အမိုးဖွင့်ဘားတွေရဲ့ အားသာချက်ကတော့ တစ်မြို့လုံးရဲ့ အလှကို တဝကြီး ငေးမောကြည့်ရှုနိုင်ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန် မြို့ရဲ့ သဘာဝ ညအလှ ကို ကွက်ကွက်ကွင်းကွင်း ခံစားချင်တဲ့ ကွီးတို့အနေနဲ့ တစ်ခါတစ်ခေါက်လောက် သွားလည်သင့်တဲ့ Rooftop Bar တွေ ရှိပါတယ်။ ထိုဘားတွေကို သွားလည်ပြီးတဲ့အခါ အရင်က ဘာလို့ တစ်ခါမှ မသွားဖြစ်ခဲ့သလဲဆိုတဲ့ အတွေးမျိုး ဝင်လာပြီး သွားပြီးရင်လည်း ထပ်သွားချင်တုန်းပဲဆိုတဲ့ ခံစားချက်မျိုး ခံစားရလာပါလိမ့်မယ်။

ရန်ကုန် မြို့ရှိ သဘာဝ ညအလှ ကို ခံစားချင်သူများအတွက် ထိုင်လို့အကောင်းဆုံး Rooftop Bar များကတော့ …

Natural Cascade Rooftop Kitchen

ရန်ကုန် ညအလှ Rooftop

Photo: Natural Cascade Rooftop Kitchen Facebook

ဒီဘားလေးကတော့ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ အစားအသောက်ကောင်းကောင်းတွေကို မြည်းစမ်းစားသောက်နိုင်တဲ့အပြင် တစ်ပတ် တစ်ပတ်မှာ TGIF လုပ်ရင်း Chill ချင်တဲ့ ဘော်ဒါတို့အတွက်လည်း အစီအစဉ်ကောင်းတွေရှိပါတယ်။

ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံကို ဒီဇိုင်းအမိုက်စား ဖန်ခွက်လေးများဖြင့် မြည်းစမ်းသောက်သုံးနိုင်မှာဖြစ်ပြီး အမိုက်စားသီဆိုဖျော်ဖြေမှုများလည်းရှိပါသေးတယ်။

ရက်အလိုက် ပရိုမိုးရှင်းမျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် ဒီ Rooftop Bar လေးကတော့ မလွတ်တမ်းသွားသင့်တဲ့ ဘားတစ်ခုဖြစ်ပါတယ်။

Roof Alchemy

ရန်ကုန် ညအလှ Rooftop

Photo: Roof Alchemy Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမ၊ ဆရာစံဟိုတယ်ပေါ်ရှိ Rooftop ဘားတစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

ရန်ကုန် ညအလှ Rooftop

ကျွမ်းကျင်တဲ့ အဖျော်ဆရာများရဲ့ ဖော်စပ်မှုကြောင့် အမိုက်စားကော့တေးမျိုးစုံကို မြည်းစမ်းနိုင်ပါတယ်။ ရံဖန်ရံခါမှာလည်း နာမည်ကြီး Bartender များက ဧည့်သည်အဖြစ်လာရောက်ကာ ဖျော်စပ်ပေးကြပါသေးတယ်။ အမိုက်စား အမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်မယ့်အပြင် ရန်ကုန် မြို့ရဲ့ သဘာဝ ညအလှ ကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်မယ့် Rooftop Bar တစ်ခုပဲဖြစ်ပါတယ်။

Inya View Rooftop Bar

Inya View Bar

အင်းယားကန်ပေါ်ကနေ ဖြတ်တိုက်လာတဲ့ လေနုအေးလေးကို ခံစားချင်ပါသလား။ ဒါဆိုရင်တော့ Inya View Rooftop Bar သို့ အရောက်လှမ်းခဲ့လိုက်ပါ။ ကော့တေးမျိုးစုံ မှာယူသောက်သုံးနိုင်တဲ့အပြင် ဥရောပအစားအစာများ၊ အာရှအစားအစာမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

ဆိုင်အပြင်အဆင်ကလည်း ချစ်စရာဖွယ်ကောင်းပြီး အစားအသောက်များကလည်း ဈေးနှုန်းသင့်တင့်ကာ အရသာရှိလွန်းလှပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့ Inya View ဟိုတယ်၊ ကန်လမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အသံပါဝါကောင်းပြီး အဆိုဝါသနာပါတဲ့ အဆိုရှင်တွေအတွက်လည်း ကိုယ့်ရဲ့ သီချင်းဆိုပါရမီကို လှစ်ဟပြသပေးနိုင်မယ့် အထူးအစီအစဉ်များလည်း ရှိပါသေးတယ်။ ဒါဆိုရင်တော့ ဘာကို စောင့်နေမှာလဲ။ အခုပဲ အမြန်ဆုံး သွားလိုက်ကြပါတော့။

360 Degree Bar Yangon

360 Degree Bar Yangon

ဒီဆိုင်လေးကတော့ ဂန္ဓာမာလမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၇ နာရီကနေ ည ၇ နာရီအထိသာဖြစ်တာကြောင့် စောစောစီးစီး သွားထိုင်သင့်ပါတယ်။

မိုးရာသီ အထူးပရိုမိုးရှင်းအနေနဲ့လည်း Happy Hour အဖြစ် နေ့စဉ် ညနေ ၄ နာရီကနေ ၆ နာရီအထိမှာ 360 ရဲ့ Signature ကော့တေးလ်ကို ၁ ခွက်ဝယ်၊ ၁ ခွက်လက်ဆောင်ရရှိပါတယ်။ ဒါတင်မကသေးပါဘူး။ Carlsberg Draught Beer Tower Set ပရိုမိုးရှင်း၊ Chivas 12 Yrs Whisky Bottle Set ပရိုမိုးရှင်း၊ Red Wine Or White Wine Set ပရိုမိုးရှင်း မျိုးစုံရှိတဲ့အတွက်ကြောင့် ဘီယာချစ်သူ၊ ကော့တေးချစ်သူ၊ ဝိုင်ချစ်သူတို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတော့တယ်။

Source: Myanmore

Featured Image: Plateauinternational