ရိုမန့်တစ်ဆန်တဲ့ ညနေခင်း အချိန်အခါလေးတွင် ဘားဆိုင်မှာ အေးအေးလူလူ ဘားထိုင်ရင် အမိုက်စား ဘီယာ၊ ဝီစကီများနှင့် အရသာရှိတဲ့ အမြည်းများ၊ စားစရာများကို မြည်းစမ်းစားသုံးချင်ပါသလား။ ဒါဆိုရင်တော့ ယောမင်းကြီး လမ်းပေါ်က ထိုင်လို့ကောင်းတဲ့ အလန်းစား ဘား နှင့် စားသောက်ဆိုင်များ ရှိပါတယ်။ ဆိုင်အပြင်အဆင် အခင်းအကျင်းများက အနောက်တိုင်းဆန်ပြီး တကယ့်ကို မိမိုက်တဲ့ ခံစားချက်လေးကို ပေးစွမ်းနေမှာပဲဖြစ်ပါတယ်။

YORK – Bar.Bbq.Restaurant

ယောမင်းကြီး ဘား

Photo: Facebook

ဆိုင်နာမည်ကတော့ York Bar ဖြစ်ပြီး ယောမင်းကြီး လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ထဲတွင် တည်ရှိတဲ့ အလန်းစား ဘား တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်က မြို့လယ်ခေါင် အချက်အချာကျတဲ့ နေရာမှာ ရှိတာဆိုတော့ ဈေးကြီးမယ်ဆိုပြီး အထင်နဲ့ ကောက်ချက်မချက်လိုက်ပါနဲ့။

ယောမင်းကြီး ဘား

Photo: Facebook

ဈေးနှုန်းများက သက်သက်သာသာနဲ့ အတန့်တကာ့ အတန်ဆုံးဖြစ်စေမှာပါ။ ဒါ့အပြင် အကောင်းစား ဘီယာများကို တဝကြီး သောက်သုံးနိုင်ပြီး ဘီယာနဲ့ တွဲစားဖို့အရေး ဘယ်အမြည်းကို ရွေးချယ်ရမဲ မသိဘူးဆိုရင်တော့ ကြွပ်ကြွပ် ရွရွ ဆိတ်သားမွှကြော်၊ ချဥ်ချဥ် စပ်စပ် ဆိတ်လက်ဖက်ထောင်း၊ ချဥ်ငံစပ်အရသာ ဆိတ်သားမွှကြော်သုပ်၊ ကြက်၊ ဝက်မွှကြော်စပ်၊ ဆတ်သားခြောက်ကြော်၊ ဆတ်သားမွှဆီစမ်း၊ ဆတ်သားမွှသုတ်၊ ငါးဖောင်ရိုးကြော် စတဲ့ အမြည်းများကို ရွေးချယ်နိုင်ပါတယ်။ ထိုအမြည်းများကလည်း ငါးထောင် မကျော်တဲ့ ဈေးနှုန်းများနဲ့ မှာစားနိုင်မှာဖြစ်ပါတယ်။

ယောမင်းကြီး ဘား

Photo: Facebook

ဒါတက်မကသေးပါဘူး၊ ငါးသားချောင်းကြော်၊ ဝက်ဂုတ်သားကင်၊ အာလူးထောင်း၊ ရခိုင်ကြက်သောက်စမ်း၊ York ခေါက်ဆွဲကြော်နှင့် ကြာဇံကြော်၊ ရှယ်နံရိုးကြော် စတဲ့ အစားအစာများကိုလည်း အရသာရှိရှိနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ချက်ပြုတ်ထားတာကြောင့် ဘားထိုင်သူ ကွီးတို့အကြား နာမည်ကြီးပါတယ်။

Ô’Thentic Crêperie & Wine Bar

bar in yaw min gyi street

Photo: Facebook

နောက်ဆိုင်တစ်ဆိုင်ကတော့ ယောမင်းကြီး လမ်းပေါ်မှာ တည်ရှိတဲ့ ပြင်သစ်စတိုင်လ် ဘား နှင့် စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် ၄၅ (အေ)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ နံနက် ၉ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။

bar in yaw min gyi street

Photo: Facebook

အာဟာရပြည့်ဝဖို့ရန်အတွက် နံနက်စာပဲ စားမလား (သို့) နေ့လည် ထမင်းစားချိန်မှာ နေ့လည်စာအဖြစ် မှာယူစားသုံးမလား (သို့) ညနေစာ အဆာပြေ၊ ညစာ၊ အချိုပွဲ စသည်ဖြင့် အစားအစာမျိုးစုံကို မှာယူစားသုံးနိုင်တဲ့အပြင် ဝိုင်၊ ဘီယာ၊ အအေး မျိုးစုံလည်း စုံလင်စွာ တည်ရှိတဲ့အတွက်ကြောင့် မိသားစုလိုက် လာရောက်စားသုံးလို့လည်း သင့်တော်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

bar in yaw min gyi street

Photo: Facebook

ဆိုင်ရဲ့ Happy Hour လေးလည်းရှိပါတယ်။ နေ့စဥ် ညနေ ၅ နာရီကနေ ၇ နာရီအထိက Happy Hour ဖြစ်ပြီး ၅၀ ရာခိုင်နှုန်း လျော့ဈေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာမျိုးစုံသည်လည်း ရက်အလိုက် ပရိုမိုးရှင်းလေး ရှိပါသေးတယ်။ တနင်္လာနေ့မှာ ၁၂ လက်မ ပီဇာ၊ အင်္ဂါနေ့မှာ ဘာဂါ၊ ဗုဒ္ဓဟူးနေ့မှာ French Savoury Galette ၊ ကြာသပတေးနေ့မှာ French Sweet Crepe ၊ သောကြာနေ့မှာ Platters စတဲ့ အစားအစာများသည် သူ့ရက်အလို 50% Off ရရှိမှာဖြစ်ပါတယ်။ စနေန့မှာတော့ 30% Wine Bottle နှင့် တနင်္ဂနွေနေ့မှာတော့ 50% Pasta တို့ကို ဈေးနှုန်းသက်သက်သာသာနဲ့ မှာယူစားသောက်နိုင်ပါတယ်။ မှာစားထားသမျှကိုလည်း ငွေသားနဲ့ပဲ ပေးချေမလား၊ Kpay နဲ့ပဲ ပေးချမလား၊ ကတ်နဲ့လား (သို့) Bank Transfer လား။ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။

Featured Image: Thentic.YGN