ကမ်းခြေမှာ အပန်းဖြေအနားယူခြင်းကို လူအများစုက သဘောကျနှစ်သက်ကြပါတယ်။ ဘာကြောင့်လဲ။ ကွီးတို့ကို မြို့ပြရဲ့ မွန်းကြပ်တဲ့ ခံစားမှု တွေပျောက်စေပြီး  လေကောင်းလေသန့်နဲ့  ကြည်လင်တဲ့ ပတ်ဝန်းကျင်တွေက စိတ်ရွှင်လန်း ကျန်းမာစေပါတယ်။ နေ့ဘက်အချိန် ကမ်းခြေ ရောက်ရင် ရေကူးတာ၊ လမ်း‌လျှောက်တာ၊ နေရောင်ခံတာ၊ အဖွဲ့လိုက် ကစားတာ၊ စတဲ့ အပန်းဖြေအနားယူတာတွေကို လုပ်နိုင်ပါတယ်။ Nightlife အတွက်တော့ မတူကွဲပြားပါတယ်။ ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Nightlife ကို ဘယ်လိုဖန်တီးကြမလဲ။ ကွီးတို့ စဉ်းစားကြည့်ပါ။ ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Nightlife ကို ဖန်တီးနိုင်မဲ့ နည်းလမ်း တွေ အများကြီးရှိပါတယ်။ တီထွင်ဖန်တီးတတ်ဖို့တော့လိုပါတယ်။

(၁) မီးပုံပွဲ Bonfire

ပျော်စရာကောင်းတဲ့ Nightlife

Photo : Shutterstock

အေးချမ်းတဲ့ညအချိန် သဲသောင်ပြင်မှာ မီးပုံကြီးတစ်ခုကို တွေ့လိုက်ရင် ကွီးတို့ ပါးစပ် အဟောင်းသားဖြစ်သွားပါလိမ့်မယ်။ မီးပုံဘေးမှာ ရောက်တတ်ရာရာ ပြောနိုင်ကြပါတယ်။ စုပေါင်းသီချင်းဆိုနိုင်ပါတယ်။ ဂိမ်းကစားရင်း ကွီးတို့ရဲ့ ပျော်စရာကောင်းတဲ့ Nightlife ကိုရရှိမှာပါ။ မီးပုံပွဲ ကိုတော့ လူတွေအများကြီးပါဝင်ဆင်နွဲတဲ့ ပွဲတွေမှာ လုပ်ကြပါတယ်။ ကွီးတို့အဖွဲ့မှာ လူနည်းနည်းဘဲပါရင်တော့ မီးဖို Campfire နဲ့ ပျော်ရွှင်နိုင်ပါတယ်။ ကွီးတို့ ရောက်နေတဲ့ ကမ်း‌ခြေဟာ မီးပုံပွဲ Bonfire ခွင့်ပြု မပြု သိတားဖို့လိုပါတယ်။

(၂) ကမ်းခြေပျော်ပွဲစား Beach Picnic

ပျော်စရာကောင်းတဲ့ Nightlife

Photo : Pinterest

ညဘက် ကမ်းခြေပျော်ပွဲစား Beach Picnic အတွက် အဓိက လိုအပ်ချက်က အလင်းရောင် ဘယ်လိုရမလဲ။ ဖုန်းမီး ၊ လက်နှိပ်မီး၊ ဘက်ထရီသုံးမီးအိမ် တွေလိုအပ်ပါတယ်။ အလှဆင်မီးလုံးလေးတွေ စီစဉ်နိုင်ရင် ပိုပြီး ကြည်နူးစရာဖြစ်မှာပါ။ အစားအသောက်ထည့်ဖို့  ရေခဲဗူး ၊ အခင်းစောင် တွေ လိုအပ်ပါတယ်။ အရေးကြီးတာက ညအချိန်ဖြစ်လို့ အရေးပေါ် အကူအညီအတွက် လိုအပ်တာတွေကိုလည်း ကြိုတင်စီစဉ်ထားဖို့  အကြံပြုလိုက်ပါတယ်။

(၃) ကြယ်ကြည့်ခြင်း Star Gazing

star

Photo : Fiji Pocket Guide

ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Nightlife ကို ဖန်တီးနိုင်မဲ့ နောက်ထပ် နည်းလမ်းလေးကတော့ ကြယ်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ကြယ်ကြည့်ခြင်းဟာ စိတ်အေးချမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ကမ်းခြေက ကောင်းကင်ပြင်မှာ ကြယ်တွေကို ကောင်းကောင်းမြင်နိုင်ပါတယ်။ ကွီးတို့ ကြယ်ကြည့်ရင်း  ချစ်သူနှင့် ဖြစ်စေ၊ သူငယ်ချင်းအုပ်စုလိုက်ဖြစ်စေ အတွေ့အကြုံဖလှယ်နိုင်တယ်။ ရင်းရင်းနှီးနှီးစကား ပြောနိုင်ပါတယ်။ ကြယ်ကြည့်ရင်း စားဖို့ အချိုရည်၊ သွားရည်စာအချို့နဲ့ နားထောင်ဖို့ သီချင်းတွေ ပါလာရင် အကောင်းဆုံးပါဘဲ။

(၄) စခန်းချနေထိုင်ခြင်း Beach Camping

camping

Photo : Travel Texes

ကွီးတို့ရေ လူအများစုဟာ ကမ်းခြေက ရေလှိုင်းသံကို နားဆင် ခံစားရတာ သဘောကျ တတ်ပါတယ်။ အိပ်မပျော်တဲ့ လူအချို့တွေတောင် ရေလှိုင်းသံနဲ့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ကြပါတယ်။ ကွီးတို့ မိသားစု နဲ့ဖြစ်စေ၊ သူငယ်ချင်း တစ်ယောက်တည်းပင် ဖြစ်စေ Beach Camping လေးလုပ်ကြည့်ပါ။  ထူးခြားပြီး စိတ်လှုပ်ရှားဖွယ် ခံစားချက်မျိုး ရချင်ရင် ကမ်းခြေမှာ စခန်းချ နေထိုင်ပါ။ စခန်းချရင်း သဲသောင်မှာ လမ်းလျှောက်နိုင်မယ်၊ သဲရုပ်တုတွေလုပ်နိုင်မယ်။ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ခံစားချက်နဲ့ ပျော်ရွှင်မှုကို ကွီးတို့  ရရှိမှာ သေချာပါတယ်။

ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Nightlife ကို ဖန်တီးနိုင်မဲ့ နည်းလမ်းများထဲက အချို့ကို ကွီးတို့သိသွားပြီးဖြစ်လို့ ငွေဆောင်တို့ ငပလီတို့ ရောက်တဲ့အခါ  အကောင်အထည်ဖော် လုပ်ကြည့်လိုက်ပါနော်။

Source : Boatshed7

Featured Photo : Stylecraze