပါတီ ဖိတ်စာကို ရှေးရိုးဆန်တဲ့ ဖိတ်ကြားနည်းတွေနဲ့ မဖိတ်ဘဲ ဒီဇိုင်းအလန်းစားဖြင့် ရေးထားတဲ့ ဖိတ်စာကို ဆိုရှယ်မီဒီယာပေါ် တင်ကာ လူဘယ်နှယောက်လာနိုင်မလဲဆိုတာကို Poll လုပ်ပြီး မေးမြန်းလိုက်ပါ။ ဒီနည်းလမ်းက စိတ်ဝင်စားစရာကောင်းပြီး ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။ ကြေညာတဲ့အခါမှာလည်း အမှန်တကယ် လာနိုင်တဲ့သူတွေပဲ မဲပေးကြဖို့ သေချာမေတ္တာရပ်ခံထားသင့်ပါတယ်။

ပါတီပွဲ ကျင်းပဖို့ နှစ်ရက် (သို့) တစ်ရက်အလိုမှာ ကြိုတင် သတိပေးပါ

Party invitation

လူတိုင်းမဟုတ်ရင်တောင် လူတစ်ဝက်လောက် နီးပါးက အမေ့သန်တတ်ကြပါတယ်။ ကွီးတို့ ဘော်ဒါထဲမှာရော အမေ့သန်တဲ့သူ ဘယ်နှယောက်လောက်ရှိပါသလဲ။

အမေ့သန်တဲ့လူတွေ ပါတီပွဲ မတက်ရောက်မိမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါတီ ကျင်းပဖို့ ရက်အနည်းငယ် အလိုမှာ ကြိုတင်သတိပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဒါမှသာလျှင် ရက်စွဲ မှားမှတ်ထားမိတာမျိုး (သို့) မေ့သွားတတ်တဲ့ အခြေအနေမျိုးမှ ရှောင်လွဲလို့ရမှာ ဖြစ်ပါတယ်။

Dress Code ကို စိတ်ဝင်စားစရာကောင်းအောင် ပြင်ဆင်ပါ

ပါတီ လူစည်

ပါတီ ဖိတ်ကြားတဲ့အခါမှာ Dress Code ကိုပါ တစ်ခါတည်း ထည့်သတ်မှတ်ထားမယ်ဆိုရင် ကွီးတို့ ပါတီပွဲက စိတ်ဝင်စားဖို့ကောင်းပြီး လူစည် မှာဖြစ်ပါတယ်။

ကိုယ် ဝတ်ချင်တဲ့ အဝတ်အစားတွေပဲ ဝတ်လာစေမယ့်အစား စူပါဟီးရိုး Cosplay များဖြင့် ပွဲတက်ခြင်း (သို့) ဂျပန် Anime ဇာတ်ကားများထဲကလို Cosplay ဝတ်ဆင်ကာ ပါတီ ဆင်နွှဲခြင်း အစရှိသည်တို့ကို ပြုလုပ်သင့်ပါတယ်။ ဒါမှ ကွီးတို့ ဘော်ဒါတို့လည်း ပါတီပွဲ တက်ဖို့ စိတ်အားထက်သန်နေကြမှာဖြစ်ပါတယ်။

ကျေးဇူးတင်စကားပြောဖို့လည်း မမေ့ပါနဲ့

Party invitation

ပါတီပွဲတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများပေါ် တင်ကာ ပါတီပွဲသို့ ကြွရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ကျေးဇူးတင်စကားပြောကြားဖို့ လိုအပ်ပါသေးတယ်။ ဒါမှ ကွီးတို့က Host တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်မှာဖြစ်ပါတယ်။ နောက်ထပ် ပါတီပွဲတွေ ကျင်းပတဲ့အခါမှာလည်း ကွီးတို့ရဲ့ ပါတီပွဲသို့ ထပ်တက်ချင်မှာမဟုတ်လား။

အထက်ဖော်ပြပါ နည်းလမ်းများကတော့ ပါတီ ပွဲမှာ လူစည် အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။ ကွီးတို့ရော ထိုနည်းလမ်းများထဲက ဘယ်နည်းလမ်းများကို အသုံးပြုဖူးပါသလဲ။

Source: Theinvitationshop

Featured Image: Freepik