ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ အတူတူတွေ့ဆုံပြီး ပျော်ပျော်ပါးပါး အချိန်ကောင်းလေးတွေ ဖန်တီးဖို့ဆိုရင် ပါတီလေးတွေ ပြုလုပ်တာက စိတ်ကူးကောင်းပါပဲ။ လွတ်လွတ်လပ်လပ်နဲ့ ဘော်ဒါတွေနဲ့ Chill ချင်ရင်တော့ Outdoor ပါတီလေးတွေ ဖန်တီးကြည့်ပါ။ ဒီလို ရာသီဥတုလေးကလဲ Outdoor ပါတီလေးတွေ ပြုလုပ်ဖို့ သင့်တော်ပါတယ်။ ဒီနေ့မှာတော့ လွတ်လပ်မှုကို ကြိုက်တဲ့ ကွီးတို့အတွက် ဘော်ဒါ တွေနဲ့အတူ ဆင်နွှဲလို့ ရတဲ့ Outdoor ပါတီ အိုင်ဒီယာများကို ဖော်ပြပေးချင်ပါတယ်။

Outdoor ဒင်နာပါတီ

ဘော်ဒါ Outdoor ပါတီ

Photo : Bright Cellars

ကွီးတို့ရေ ဘော်ဒါ တွေနဲ့ပဲ ဖြစ်စေ၊ ချစ်ခင်ရသူတွေနဲ့ပဲ ဖြစ်စေ အတူတကွ တွေ့ဆုံကြမယ်၊ ပျော်ပျော်ပါးပါး စားသောက်ကြမယ်ဆိုရင် Outdoor ဒင်နာ ပါတီ လေး ကျင်းပလိုက်ပါ။ ကွီးတို့ လွတ်လွတ်လပ်လပ်နဲ့ လန်းဆန်းမှု အရသာကို ခံစားနိုင်ဖို့ ဒင်နာပါတီကို ကွီးတို့ ခြံဝန်းထဲမှာပဲ ဖြစ်ဖြစ်၊ မြေကွက်လပ်မှာပဲ ဖြစ်ဖြစ် ကျင်းပလိုက်ပါ။ ကွီးတို့ ခြံဝန်းထဲမှာပဲ စားပွဲများ၊ ထိုင်ခုံများနဲ့ အလှဆင် မီးလုံးလေးများ ဆင်လိုက်ပါ။ ပြီးလျှင် ဘော်ဒါတွေ၊ မိတ်ဆွေတွေနဲ အတူတကွ အရသာရှိတဲ့ အစားအသောက်တွေ၊ အဖျော်ယမကာများကို သုံးဆောင်ပြီး စကားစမြည် ပြောဆိုရတာဟာ တကယ်ကို ပျော်ရွှင်စရာ အချိန်လေးတွေ ခံစားရရှိနိုင်မှာ အသေအချာပါပဲ။

Outdoor ရုပ်ရှင်ရုံလေး ဖန်တီးပါ

ဘော်ဒါ Outdoor ပါတီ

Photo : Plus Wood

အပြင်ဘက်မှာ ရှိနေတာက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး လွတ်လပ်မှုကိုလည်း ရရှိနိုင်ပါတယ်။ ကွီးတို့ အတွက် ဘော်ဒါတွေနဲ့ အတူတူ Chill ဖို့နောက်ထပ် အိုင်ဒီယာကောင်းလေးကတော့ Outdoor ရုပ်ရှင်ရုံလေး ဖန်တီးခြင်းပါပဲ။ ကွီးတို့ ခြံထဲမှာ ဖြစ်စေ၊ Rooftop မှာ ဖြစ်စေ၊ ရုပ်ရှင်ရုံလေး ဖန်တီးဖို့ Projectorနဲ့ နေရာထိုင်ခင်းကို သေချာစွာ ပြင်ဆင်လိုက်ပါ။ နေရာထိုင်ခင်းနဲ့ အပြင်အဆင်က တကူးတကကြီး လုပ်စရာမလိုသော်လည်းပဲ ၎င်းတို့ကို ဖန်တီးရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ ပြီးလျှင် ကွီးတို့ အကုန်လုံး အကြိုက်တွေ့စေမဲ့ ရုပ်ရှင် နှစ်ကားလောက်ကို ပြင်ဆင်ထားပါ။ အစားအသောက်တွေ၊ အဖျော်ယမကာတွေကိုလည်း ပြင်ဆင်ဖို့ မမေ့ပါနဲ့နော်။ ဒီ Outdoor ရုပ်ရှင်ရုံလေးက ကွီးတို့အတွက် မတူညီတဲ့ ခံစားချက်အသစ်နဲ့ ပျော်ရွှင်စိတ်လှုပ်ရှားစေမှာပါ။

ရေကူးကန်ပါတီ

pool party

Photo : 4 Celebrations

Outdoor ပါတီလေး ကျင်းပချင်တယ်ဆိုရင် ရေကူးကန်ပါတီ ကျင်းပတာကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။ ဘော်ဒါတွေနဲ့အတူ ရေကူးမလား၊ စားကြသောက်ကြ၊ ပျော်ပါးကြမလား အမှန်တကယ်ပင် ကွီးတို့ရဲ့ စိတ်ဝိဉာဉ်ကို လွတ်လွတ်လပ်လပ်နဲ့ပေါ့ပါးစေမှာပါ။ ရေကူးကန်ပါတီကို နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ ကွီးတို့ကြိုက်တဲ့ အချိန်လုပ်လို့ပါတယ်။ ဘယ်အချိန်လုပ်လုပ် Decoration ကတော့ အရေးကြီးပါတယ်။ နေ့ဘက်လုပ်မယ်ဆိုရင်တော့ အရိပ်ရစေမဲ့ထီးလေးတွေ၊ လှပတဲ့အမိုးအကာလေးတွေနဲ့ အလှဆင်လို့ရပါတယ်။ ညဘက်လုပ်မယ်ဆိုရင် လှပတဲ့ ရောင်စုံမီးသီးလေးတွေ၊ မီးအိမ်လေးတွေအလှဆင်လို့ ရပါတယ်။ ရေကူးကန်ပါတီလေးက ပျော်ရွှင်စရာကောင်းပြီး စိတ်ကိုပါ ရွှင်လန်းတတ်ကြွစေမှာပါ။

အခုဖော်ပြပေးလိုက်တာကတော့ လွတ်လွတ်လပ်လပ်နဲ့ ဘော်ဒါ တွေနဲ့အတူ ဆင်နွှဲလို့ ရတဲ့ Outdoor ပါတီ အိုင်ဒီယာလေးများပဲ ဖြစ်ပါတယ်။

Featured Photo : YZblog