ဘော်ဒါတွေနဲ့အတူတူ တန်ဖိုးရှိတဲ့ အချိန်လေးကို ဘားမှာ အေးဆေးထိုင်ရင်း ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ မြောက်ဒဂုံ မြို့နယ်အတွင်းရှိ အမိုက်စား ဘား နှင့် စားသောက်ဆိုင်များကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းလည်း ချပေးနေတာမို့လည်း ထိုင်ရတာလည်း အတန်ဆုံးနဲ့ အမိုက်ဆုံး ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။

Bar 33

Bar 33

Photo: Facebook

ပထမဦးဆုံး မိတ်ဆက်ပေးချင်တဲ့ဆိုင်ကတော့ Bar 33 ပဲဖြစ်ပါတယ်။ သူကတော့ အမှတ် (၂၆၂) ၊ အနော်ရထာလမ်း၊ မြောက်ဒဂုံ မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း စက်တင်ဘာလ တစ်လလုံးအတွက် ပရိုမိုးရှင်းလည်း ချနေတာဖြစ်လို့ ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

Bar 33

Photo: Facebook

ထိုပရိမိုးရှင်းလေးကတော့ ဘီယာ (သို့) ကော့တေး၊ မိမိကြိုက်နှစ်သက်ရာ အယ်လ်ကိုဟောဖျော်ရည်တစ်မျိုးမျိုးကို ဝယ်သောက်တဲ့အခါ ၃ ခွက်သောက် ၁ ခွက် လက်ဆောင် ပရိုမိုးရှင်းလေးပဲဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးကတော့ စက်တင်ဘာ လကုန်တဲ့အခါ ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် သောကြာနေ့မှာ J-J25 Music Band ၊ စနေနေ့မှာ DJ သမားများ၊ တနင်္ဂနွေနေ့မှာ The Next Music Band တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုများလည်းရှိပါသေးတယ်။ ဒါ့အပြင် ဘီယာ၊ ကော့တေးများနှင့် လိုက်ဖက်တဲ့ အမြည်းတွေလည်း ရှိတဲ့အတွက်ကြောင့် လက်မလွတ်တမ်း သွားရောက်သင့်တဲ့ မြောက်ဒဂုံ ရှိ ဘား တစ်ခုပဲဖြစ်ပါတယ်။

Jazzy Lounge Bar & BBQ

မြောက်ဒဂုံ ဘား

Photo: Facebook

နောက်တစ်ဆိုင်ကတော့ ၃၆ ရပ်ကွက်၊ ပင်လုံလမ်းမပေါ်၊ စစ်တောင်း စီးတီးမတ်နှင့် ကျောင်းလမ်းမှတ်တိုင်ကြား၊ နီလာလမ်းထိပ်မှာ တည်ရှိတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ Golden Enchant နှင့် မျက်နှာချင်းဆိုင်က ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့အပြင်အဆင်ကတော့ ပေါ့ပေါပါးပါးနှင့် ရှင်းရှင်းလင်းလင်းစတိုင်လ်လေးဖြစ်ပြီး လူငယ်များ အကြိုက်တွေ့ကြတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ မွေးနေ့ပွဲများ၊ အထိမ်းအမှတ်ပါတီပွဲများ၊ နှုတ်ဆက်ပွဲများ၊ နှစ်ပတ်လည်ရက်များ ပြုလုပ်ချင်သူများအတွက်လည်း Jazzy Lounge Bar & BBQ က စောင့်ကြိုနေပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိပဲဖြစ်ပါတယ်။

မြောက်ဒဂုံ ဘား

Photo: Facebook

ကော့တေးမျိုးစုံ၊ ဘီယာတာဝါမျိုးစုံအပြင် လျှာလည်သွားစေမယ့် အမြည်းမျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်ရာကို မှာယူ မြည်းစမ်းနိုင်ပါတယ်။ ဒီဆိုင်ရဲ့ Signature လေးကတော့ ရမ်၊ သံပုရာသီး၊ ပူစီနံ၊ Mojito နှင့် Syrup Soda တို့ကို အချိုးကျကျ ရောစပ်ထားတဲ့ Classic Cocktail ပဲဖြစ်ပါတယ်။ ဘားထိုင်ဖြစ်တဲ့အခါ မမေ့မလျော့ မြည်းစမ်းကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။

A4 Bar & KTV

မြောက်ဒဂုံ ဘား

Photo: Facebook

သီချင်းတွေလည်း တဝကြီးဆိုချင်တယ်။ ဘားလည်းထိုင်ချင်သေးတယ် ဆိုတဲ့ ကွီးတို့အတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဖြစ်စေဖို့အတွက် A4 Bar & KTV လေးကို ညွှန်းချင်ပါတယ်။ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိကိုတော့ 1 Section ဆိုရင် နောက်ထပ် 1 Section ဖရီးပေးထားပြီး ညနေ ၆ နာရီကနေ မနက် ၄ နာရီအထိ လာရောက်ကြသူများအတွက်တော့ 2 Sections ကို 1 Section ဖရီးဖြစ်ပါတယ်။

မြောက်ဒဂုံ ဘား

Photo: Facebook

လူလေးယောက်အတွက် ၁ သိန်းတန် Package ကတော့ ဘီယာ ၁၀ လုံး၊ သီးစုံ ၁ ပွဲ၊ ရေသန့် ၄ ဘူးဖြစ်ပါတယ်။ ကွီးတို့က ဘော်ဒါတွေ ၆ ယောက်လောက် သွားမယ်ဆိုရင်တော့ ဘီယာ ၁၅ လုံး၊ သီးစုံ ၁ ပွဲ၊ ရေသန့် ၅ ဘူး၊ ရှီရှာအိုး ၁ အိုးဖြစ်ပြီး ၁ သိန်းခွဲတန် Package ဖြစ်ပါတယ်။ လူ ၁၀ ယောက်အတွက် ၂ သိန်းတန် Package လည်းရှိပါသေးတယ်။ ထို Package ကတော့ ဘီယာ အလုံး ၂၀၊ သီးစုံ ၁ ပွဲ၊ ရေသန့် ၇ ဘူးနှင့် ရှီရှာအိုး ၁ အိုးဖြစ်ပါတယ်။

ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် ၂၃၈ ၊ ဦးဝိစာရလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ သီချင်းလည်း အပီဟဲရင်း ဘီယာ တဝကြီး သောက်နိုင်မယ့် နေရာတစ်နေရာပဲဖြစ်ပါတယ်။

Featured Image: BAR 33