အားလပ်ရက်လေး တစ်ရက်မှာ ဘား ကိုသွားချင်တယ်၊ အကင်တွေ၊ အရသာရှိတဲ့ အစားအစာတွေကိုလည်း ယမကာများနဲ့ တွဲစားချင်တဲ့ ကွီးတို့ရှိလား။ ဒါဆိုရင်တော့ ဘားနဲ့ အကင်တွေပါ ရတဲ့ နေရာမျိုးလိုနေပြီပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အဖျော်ယမကာနဲ့အတူ အကင်နဲ့အစားအသာက်ကောင်းတွေကို ပါတွဲဖက်စားသောက်နိုင်တဲ့ ရန်ကုန်မြို့က ဘား တွေကို ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်အောင် ဖော်ပြပေးချင်ပါတယ်။
(၁) 7th Joint Bar and Grill

Photo : Peter’s Big Adenture
အရသာရှိတဲ့ အကင်၊ အစားအစာတွေနဲ့အတူ အဖျော်ယမကာများနဲ့ တွဲဖက်စားသောက်လို့ရတဲ့ 7th Joint Bar and Grill ဟာ ရန်ကုန်မြို့က အကောင်းဆုံး ဘား တွေထဲက တစ်ခုဆိုတာ မမှားပါဘူး။ ကာရစ်ဘီယံနဲ့ ရက်ဂေး ဒီဇိုင်းဟာ 7th Joint Bar ကို ထူးခြားစေပါတယ်။ တေးဂီတကို ခံစားနိုင်မဲ့ ဘား တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ပဲဖြစ်ပါတယ်။
(၂) Union Bar and Grill

Photo : Union Bar and Grill Facebook Page
နောက်ထပ် ပြောပြပေးချင်တဲ့ ဘားလေးက တော့ Union Bar and Grill ပဲဖြစ်ပါတယ်။ ဒီဘားလေးကတော့ ရက်တိုင်းအတွက် မတူညီတဲ့ အစီအစဉ်တွေနဲ့ Weekly Promotions တွေလည်း ရှိပါသေးတယ်။ ကွီးတို့ ဘော်ဒါတွေဆုံပြီး Chill လို့ကောင်းတဲ့ ဘားလေးပါပဲ။ လိပ်စာကတော့ ကမ်းနားလမ်းနဲ့ ၄၂ လမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၀ နာရီခွဲ အထိဖွင့်ပါတယ်။
(၃) Piano Bar Yangon

Photo : Myanmore
ကွီးတို့အတွက် အရသာရှိလှတဲ့ အစားအသောက်တွေနဲ့ အဖျော်ယမကာမျိုးစုံကို စားသောက်ရင်း Chill ရင်း Relax ပါလုပ်လို့ရမဲ့ နောက်ထပ် ရန်ကုန်မြို့က ဘား တစ်ခုကတော့ Piano Bar Yangon ပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ အမှတ် ၂ ၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ် Hotel Parami မှာ ဖွင့်လှစ်ထားပါတယ်။ မနက် ၁၁ နာရီကနေ ညနေ ည ၁၁ နာရီ အထိဖွင့်ပါတယ်။
(၄) Cheer Bar and BBQ

Photo : Cheer Bar and BBQ Facebook Page
ဒီနေ့လို ပိတ်ရက်မျိုးမှာ ကွီးတို့ ဘော်ဒါတွေဆုံပြီး Chill ဖို့ဆိုရင်တော့ Cheer Bar and BBQ လေးရှိပါတယ်။ တေးဂီတလေးတွေကိုလည်း ခံစားနားဆင်နိုင်မဲ့ ဘားလေးဖြစ်ပါတယ်။ လိပ်စာလေးကတော့ အမှတ် (၃၈)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ပဲဖြစ်ပါတယ်။
ကဲ့ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Chill လို့လည်းကောင်း ယမကာနဲ့အတူ အကင်နဲ့အစားအသာက်ကောင်းတွေကိုပါတွဲဖက်စားသောက်နိုင်တဲ့ ရန်ကုန်မြို့က ဘား တွေပဲဖြစ်ပါတယ်။ အခြား အခြားသော ထိုင်လို့ကောင်းတဲ့ ဘားတွေလည်း အများအပြား ရှိပါသေးတယ်၊ ကွီးတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။
Featured Photo : Myanmarmix
