ပါတီပွဲတွေ ကျင်းပတဲ့အခါ ပါတီနေရာသည်လည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မိမိရဲ့ပါတီကျင်းပတဲ့ နေရာသည် လွတ်လွတ်လပ်လပ်နှင့် ကျယ်ကျယ်ဝန်းဝန်းရှိနေမှသာ ပါတီတက်ရောက်သူများလည်း စိတ်မွန်းကြပ်တဲ့ဒဏ်ကို မခံရမှာဖြစ်ပါတယ်။ ပါတီအမျိုးအစား အမျိုးမျိုးရှိတဲ့အနက် ဘော်ဒါ တွေနဲ့အတူတူ Rooftop Party ကျင်းပခြင်းသည်လည်း ပျော်စရာကောင်းလှပါတယ်။

ခေါင်မိုးမရှိတဲ့ အပေါ်ဆုံး Rooftop မှာ ပါတီကျင်းပတာဖြစ်တဲ့အတွက်ကြောင့် သဘာဝလေရဲ့ တိုက်ခတ်တဲ့အရသာလေးကို အကြိုက်တွေ့ကြသူများအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့် ဘော်ဒါ တွေနဲ့အတူတူ ထိုနိဗ္ဗာန်ဘုံလေးမှာ Party ကျင်းပချင်တယ်ဆိုရင်တော့ သိထားသင့်တဲ့အချက်များရှိပါတယ်။

Rooftop Bar မှာ ဆိုင်ခန်းငှားရမ်းပြီး ပါတီကျင်းပမယ့်သူတွေကတော့ ခေါင်းစားစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ့် ဘော်ဒါ တွေနဲ့အတူတူ ပြင်ဆင်ပြီး အိမ်တွင်း Rooftop Party ကျင်းပမယ်ဆိုရင်တော့ ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

အရင်ဦးဆုံး ခွင့်ပြုချက်ရယူပါ

ဘော်ဒါ Party

Photo: Veesko

အရင်ဦးဆုံး ကိုယ် ပါတီပွဲကျင်းပမယ့် ခေါင်မိုးထပ်က ခိုင်ခံရဲ့လား၊ လုံခြံမှုရှိရဲ့လားဆိုတာကို တိုက်ပိုင်ရှင်ကို မေးမြန်းဖို့လိုအပ်ပါလိမ့်မယ်။ စိတ်ချရပြီဆိုရင်တော့ ပါတီပွဲ ပြုလုပ်ဖို့ရန်အတွက် တိုက်ပိုင်ရှင်ထံကနေ ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ထိုတိုက်ပိုင်ရှင်ဆိုရင်တော့ ကိုယ့်တိုက်အကြောင်း ကိုယ် အသိဆုံးပဲဆိုတော့ စိတ်ပူစရာတော့မရှိပါဘူး။

ဘယ်လို Theme မျိုး ပြင်ဆင်မလဲဆိုတာ ဆုံးဖြတ်ပါ

ဘော်ဒါ Party

Photo: Fashiongonerogue

ဒုတိယအချက်ကတော့ ဘယ်လို Theme မျိုးနဲ့ ဖျော်ဖြေချင်သလဲ။ ပျော်ပါးချင်သလဲဆိုတာကို ဘော်ဒါတွေနဲ့အတူတူ တိုင်ပင်ပါ။ ကော့တေး၊ ဝီစကီပါတီလိုမျိုး အယ်လ်ကိုဟော အသားပေး ပါတီမျိုးလား (သို့) ဒင်နာပါတီလိုမျိုး အစားအစာ ဦးစားပေး ပါတီမျိုးလား စီစဉ်ရမှာဖြစ်ပါတယ်။ ဘယ်လိုပါတီပဲ ကျင်းပ ထိုနှစ်မျိုးစလုံးကတော့ အရေးပါပါတယ်။ အယ်လ်ကိုဟော ပါတီ ကျင်းပမယ်ဆိုရင် အမြည်းတွေက လိုအပ်ပြီး ဒင်နာပါတီအတွက်ဆိုလည်း အယ်လ်ကိုဟောတွေသည် မရှိမဖြစ်လိုအပ်ပါတယ်။

နေရာ ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် ပြင်ဆင်ပါ

ဘော်ဒါ Party

Photo: Mytownhome

ပါတီ Theme အကြောင်း စဉ်းစားပြီးသွားပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ထိုနေရာကို သန့်သန့်ရှင်းရှင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းဖြစ်သွားအောင် သန့်ရှင်းရေး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ မလိုအပ်တဲ့ အမှိုက်သရိုက်များကို လှည်းကျင်းကာ စနစ်တကျ စွန့်ပစ်လိုက်ပါ။

ပရိဘောဂနှင့် အိုးခွက် ပန်းကန်များကို ဘယ်လိုအမျိုးအစားအသုံးပြုမလဲ

rooftop ပါတီ

Photo: Celebrationsathomeblog

စားပွဲကို ဘယ်စားပွဲသုံးမှာလဲ။ စားပွဲခုံအပုလေးလား၊ စားပွဲပုံအရှည်မျိုးလား။ စားပွဲခုံအပုလေးဆိုရင်တော့ ကြမ်းပြင်ပေါ်မှာ အခင်းလေးခင်းပြီး ဝိုင်းဖွဲ့ကာ ပျော်ပါးနိုင်သလို စားပွဲခုံအရှည်ဆိုရင်တော့ ထိုင်ခုံတွေ လိုအပ်လာပါတော့မယ်။ ထိုအချက်များကို သေချာစဉ်းစားရပါမယ်။ ပရိဘောဂဘက် ပြီးသွားတဲ့အခါ အိုးခွက်ပန်းကန်တွေအလှည့် လာပါမယ်။ အိုးခွက်ပန်းကန်တွေ ပြီးတဲ့အခါ မီးကြိုးသွယ်ဖို့ မီးလုံးများ၊ Extension မီးကြိုးခွေများ လိုအပ်ပါမယ်။ သေသေချာချာ ပြင်ဆင်ပြီး စနစ်ကျအောင် စီစဉ်ထားဖို့လိုအပ်ပါတယ်။ မီးကြိုးများ သွယ်တန်းတဲ့အခါမှာလည်း ဖြစ်သလို မပြုလုပ်ဘဲ စနစ်တကျ သွယ်တန်းအလှဆင်ဖို့လိုအပ်ပါလိမ့်မယ်။

ထိုအချက်များ အားလုံးပြီးသွားပြီ။ အစားအစာဘက်လည်း အားလုံး စီစဉ်ပြီးသွားပြီဆိုရင်တော့ ကွီးတို့လည်း ဘော်ဒါ တွေ အုပ်လိုက်ကြီးနဲ့ Rooftop Party ကို အထာကျကျ ကျင်းပနိုင်ပါပြီ။

Source: Nyhandmadecollective

Featured Image: Freepik