Friday Night ကို ရောက်လာပြန်ပြီဆိုတော့ ဘော်ဒါတွေနဲ့ Bar ထိုင်ရင်း တစ်ပတ်လုံး ပင်ပန်းခဲ့သမျှ အနားယူဖို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ရန်ကုန်မြို့ မှာ အသစ်စက်စက် ဖွင့်ထားတဲ့ Bar အသစ်လေးတွေကို လက်တို့ပေးချင်ပါတယ်။ လက်တလော လူငယ်တွေကြားမှာ ရေပန်းစား လူပြောများနေတဲ့ အမိုက်စား Bar တွေ ဖြစ်တာကြောင့် ကွီးတို့ သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၁) Sirius A Sky Bar

Photo : Sirius A Sky Bar

ဒီဆိုင်လေးက အခုတလော စမ်းချောင်းမှာ လူပြောများနေတဲ့ Premium ဆန်ဆန် Luxury Sky Bar လေးပါ။ ညနေခင်း အချိန်တွေမှာ ကောင်းကင်ကြီးအောက် လေတဖြူးဖြူးနဲ့ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး Chill လို့ ရတယ်။ Outdoor Seating Area လေးတွေနဲ့ View က တော်တော်လေး လှတယ်။ ညဘက်တွေဆို မြို့ပြရဲ့အလှဆုံး ရောင်စုံမြင်ကွင်းတွေနဲ့ မသိရင် စင်ကာပူရောက်သွားသလို ခံစားရစေမှာပါ။ ဒီဆိုင်မှာ Cocktail တွေ တော်တော်လေး နာမည်ကြီးသလို Appetizer နဲ့ အစားအသောက် Menu တွေလည်း စုံပြီး တော်တော်မိုက်တယ်။ Unplugged သီချင်းတွေ နားဆင်ခံစားရင်း တိမ်တွေ ကြယ်တွေနဲ့ လှပနေတဲ့ ကောင်းကင်ကြီးအောက် အလန်းစား Chill ချင်တယ် ဆိုရင်တော့ Sirius A Sky Bar လေးကို တစ်ခေါက်လေး သွားကြည့်ဖို့ Recommend ပေးပါတယ်။ ဆိုင်ဖွင့်ချိန် 4 : 00 PM ကနေ 11 : 00 PM အထိဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် – ၁၉၈ ၊ MHG Tower  အပေါ်ဆုံးထပ် ၊ ကျွန်းတောလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) AREA 51

Photo : AREA 51

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ဗဟန်းမြို့နယ်ထဲက ဆိုင်အသစ်​လေးတစ်ဆိုင် ညွှန်းပေးပါမယ်။ ဒီဆိုင်လေးကတော့ AREA 51 ပါတဲ့။ လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ် Chill ချင်တဲ့ ကွီးတို့အတွက် ဒီဆိုင်လေးက လုံးဝကွက်တိကျ စေမှာပါ။ AREA 51 ဆိုတဲ့ ဆိုင်နာမည်လေးအတိုင်း ထိုင်နေကျဆိုင်တွေနဲ့ လုံးဝမတူတဲ့ နေရာသစ်တစ်ခုကို ရောက်သွားသလို ခံစားရစေမှာပါ။ ဆိုင်အပြင်အဆင် နေရာအခင်းအကျင်းက လုံးဝ လူငယ်ဆန်တယ်။ ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် Chill မလား ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်ချင်လား ဒီ Bar လေးက အဆင်ပြေပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေလည်း တော်တော်လေး စုံလင်တယ်။ သီချင်း​​လေး​တွေ နား​​ဆင်ခံစားရင်း လူငယ်ဆန်ဆန် အမိုက်စား လွင့်မြောချင်တယ် ဆိုရင်တော့ ဒီဆိုင်လေးက သေချာပေါက် သွားသင့်ပါတယ်။ ဆိုင်ဖွင့်ချိန် 11 : 00 AM ကနေ 10 : 30 PM အထိဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ Golden Link Condo ၊ ဓမ္မ​စေတီလမ်းနဲ့ လင့်လမ်း​ထောင့်၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) The SAKE BROS

Photo : The SAKE BROS

ဒီဆိုင်လေးကတော့ စမ်းချောင်းမြို့နယ်ထဲကပဲ မတူညီတဲ့ Vibe လေး ပေးစွမ်းပေမယ့် အမိုက်စား ဂျပန် Bar လေးပါ။ တစ်ဆိုင်လုံး ဂျပန်အငွေ့အသက်တွေ လွှမ်းခြုံထားပြီး နေရာထိုင်ခင်း Decorations အပြင်အဆင်တွေ အားလုံး Japanese Vibe လေး အပြည့်အဝ ဖန်တီးပေးထားပါတယ်။ ဆိုင်ကတော်တော်‌လေး ကျယ်ဝန်းပြီး Outdoor မှာပဲ လွတ်လွတ်လပ်လပ် Chill မလား ၊ အောက်ထပ်က ထိုင်ခုံလေးတွေမှာပဲ သက်တောင့်သက်သာ ထိုင်မလား ၊ ဒါမှမဟုတ် အပေါ်ထပ်မှာ ဂျပန်စတိုင် ကြမ်းပြင်မှာ ထိုင်ပြီး သောက်ရင်းစားရင်း စကားစမြည်ပြောကြမလား စိတ်ကြိုက်ရွေးလို့ ရပါတယ်။ Japanese အရသာ စစ်စစ် Food Menu တွေ ၊ Sashimi ၊ Sushi နဲ့ လတ်ဆတ်တဲ့ ဂျပန်အစားအစာ မျိုးစုံအပြင် ဆာကေးကို အခြေခံ ပြုလုပ်ထားတဲ့ ဂျပန်စတိုင် Cocktails တွေနဲ့ Drinks တွေ တော်တော်စုံစုံ ရပါတယ်။ ဂျပန် အစားအသောက်ကောင်းတွေနဲ့ အေးအေးဆေးဆေး Chill လုပ်ချင်တယ်ဆိုရင် The SAKE BROS ဆိုတဲ့ Bar လေးကတော့ လုံးဝသွားသင့်ပါတယ်။ ဆိုင်ဖွင့်ချိန် 10 : 30 AM ကနေ 10 : 00 PM အထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်၈၆ (က) ၊ ရှင်စောပုလမ်းမ ၊ မြေနီကုန်း City Mart အနီး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : AREA 51