သူငယ်ချင်းတွေနဲ့ Weekend မှာ ပျော်ပျော်ပါးပါး Chill ချင်လို့ဖြစ်စေ၊ ချစ်သူလေးနဲ့ အေးအေးဆေးဆေး ထိုင်ချင်လို့ဖြစ်စေ ထိုင်လို့ကောင်းတဲ့ ဗဟန်းမြို့နယ်ထဲက ဘား နဲ့စားသောက်ဆိုင်များ ရှာနေတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့အကြိုက်တွေ့စေမဲ့ ဗဟန်းမြို့နယ်ထဲက ဘား နဲ့ စားသောက်ဆိုင်များကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) The Bash Yangon

ဗဟန်းမြို့နယ်ထဲက ဘား

Photo : The Bash Yangon Face

ကွီးတို့ရေ ပထမဆုံးဖော်ပြချင်တဲ့ ဗဟန်းမြို့နယ်ထဲက ထိုင်လို့ကောင်းတဲ့ ဘား လေးကတော့ The Bash Yangon ပဲဖြစ်ပါတယ်။ ဒီ ဘားလေးမှာ ဘီယာ၊ ကော့လ်တေးများ အပြင်အခြားသော အဖျော်ယမကာများလည်း ရှိပါတယ်။ ဒါ့အပြင် အရသာရှိတဲ့ အစားအစာမျိုးစုံ ကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။ ဂီတ အစီအစဉ်တွေလည်း ပါသေးတော့ ကွီးတို့ အကြိုက်ဖြစ်စေမှာပါ။ လိပ်စာကတော့ အမှတ် ၁၄၄၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။

(၂) DIVINE

ဗဟန်းမြို့နယ်ထဲက ဘား

Photo : Divine Facebook Page

နောက်ထပ်ဖော်ပြပေးချင်တဲ့ အမိုက်စား ဘား လေးကတော့ Divine ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ အရသာရှိပြီး အမျိုးအစားစုံလင်တဲ့ အစားအစာတွေစားရင်းနဲ့ ဘီယာလေးသောက်ပြီး ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့  ကွက်တိပါပဲ။ ဒီဆိုင်လေးမှာ Unplugged အစီအစဉ်လည်း ရှိပါတယ်။ လိပ်စာကတော့ အမှတ် ၁/၅ အေ ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၁ နာရီထိ ဖွင့်ပါတယ်။

(၃) Regional Bar

Bar

Photo : Regional Bar Facebook Page

ဗဟန်းမြို့နယ်ထဲက အလန်းစားဘားလေးကတော့ Regional Bar ပဲဖြစ်ပါတယ်။ ဒီဘားလေးမှာ DJ Line Up တွေလည်း ထည့်သွင်းထားလို့ မြူးကြွတဲ့ အချိန်လေးတွေ ဖြတ်သန်းချင်တဲ့ ကွီးတို့ အကြိုက်တွေ့မှာပါ။ လိပ်စာကတော့ Golden Link Condo၊ ဓမ္မစေတီလမ်းနဲ့ လင့်ခ်လမ်းထောင့်၊ ဗဟန်းမြို့နယ် ပဲဖြစ်ပါတယ်။ နေ့လည် ၂ နာရီကနေ ည ၁၁ နာရီထိ ဖွင့်ပါတယ်။

(၄) 2Bees

Bar

Photo : 2Bees Facebook Page

နောက်ထပ်ဖော်ပြချင်တဲ့ ဗဟန်းမြို့နယ်ထဲက ထိုင်လို့ကောင်းတဲ့ ဘား တစ်ခုကတော့ 2Bees Barbecue Restaurant ပဲ ဖြစ်ပါတယ်။ ဘီယာလေး သောက်ရင်း အရသာရှိတဲ့ မန္တလေးအရသာ အကင်လေးပါ စားချင်တဲ့ဆိုရင်တော့ ဒီဆိုင်လေးကို‌ ရွေးချယ်လိုက်ပါ။ ချစ်သူလေးနဲ့ ပဲတူတူထိုင်မလား၊ ဘော်ဒါတွေနဲ့ပဲ Chill မလား၊ တကယ်ကို အဆင်ပြေပါတယ်။ လိပ်စာ အပြည့်အစုံကတော့ 7A ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ ရှိပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

Featured Photo : 2Bees Barbecue Restaurant Facebook Page