ကရင်ပြည်နယ်ထဲမှာ အလှဆုံး မြို့တွေထဲက တစ်မြို့ကို ပြောပါဆိုရင် ဘားအံ့မြို့ ကတော့ ထိပ်ဆုံးကနေ ပြောရမှာပါပဲ။ လှပတဲ့ တောတောင်ရေမြေ သဘာဝအလှတရားတွေနဲ့ လည်ပတ်စရာ အထင်ကရ ခရီးသွားနေရာတွေ များစွာရှိတဲ့အတွက် ကရင်ပြည်နယ်ရဲ့ ခရီးသွားမြို့တော် လို့ပင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘားအံ့မြို့ခံ ကွီးတို့ရော ၊ ဘားအံ့မြို့ကို အလည်အပတ် သွားရောက်မယ့် ကွီးတို့အတွက်ပါ သိထားသင့်တဲ့ ဘားအံ့မြို့ ပေါ်က ထိုင်လို့ကောင်းတဲ့ Bar နဲ့ Restaurant တွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။
(၁) မော်စီ-ဘုံဆိုင်
Photo : မော်စီ-ဘုံဆိုင်
Outdoor ဧရိယာလေးမှာ လွတ်လွတ်လပ်လပ်ထိုင်ရတဲ့ ကြိုက်တဲ့ကွီးတို့အတွက် လုံးဝအကြိုက်တွေ့စေမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးကတော့ မော်စီ-ဘုံဆိုင် လို့ခေါ်ပါတယ်။ ဒီဆိုင်လေးက ခြံဝန်းအကျယ်ကြီးထဲမှာပဲ ဆိုင်နေရာအခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာ ထိုင်လို့ရမယ့် Table ဝိုင်းတွေ ပြင်ဆင်ပေးထားဆိုတော့ လွတ်လပ်မှုကတော့ အပြည့်ရှိတယ်။ အရသာရှိတဲ့ အစားအသောက်တွေစုံလင်ပြီး ကော့လ်တေး မိုက်မိုက်လေးတွေလည်း မြည်းစမ်းကြည့်လို့ ရတယ်။ အပတ်စဉ် သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ သောက်ရင်းစားရင်း ဂီတသံစဉ်တွေနဲ့ မြောလွင့်လိုက်ရုံပါပဲ။ ဆိုင်လိပ်စာက မဲဘောင် လှိုင်းဘွဲ့ လမ်းမကြီးဘေး ၊ ဘားအံမြို့ ဖြစ်ပါတယ်။
(၂) River View Sky Bar & Restaurant
Photo : River View Sky Bar & Restaurant
ဒီဆိုင်လေးကတော့ Rooftop Bar ကြိုက်တဲ့ ကွီးတို့အတွက်ပါ။ သံလွင်မြစ်ရဲ့ လှပတဲ့ အမိုက်စား View တွေကို အပေါ်စီးကနေ ခံစားကြည့်ရှုရင်း မွန်းကြပ်မှုတွေ ဖြေဖျောက်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ဒီဆိုင်လေးက Hpa-an River View Hotel ရဲ့ Rooftop မှာ ဖွင့်ထားတဲ့အပြင်ကိုမှ နေရာထိုင်ခင်းက သန့်ရှင်းသပ်ရပ်ပြီး ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် လုံးဝ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ပါးပါး Relax လုပ်လို့ကောင်းတယ်။ ဘော်ဒါတွေနဲ့ Gathering လုပ်ချင်လို့ပဲ ဖြစ်ဖြစ် Family Dinner ၊ Birthday Party ၊ Staff Party တွေကျင်းပချင်လို့ပဲ ဖြစ်ဖြစ် ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ အစားအသောက်တွေ စုံလင်သလို Music Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေကလည်း တကယ့်ကို အမိုက်စားပါပဲ။ သံလွင်မြစ်ပေါ်ကဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပြင်းလေညှင်းလေးတွေနဲ့ View လှလှလေးတွေကြည့်ရှု့ခံစားရင်း Chill ချင်ရင်တော့ River View Sky Bar & Restaurant ဆိုင်လေးကိုသာ အရောက်သွားလိုက်ပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၄/၁၂ ၊ကမ်းနားလမ်း ၊ ဘားအံမြို့ ဖြစ်ပါတယ်။
(၃) Relax Bar & Restaurant
Photo : Relax Bar & Restaurant
နောက်ထပ် ဘားအံမြို့ ၊ ကမ်းနားလမ်းပေါ်က ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ Relax Bar & Restaurant ဆိုတဲ့ ဆိုင်လေးပါ။ Relax Bar & Restaurant ဆိုတဲ့ ဆိုင်နာမည်လေးအတိုင်း သံလွင်မြစ်ရဲ့ညနေခင်း နေဝင်ဆည်းဆာအလှကို တဝကြည့်ခံစားရင်း အေးအေးဆေးဆေး Relax လို့ရတယ်။ အပေါ်အထပ် အောက်ထပ် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် ၊ မိသားစုနဲ့ ဖြစ်ဖြစ် အေးအေးငြိမ့်ငြိမ့် သက်တောင့်သက်သာ အရသာရှိတဲ့ အစားအသောက်တွေ သုံးဆောင်လို့ရတယ်။ အစားအသောက် Menu တွေလည်း ရွေးချယ်စရာ တော်တော်လေး စုံတယ်။ အရသာရှိတဲ့ အစားအသောက်တွေမြည်းစမ်းရင်း အေးဆေး Relax လုပ်ချင်ရင်တော့ Relax Bar & Restaurant ဆိုတဲ့ ဆိုင်လေးက လုံးဝစိတ်ကျေနပ်မှု ရစေမှာပါ။ ဆိုင်လိပ်စာကတော့ အမှတ်(၄) ၊ ကမ်းနားလမ်း ၊ ဘားအံမြို့ဖြစ်ပါတယ်။
Featured Photo : မော်စီ-ဘုံဆိုင်