ဘော်ဒါ တွေနဲ့အတူတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပါတီပွဲ များ ဖန်တီးချင်တဲ့ ကွီး တို့အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပါတီအမျိုးအစားအမျိုးမျိုးရှိသလို ပါတီကျင်းပပုံ ကျင်းပနည်းတွေကလည်း တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။

မွေးနေ့ပါတီပွဲအတွက် ကျင်းပချင်တာလား (သို့) သူငယ်ချင်းတစ်ယောက်ယောက်က လူပျိုဘဝက ကျွတ်လွတ်တော့မှာမလို့ ဂုဏ်ပြုပါတီပြုလုပ်ပေးချင်တာလား (သို့) ပျော်ရွှင်စရာသောကြာနေ့ညကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်တာလား။ ကိုယ်ကျင်းပချင်တဲ့ ပါတီအမျိုးအစားပေါ် မူတည်ပြီး ဘော်ဒါ တွေနဲ့အတူတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပါတီပွဲ များကို ကွီး တို့ ဖန်တီးနိုင်ပါတယ်။

ကိုယ့်ရဲ့ အိမ်တွင်း ပါတီပွဲ ကို ပိုမိုသက်ဝင်လှုပ်ရှားလာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။

ကော့တေး ဖျော်ရည်များ၊ ဝိုင်များ၊ ဝီစကီများ စုံလင်အောင် တည်ခင်းပါ

ဘော်ဒါ ပါတီပွဲ ကွီး

ဒီလိုမျိုး ယမကာဖျော်ရည်လေးတွေ အမျိုးမျိုးချပေးထားမယ်ဆိုရင်တော့ ကိုယ် ကြိုက်တဲ့ဖျော်ရည်ကို အလွယ်တကူယူသောက်လိုက်ရုံပဲမဟုတ်လား။ တစ်ခုရှိတာကတော့ လိုင်းတွေ ပူးမသွားစေဖို့ပါပဲ။ တော်ကြာနေ အသွားမတော် တစ်လှမ်း၊ အသောက်မတော် တစ်ငုံ ဖြစ်နေမှ ကောင်းကောင်း မပျော်ပါးနိုင်ဘဲ နေပါလိမ့်မယ်။

ပရိုဂျက်တာဖြင့် သည်းထိတ်ရင်ဖိုဇာတ်ကားများ ကြည့်ပါ

ဘော်ဒါ ပါတီပွဲ ကွီး

Photo: 180technologies

ပါတီစစချင်းမှာ အသောက် အမြည်းလေးတွေ သီချင်းသံစဉ်များနှင့် မြူးတူးကခုန်ပြီးသွားတဲ့အခါ သည်းထိတ်ရင်ဖိုအချိန် ရောက်ရှိလို့လာပြန်ပါပြီ။ သူငယ်ချင်းတွေချည်းပဲ စုပြီး သည်းထိတ်ရင်ဖိုဇာတ်ကားများ အတူတူကြည့်ရခြင်းသည်လည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

ပါတီဂိမ်းများ ကစားပါ

ဘော်ဒါ ပါတီပွဲ ကွီး

Photo: Rolling Stone

ဘော်ဒါ တွေ ဆုံလာပြီဆိုရင် ဘယ်လိုဂိမ်းမျိုး ဆော့ကစားလေ့ရှိပါသလဲ၊ ပါတီပွဲ အတွက် ရည်ရွယ်ထားတဲ့ သီးသန့်ဂိမ်းမျိုးကိုသာ ကွီး တို့ ဆော့ကစားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကွီးတို့ဆော့နေကျ ဂိမ်းတွေကိုလည်း ပါတီပွဲ ကျင်းပနေစဉ်မှာ အတူတူဆော့ကစားလို့ရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲဆိုတာ စည်းကမ်းသတ်မှတ်ချက်မရှိတဲ့ ပါတီတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။

ရေကူးကန်ပါတီကျင်းပပါ

ဘော်ဒါ ပါတီပွဲ ကွီး

ရေကူးကန်ပါတီများသည်လည်း လူငယ်လူရွယ်များအကြား ရေပန်းစားတဲ့ ပါတီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သီချင်းသံစဉ်များနှင့် အတူတူ မြူးတူးပျော်ပါးကခုန်ရင်း ပျင်းရိလာတဲ့အခါမှာ ရေကန်ထဲမှာ ရေစိမ်လိုက်ရုံပါပဲ။

အကင်ပါတီပွဲ

party at home

Photo: Barbecuebible

ခြံဝင်းကျယ်ကျယ်ဝင်းဝင်းလေးရှိတယ်ဆိုရင်တော့ အကင်ပါတီပွဲက သင့်တော်ပါတယ်။ ဒါမှမဟုတ် Rooftop ပါတီပွဲမျိုးဆိုလည်း အဆင်ပြေပါတယ်။ အကင်မျိုးစုံကို၊ ဝီစကီ၊ ဝိုင်၊ ကော့တေးမျိုးစုံနှင့် မြည်းစမ်းစားသောက်ရင်း ပျော်ပါးနိုင်ပါတယ်။ ဒါကတော့ အစားအသောက်တစ်လိုင်း ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် ပါတီပွဲပဲဖြစ်ပါတယ်။

ပျော်ပွဲစားအတူတူထွက်ပါ

party at home

Photo: Eastbaytimes

အိမ်မှာပဲနေပြီး အိမ်တွင်းပါတီပွဲ ကျင်းပရတာ ငြီးငွေ့လာပြီဆိုသူတွေအတွက် ပျော်ပွဲစားပါတီတစ်ခုလည်း ဖန်တီးနိုင်ပါတယ်။ ပျော်ပွဲစား ပါတီလေး ဖန်တီးချင်တယ်ဆိုရင် နေရာတစ်နေရာ အရင်ရွေးချယ်ပါ။ ဘယ်အချိန်သွားမှာလဲ။ ဘယ်အချိန်ပြန်လာမလဲ အစီအစဉ်ချပါ။ သယ်သွားမယ့် စားစရာ သောက်စရာများလည်း စာရင်းပြုစုပါ။ ကားယူသွားမှာလား။ ဘယ်သူ ကားမောင်းမှာလဲ။ ကားမောင်းမယ့်လူကတော့ ဝီစကီ၊ ဘီယာ၊ ကော့တေးတို့ (လုံးဝ) သောက်လို့မရပါဘူး။ ဒါမှမဟုတ် ကားမောင်းသမားကို သီးသန့်ငှားသွားမလား စတာတွေကို သေချာစဉ်းစားကာ ပျော်ပွဲစားပါတီတစ်ခု ဖန်တီးဆင်နွှဲနိုင်ပါပြီ။

Source: Mydomaine

Featured Image: Traveltriangle