ညနေရုံးဆင်းချိန်တွေမှာ ဘော်ဒါတွေနဲ့အတူတူ Bar ထိုင်ရတဲ့ ကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရန်ကုန်မြို့ထဲက ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတွေကို ရွေးချယ်တင်ဆက်ပေး ချင်ပါတယ်။ Music Band တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို နားဆင်ရင်း Relax လုပ်မလား ၊ ဘော်ဒါတွေ နဲ့အတူတူ World Cup အားပေးမလား ကွီးတို့စိတ်ကြိုက် Chill လို့ရမယ့် ဆိုင်အမိုက်စားလေးတွေ ဖြစ်ပါတယ်။ ကဲ ဘယ်ဆိုင်တွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) The Street Beer Pub

Photo : The Street Beer Pub

ဒီဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ် အနီးတဝိုက်က ကွီးတို့အတွက် အမိုက်စား Chill လို့ရမယ့် Bar လေးပါ။ အစားအသောက်တွေလည်း စုံလင်ပြီး Music Band တွေရဲ့ Live ဖျော်ဖြေမှု အစီအစဉ်တွေကလည်း လုံးဝအမိုက်စားပါပဲ။ အပေါ်ထပ်အောက်ထပ် ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တစ်ဆိုင်လုံး Reggae အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ လူငယ်ဆန်ဆန် ခပ်မိုက်မိုက် ပုံစံလေး ဖြစ်ပါတယ်။ ကော့လ်တေးတွေ မိုက် ၊ သောက်စရာ Drinks တွေ စုံပြီး အရသာရှိတဲ့ အစားအသောက်တွေ အစုံအလင်ရတဲ့ အပြင် Entertainment အစီအစဉ်တွေကလည်း လုံးဝရှယ်ပဲမလို့ ကွီးတို့သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဆိုင်လိပ်စာက မိုးဆွေမှတ်တိုင် ၊ ၆၄/၁၊ ၁၄/၂ ၊ သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) TapRoom 254

Photo : TapRoom 254

သင်္ဃန်းကျွန်း အနီးတဝိုက်က ဘော်ဒါတွေ အတွက် အမိုက်စားဆိုင်လေး တစ်ဆိုင် ညွှန်းပေးပါမယ်။ ဒီဆိုင်လေးကတော့ TapRoom 254 လို့ ခေါ်ပါတယ်။ ဆိုင်ဖွင့်တာ လပိုင်းပဲရှိသေးတဲ့ အသစ်ဆက်ဆက် Bar အသစ်လေးပါ။ ဆိုင်နေရာ အခင်းအကျင်းက တော်တော်လေး ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိပြီး Indoor မှာပဲ ထိုင်မလား ၊ လွတ်လွတ်လပ်လပ် Outdoor မှာထိုင်မလား စိတ်ကြိုက် ရွေးလို့ရပါတယ်။ ဘော်ဒါတွေနဲ့ ကမ္ဘာ့ဖလားပွဲ Live ပွဲစဉ်တွေ ကြည့်ရင်း အမိုက်စား Promotion အစီအစဉ်တွေလည်း ရယူနိုင်ပါသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၂၅၄ ၊လေးထောင့်ကန်လမ်း ၊ သုမင်္ဂလာရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) World King Food & Drink

Photo : World King Food & Drink

ဂီတကိုချစ်မြတ်နိုးတဲ့ ကွီးတို့အတွက် နာမည်ကြီး အဆိုတော်တွေရဲ့ Live ဖျော်ဖြေမှုတွေနဲ့အတူ Show ပွဲတစ်ပွဲကို ကြည့်ရသလို Vibe မျိုးလေး ခံစားရချင်တယ်ဆိုရင်တော့ World King Food & Drink ဆိုတဲ့ Bar လေးကိုသာ အရောက်သွားလိုက်ပါ။ စိမ်းစိမ်းစိုစို သစ်ပင်လေးတွေကြား လေတဖြူးဖြူးနဲ့ တောအုပ်လေးထဲ ရောက်သွားသလို Greenery Vibe မျိုး ခံစားမလား ၊ နာမည်ကြီး အဆိုတော်တွေရဲ့ Live ဖျော်ဖြေမှုတွေ ကြည့်ရှုခံစားရင်း Relax လုပ်မလား World King Food & Drink ဆိုတဲ့ ဆိုင်လေးက ကွီးတို့ အကြိုက်နဲ့ လုံးဝ ထပ်တူကျစေမှာပါ။ ချစ်သူလေးနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဒိတ်ချင်လို့ဖြစ်ဖြစ် ၊ ဘော်ဒါတွေ နဲ့ ဆုံပြီး Chill ချင်လို့ပဲ ဖြစ်ဖြစ် အစားအသောက်ကောင်းတွေနဲ့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ World King Food & Drink ဆိုင်လေးက တကယ်ကိုပဲ ပြီးပြည့်စုံတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၉) ၊ ပေါ်ဆန်းမွှေးလမ်း ၊ သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : World King Food & Drink