ဒီလို Weekend တွေက ဘော်ဒါတွေနဲ့ ချိန်းပြီး ပျော်ပျော်ပါးပါး ဘားထိုင်လို့ ကောင်းတဲ့ အချိန်တွေပါပဲ။ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံကာ ကွီးတို့ ကြိုက်နှစ်သက်ရာ အဖျော်ယမကာတွေကို သုံးဆောင်ပြီး အေးဆေးဆေးဆေး စကားပြောရင်းနဲ့ တစ်ပတ်တာ အမောတွေကို ဖြေဖျောက်လို့ရပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဘော်ဒါ တွေနဲ့ ဆုံပြီး Chill လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
The Idol B.B.Q Restaurant

Photo : The Idol B.B.Q Restaurant
ဒီဆိုင်လေးက ကွီးတို့ ဘော်ဒါတွေနဲ့ ချိန်းပြီး ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က တကယ်ကို ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အတွက် ကွီးတို့ သူငယ်ချင်းတွေ အုပ်စုလိုက်နဲ့ Chill မယ်ဆိုရင်လည်း ရွေးချယ်သင့်တဲ့ ဆိုင်လေးပါပဲ။ ဒီဆိုင်လေးမှာ Aircon ပါတဲ့ VIP ခန်းတွေ ရှိတဲ့အပြင် လွတ်လွတ်လပ်လပ် ထိုင်ချင်တဲ့ ကွီးတို့အတွက်လည်း Open Space ရှိပါတယ်။ ဒါ့အပြင် ဆိုင်ရဲ့ အပေါ်ထပ်မှာလည်း လေလေးတဖြူးဖြူးနဲ့ ထိုင်လို့ရပါသေးတယ်။ တစ်နေရာတည်းမှာပဲ Vibe မျိုးစုံပေးစွမ်းနိုင်တဲ့ ဆိုင်လေးဆိုလည်း မမှားပါဘူး။
ဒီဆိုင်လေးမှာ တေးဂီတ အစီအစဉ်တွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်လည်း Unplugged အစီအစဉ်တွေ ထည့်သွင်းထားပါတယ်။ အရသာရှိတဲ့ အကင်တွေ၊ Menu တွေကိုလည်း ကွီးတို့ စိတ်ကြိုက် အဖျာ်ယမကာများနဲ့ အတူ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၂)၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
AQ Bar and Bistro

Photo : AQ Bar and Bistro
ကွီးတို့အတွက် ပိတ်ရက်မှာ ဘော်ဒါ တွေနဲ့ ဆုံပြီး Chill လို့ကောင်းတဲ့ ဘား လေးကတော့ AQ Bar and Bistro ပဲ ဖြစ်ပါတယ်။ ဒီဘားလေးကတော့ လူငယ်တွေ အကြိုက်တွေ့စေမဲ့ အမိုက်စား အပြင်အဆင်နဲ့ ဘားလေးပါ။ ကွီးတို့ ဘော်ဒါတွေနဲ့ပဲလာလာ၊ တစ်ယောက်တည်းပဲ လာလာ၊ အေးဆေး Chill လို့ရတဲ့ ဘားလေး ဖြစ်ပါတယ်။
သာယာတဲ့ တေးသံသာလေးတွေနဲ့ စီးမြောချင်တဲ့ ကွီးတို့အတွက်လည်း တေးဂီတ အစီအစဉ်တွေ ရှိပါတယ်။ ဒီဘားလေးရောက်ရင် အဖျော်ယမကာနဲ့ အရသာရှိတဲ့ အစားအသောက်တွေအပြင် သူ့ရဲ့ Signature ကော့လ်တေးတွေကို မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့နော်။ လိပ်စာကတော့ အမှတ် ၇၆၊ လမ်း ၅၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
The Lord – SanChaung

Photo : The Lord – SanChaung
စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ The Lord – SanChaung ဆိုတဲ့ ဒီဘားလေးကလည်း ဘော်ဒါ တွေနဲ့အတူ ထိုင်လို့ ကောင်းတဲ့ ဘား လေးပါပဲ။ ဒီဘားလေးကလည်း တကယ်ကို ကျယ်ဝန်းတဲ့ အပြင် အပြင်အဆင်ကလည်း အလန်းစားလေးဖြစ်ပါတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့ အုပ်စုလိုက် ပျော်ပျော်ပါးပါး ထိုင်မယ်ဆိုရင်လည်း ရွေးချယ်လို့ ကောင်းတဲ့ ဘားလေးပါပဲ။
ဒီဘားလေးမှာ အမိုက်စားတေးဂီတ အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် အဖျော်ယမကာ မျိုးစုံနဲ့ ဟင်းပွဲ Menu တွေကလည်း ရွေးချယ်စရာ အစုံအလင်ပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၁၁)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : AQ Bar and Bistro
