ရန်ကင်းမြို့နယ်ထဲမှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ပဲ ဖြစ်ဖြစ် ထိုင်လို့ကောင်းတဲ့ ဘားလေးတွေကို ရှာဖွေနေတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ရန်ကင်းမြို့နယ် ထဲက ကွီးတို့အတွက်ရော အခြားမြို့နယ်ကနေ ရန်ကင်းဘက်မှာ ဘော်ဒါတွေနဲ့ လာ Chill ချင်တဲ့ကွီးတို့ အတွက်ပါ ထိုင်လို့ကောင်းတဲ့ ဘားများ ကို ‌ဖော်ပြပေးလိုက်ပါတယ်။

Neon Space

ရန်ကင်းမြို့နယ် ဘားများ

Photo : Neon Space Facebook Page

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ ရန်ကင်းမြို့နယ် ထဲက ထိုင်လို့ကောင်းတဲ့ ဘားများ ထဲက တစ်ခုကတော့ Neon Space ဆိုတဲ့ ဘာလေးပဲ ဖြစ်ပါတယ်။ အဖျော်ယမကာတွေ သုံးဆောင်ရင်းနဲ့ သူ့ရဲ့ Siganature ကော့လ်တေးတွေကို မြည်းစမ်းကြည့်လို့ရပါတယ်။ ဘော်ဒါတွေနဲ့ အတူတူပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့ ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။ ဒါ့အပြင် ဒီဘားလေးရဲ့ ဆိုင်အပြင်အဆင်က Classic ဆန်ဆန် မီးရောင်မှိန်မှိန်လေးအောက်မှာ အေးဆေးလွှင့်လို့ကောင်းတော့ ကွီးတို့လူငယ်တွေ အတွက် အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၁၁) ၊ အနော်ရထာလမ်းနဲ့ အောင်ဇေယျလမ်းထောင့် (၁၂ လုံးတန်းမှတ်တိုင် အနီး) ရန်ကင်းမြို့နယ်ပဲ ဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီ အထိဖွင့်ပါတယ်။

Tropical

ရန်ကင်းမြို့နယ် ဘားများ

Photo : Tropical Facebook Page

ရန်ကင်းထဲမှာ နောက်ထပ်ဖော်ပြချင်တဲ့ အမိုက်စား ဘားလေးက Tropical ပဲ ဖြစ်ပါတယ်။ သူရဲ့ ဆိုင်အပြင်အဆင်က တကယ်ကို ကျယ်ဝန်းတဲ့ အပြင် ဆိုင်ထဲဝင်လိုက်လျှင် အရင်ဆုံး မြင်ရမဲ့ သင်္ဘာပုံစံ ကောင်တာ က ကွီးတို့ရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာပါ။ အရသာဆန်းပြားပြီး စားချင်စဖွယ် ဟင်းပွဲတွေကိုလည်း သောက်စရာမျိုးစုံနဲ့ တွဲဖက် သုံးဆောင်လို့ရပါသေးတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့ပဲဖြစ်စေ၊ ချစ်သူလေးနဲ့ပဲ ဖြစ်စေ တကယ်ကို ထိုင်လို့ကောင်းတဲ့ ဆိုင်ပါ။ သူ့ရဲ့ လိပ်စာကတော့ အောင်ဇေယျလမ်း၊ ၃၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

TUNE

Tune bar

Photo : Myanmore

ကွီးတို့ကို‌နောက်ထပ်ဖော်ပြချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဘားလေးကတော့ TUNE ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ မရိုးစေတဲ့ တေးဂီတ အစီအစဉ်လေးတွေ နားထောင်ရင်း ဘော်ဒါတွေနဲ့ Chill ဖို့ဆိုရင်တော့ တကယ်ကို ထိုင်လို့ကောင်းတဲ့ ဘားလေးပါ။ ဒါ့အပြင် အရသာရှိတဲ့ အစားအစာတွေနဲ့ အဖျော်ယမကာများကိုလည်း သုံးဆောင်လို့ရပါတယ်။ ကွီးတို့ မိသားစုလိုက်ပဲလာလာ၊ သူငယ်ချင်းတွေနဲ့ပဲ ကဲကဲ တကယ်ကို ရွေးချယ်သင့်တဲ့ ရန်ကင်း မြို့နယ် ထဲက ဘားများ ထဲက တစ်ခုပါ။ သူ့ရဲ့လိပ်စာကတော့ အမှတ် (၃)၊ မဂ္ဂင်လမ်းနှင့် မိုးကောင်းလမ်းထောင့်၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ ဒီဘားလေးက မနက် ၁၁ နာရီခွဲကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ရန်ကင်းမြို့နယ် ထဲက ထိုင်လို့ကောင်းတဲ့ ဘားများ ပဲ ဖြစ်ပါတယ်။ အခြားသော ထိုင်လို့ကောင်းပြီး မတူညီတဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ဘားတွေလည်း ရှိပါသေးတယ်။

Featured Photo : Myanmore