အားလပ်ရက်တွေမှာ ဘော်ဒါ တွေနဲ့အတူတူ Camp ထွက်ခြင်းသည် စိတ်ဖိစီးမှုများကို ပြေပျောက်စေပါတယ်။ Camp ထွက်တဲ့အခါ စားလိုက် သောက်လိုက်၊ ပျောက်လိုက် ပါးလိုက်၊ စကားစမြည်ပြောလိုက်ဖြင့်သာ အချိန်ကုန်ဆုံးမယ်ဆိုရင် Camp ထွက်ရတဲ့ အနှစ်သာရက ပျောက်ဆုံးသွားပါလိမ့်မယ်။ ဘော်ဒါ တွေနဲ့အတူတူ Camp ထွက်တဲ့အခါ ဂိမ်းဆော့ခြင်းသည် မပါမဖြစ်တဲ့ Activity တစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းမဆော့ရဘူးဆိုရင် ပျင်းစရာကောင်းနေမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ဘော်ဒါ တွေနဲ့အတူတူ Camp ထွက်ဖြစ်တဲ့အခါ ဒီဂိမ်းများကိုသာ သတိရလိုက်ပါ။
အမှန်နှစ်ခုနှင့် အမှားတစ်ခု
Photo: Wideawakebusiness
သင့်သူငယ်ချင်းတွေ အကြောင်းကို သင် အသိဆုံးပဲဖြစ်ပါလိမ့်မယ်။ အသင်းအလိုက် အဖွဲ့တွေ ခွဲထားပြီး အသင်းသားတစ်ယောက်က အမှန်နှစ်ခုနှင့် အမှားတစ်ခုပါတဲ့ အကြောင်းအရာကို ပြောရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုအမှားက ဘယ်အရာလဲဆိုတာကို ဖော်ထုတ်ပြရမှာပဲ ဖြစ်ပါတယ်။ ဖော်ထုတ်နိုင်တယ်ဆိုရင် အမှတ်တစ်မှတ်ရမှာ ဖြစ်ပါတယ်။
ငါ ဘယ်သူလဲ
Photo: Quickdraw
ဒီဂိမ်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားထဲက ကာရိုက်တာများကို ကတ်တစ်ခုပေါ်မှာ ရေးထားပြီး ထိုကတ်ကို နဖူးပေါ်မှာ ကတ်ထားရမှာဖြစ်ပါတယ်။ ကစားသမားများကို သုံးယောက်ဆိုလည်း သုံးယောက် ရွေးချယ်လိုက်ပါ။ ထိုကစားသမားသုံးယောက်ထဲကပဲ မေးခွန်းတွေ မေးလိုက်၊ ဖြေလိုက်ဖြင့် ဆော့ကစားရမှာ ဖြစ်ပါတယ်။
Truth Or Dare
Photo: Signupgenius
ဒီဂိမ်းကလည်း ရုပ်ရှင်တွေ တော်တော်များများမှာ တွေ့ဖူးပြီးသား၊ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ မဆော့ခင်မှာ အရင်ဦးဆုံး Truth လုပ်မှာလား၊ Dare ရွေးမှာလားဆိုတာ အရင်ဦးဆုံး ရွေးချယ်လိုက်ပါ။ ပြီးမှ မေးခွန်းမေးပြီး Truth ရွေးထားတယ်ဆိုရင် အမှန်အတိုင်း ဖြေရမှာဖြစ်ပါတယ်။ Dare ရွေးထားတယ်ဆိုရင်တော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲဖြစ်ပါတယ်။
Red Light, Green Light
Photo: Hindustantimes
ဒီဂိမ်းရဲ့ အားသာချက်ကတော့ ကလေးရော၊ လူကြီးပါ အသက်အရွယ်မရွေး ဆော့ကစားနိုင်တာပဲဖြစ်ပါတယ်။ မြန်မာမှု ပြုရမယ်ဆိုရင်တော့ ရုပ်သေ၊ ရုပ်ရှင် ဂိမ်းမျိုးပေါ့။ အရှေ့ဆုံးက မျက်စိမှိတ်ထားတဲ့လူက သီချင်းဆိုနေတာပဲဖြစ်ဖြစ်၊ ဂဏန်းတွေကို ရေတွက်နေတာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး ရေတွက်ပြီးပါက ထိုသူက မျက်စိဖွင့်ပြီး နောက်လှည့်ကြည့်တဲ့အချိန်မှာ အကုန်လုံးက ငြိမ်နေရမှာဖြစ်ပါတယ်။ တစ်ချက်ကလေး လှုပ်မိတာနဲ့ ဂိမ်းက ထွက်သွားရမှာပဲဖြစ်ပါတယ်။
လက်ဆင့်ကမ်း ပုံဆွဲပြိုင်ပွဲ
Photo: Quickdraw
အဖွဲ့တစ်ဖွဲ့မှာ လူ ဘယ်နှယောက် ဆော့မလဲဆိုတာ အရင်ဦးဆုံး သတ်မှတ်လိုက်ပါ။ ထို့နောက် အဖွဲ့တစ်ဖွဲ့စီကို ခဲတံတစ်ချောင်းနဲ့ စာအုပ်တစ်အုပ် ပေးထားလိုက်ပါ။ ပြီးရင်တော့ ပုံဆွဲမယ့်သူတွေကို အစဥ်လိုက် ထိုင်ခိုင်းထားပါ။ ထို့နောက် ပုံဆွဲမယ့်သူတွေကို သူတို့ဆွဲရမယ့် စာလုံး ပြလိုက်ပါ။ အဖြေခန့်မှန်းမယ့် နောက်ဆုံးလူကိုတော့ မျက်စိ အုပ်ထားတာပဲဖြစ်ဖြစ်၊ တစ်ဖက်သို့ လှည့်နေတာပဲဖြစ်ဖြစ် ပြုလုပ်ခိုင်းထားပါ။ ထို့နောက် ပုံဆွဲသမားများကို တစ်ယောက်လျှင် စက္ကန့် ၃၀ စီ ပုံဆွဲချိန်ပေးလိုက်ပါ။ ထို့နောက် လက်ဆင့်ကမ်းပုံဆွဲခိုင်းပြီးနောက် နောက်ဆုံးလူက သူတို့ဆွဲထားတဲ့ ပုံတွေကို ကြည့်ပြီး အဖြေထုတ်ရမှာဖြစ်ပါတယ်။ အဖြေမှန်တယ်ဆို အမှတ်တစ်မှတ်ရမှာဖြစ်ပါတယ်။
နောက်ဆုံး အဖြေပေးမယ့်သူက လည်လည်ဝယ်ဝယ်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် အကြောင်းအရာစုံကို သိပြီး ဥာဏ်ပြေးတဲ့တစ်ယောက်ကို ဖြေခိုင်းမယ်ဆိုရင် အမှတ်ရနိုင်ချေ ပိုများပါလိမ့်မယ်။
အခုဖော်ပြတဲ့ ဂိမ်းတွေကတော့ ဘော်ဒါ တွေ အများကြီးနဲ့ Camp ထွက်ဖြစ်တဲ့အခါ ဆော့ကစားနိုင်တဲ့ ဂိမ်းကစားနည်းတွေပဲဖြစ်ပါတယ်။
Source: Kimandkalee
Featured Image: Besthealthmag