ဘီယာ ချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရွှေမန်းမြေ က အလန်းစား ဘား နှင့် ဘီယာဆိုင်များကို ညွှန်းပေးချင်ပါတယ်။ ဘော်ဒါတွေနဲ့အတူတူ စိတ်ပြေလက်ပျောက် ဘားထိုင်ရင်း Unplugged Music အစီအစဥ်များ၊ DJ သမားများရဲ့ ဖျော်ဖြေတင်ဆက်မှုများကိုလည်း နားဆင်ခံစားနိုင်ပါတယ်။
Cheers Bar & Restaurant
Photo: Facebook
ဒီဆိုင်ကတော့ ၃၂ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီခွဲအထိဖြစ်ပါတယ်။ ဘားထိုင်လို့ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်သလို Private ပါတီပွဲများ ကျင်းပချင်သူများအတွက်လည်း အသင့်တော်ဆုံးနှင့် အရွေးချယ်သင့်ဆုံး နေရာတစ်နေရာပဲဖြစ်ပါတယ်။
မွေးနေ့ပွဲများ၊ ပါတီပွဲများ ကျင်းပချင်သူများအနေနဲ့ ၂ သိန်းဖိုးပြည့်တဲ့အခါ ဘောလုံးအလှဆင်ပေးခြင်း (သို့) Food Only 10% Discount (သို့) Get Shisha 2 Pots အစရှိတဲ့ ရွေးချယ်စရာသုံးမျိုးထဲက မိမိစိတ်ကြိုက် တစ်မျိုးကို ရယူနိုင်ပါတယ်။
ပါတီပွဲမျိုးမဟုတ်ဘဲ ဘားလာထိုင်ချင်ကြသူများအတွက်လည်း အမိုက်စား အယ်လ်ကိုဟောဖျော်ရည်များအပြင် အမျိုးအစားစုံလင်လှတဲ့ ဟင်းလျာအမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်အောင် ပြင်ဆင်ပေးထားပါသေးတယ်။
NOBLE-Entertainment Bar & Restaurant
Photo: Facebook
နောက်ထပ်နေရာလေးတစ်ခုကတော့ ကခုန်ချင်သူများအတွက် အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ ၅၉ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းထောင့်၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ ရှီရှားများ၊ ကော့တေးဖျော်ရည်များ၊ ဘီယာ၊ ဝီစကီ စသည်ဖြင့် အမျိုးအစားစုံလင်ပြီး ဂီတဖျော်ဖြေတင်ဆက်မှုမျိုးစုံကိုလည်း တစ်ရက်နှင့်တစ်ရက် မရိုးရလေအောင် ပြင်ဆင်ပေးထားပါသေးတယ်။ နာမည်ကြီးအဆိုတော်များ၊ အလန်းစား DJ များကိုလည်း ဖိတ်ကြားထားပြီး ဖျော်ဖြေတင်ဆက်မှုများကို အလန်းစား စီစဥ်ပေးထားတာကတော့ NOBLE-Entertainment Bar & Restaurant ပဲဖြစ်ပါတယ်။
Ginki Mandalay, Bar & Restaurant
Photo: Facebook
Ginki Mandalay, Bar & Restaurant ကတော့ (၇၁) လမ်းနှင့် (၂၈) လမ်းထောင့် ချမ်းအေးသာဇံမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ Heineken ၊ Carlsber ၊ Tiger အစရှိတဲ့ အကောင်းစားဘီယာမျိုးစုံအပြင် ဈေးနှုန်းသင့်တင့်ပြီး ကွာလတီလည်း ကောင်းတဲ့ ပြင်သစ်၊ အီတလီ၊ ချီလီနိုင်ငံထုတ် ဝိုင်များကိုလည်း ဝယ်ယူသောက်သုံးနိုင်ပါသေးတယ်။ ဒါ့အပြင် အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံနှင့် လိုက်ဖက်တဲ့ ချိစ်ကြက်သားလုံးကြော်၊ Spaghettini Bolongnaise ၊ ကြက်သားကော်ပြန့်ကြော်၊ အမဲဘို့သားကင်၊ ခရမ်းသီးအကြွပ်ကြော်အပြင် အခြားအရသာရှိတဲ့ ဟင်းလျာအမြည်းများကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။
ဒီဆိုင်တွေကတော့ ဘီယာ ချစ်သူများအကြား နာမည်ကြီးတဲ့ ရွှေမန်းမြေ က ဘား နှင့် စားသောက်ဆိုင်များပဲဖြစ်ပါတယ်။ ကွီးတို့လည်း ထိုဆိုင်တွေမှာ ထိုင်ပြီးသွားတဲ့အခါ ဘယ်ဆိုင်က ထိုင်လို့အကောင်းဆုံးလဲဆိုတဲ့ အတွေ့အကြုံများကို အခြားသော ဘီယာချစ်သူများအတွက် ပြန်လည် ဝေမျှပေးခဲ့နိုင်ပါတယ်။
Featured Image: CheersBarMandalay