ရန်ကုန် မြို့ကြီးသည် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်သည့်အားလျော်စွာ သူ့ဆီမှာ Fine-Dining စားသောက်ဆိုင် အမြောက်အမြား ဖွင့်လှစ်ထားလေ့ရှိကြပါတယ်။ အရည်အချင်း ထူးချွန်ပြောင်မြောက်တဲ့ စားဖိုမှူးများရဲ့ ချက်ပြုတ်မှုနှင့် အစားအစားပြင်ဆင်မှု Plating လက်ရာများကိုလည်း ရန်ကုန် မြို့တွင်းရှိ ထို Fine-Dining စားသောက်ဆိုင်များတွင် မြင်တွေ့နိုင်ပါတယ်။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ ရိုမန့်တစ်ဆန်တဲ့ နေ့လည်စာ (သို့) ညနေစာကို ကိုယ့်ချစ်သူလေးနဲ့ အတူတူ စားသုံးချင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စီးပွားရေး တွဲဖက်များနှင့် မိတ်ဖြစ်ဆွေဖြစ် ညစာ စားသုံးချင်တဲ့အခါ အခုဖော်ပြပေးမယ့် ရန်ကုန် မြို့တွင်းရှိ Fine-Dining စားသောက်ဆိုင်များဆီသို့ သွားရောက်နိုင်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ရန်ကုန် မြို့တွင်းရှိ လူကြိုက်အများဆုံးနှင့် အကောင်းဆုံး Fine-Dining စားသောက်ဆိုင်များပဲဖြစ်ပါတယ်။

Seeds Restaurant & Lounge

ရန်ကုန် Fine-Dining

ဒီစားသောက်ဆိုင်လေးမှာတော့ ဥရောပအစားအစာများအပြင် အခြားသော နိုင်ငံတကာအစားအစာများကိုပါ Brunch အဖြစ်လည်း စားသုံးနိုင်သလို နေ့လည်စာ၊ ညစာအဖြစ်လည်း မှာယူစားသုံးနိုင်ပါတယ်။ ထိုဆိုင်လေးသည် အင်းယားကန်ပေါ်တွင် တည်ရှိတာဖြစ်တဲ့အတွက်ကြောင့် ကန်လေးကို မျက်နှာမူပြီး စားပွဲဝိုင်းများ ပြင်ဆင်ထားတာကတော့ ဆိုင်ရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ အစားအစာမျိုးစုံ မှာယူစားသုံးချိန်တွင် ဝိုင်ဖြင့်လည်း ထပ်မံဖြည့်စွက်ကာ မြည်းစမ်းနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Olea Mediterranean Restaurant

ရန်ကုန် Fine-Dining

Photo: Melia

ဒီစားသောက်ဆိုင်လေးကတော့ ရန်ကုန် မြို့ရှိ  Melia ဟိုတယ်ထဲတွင် တည်ရှိပြီး စပိန်အစားအစာများနှင့် အခြားသော မြေထဲပင်လယ်အစားအစာများကိုပါ Fine-Dining ပုံစံဖြင့် ပြင်ဆင်ထားကာ အရသာရှိရှိ စားသုံးနိုင်တဲ့ စားသောက်ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်ကလည်း မြေထဲပင်လယ်စားသောက်ဆိုင်များရဲ့ အငွေ့အသက်အတိုင်း ပြင်ဆင်ထားတာကို တွေ့မြင်ရမှာပါ။

အစားအစာများသည် အရသာရှိပြီး ဟင်းလျာ Plating များသည်လည်း ခမ်းနားလှပလွန်းလှပါတယ်။

The Strand Restaurant

ရန်ကုန် Fine-Dining

ဒီစားသောက်ဆိုင်လေးကတော့ Strand ဟိုတယ်ထဲတွင် ဖွင့်လှစ်ထားတာဖြစ်ပြီး လာရောက်စားသုံးတဲ့ ဧည့်သည်တော်များအနေနဲ့ ပြင်သစ်စာများအပြင် အခြားသော ဥရောပအစားအစာများကိုပါ အရသာရှိရှိ မြည်းစမ်းစားသုံးနိုင်ပါတယ်။ အစားအစာ ချက်ပြုတ်တဲ့အခါ လတ်ဆတ်ပြီး ဓာတုပစ္စည်းများ မပါဝင်တဲ့ အော်ဂဲနစ်အစားအစာများကိုသာ အသုံးပြုကာ ချက်ပြုတ်ထားတဲ့အတွက်ကြောင့် အစားအစာများက ပိုမိုထူးကဲကာ အရသာရှိနေရခြင်းဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ။်

Le Planteur Restaurant

restaurant in Yangon

ဒီစားသောက်ဆိုင်လေးကတော့ ၁၉၉၈ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံရှိ Fine-Dining စားသောက်ဆိုင်များအနက် သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။ အစားအစာများသည် အရသာရှိလွန်းလှပြီး အခန်းအပြင်အဆင်များကလည်း နှစ်သက်ဖွယ်ကောင်းလှပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ဖြစ်ပါတယ်။

Orng Kitchen

restaurant in Yangon

Photo: Mmtimes

ဒီဆိုင်လေးရဲ့ ဆွဲဆောင်မှုကတော့ စားဖိုမှူး (သို့) ဆိုင်ပိုင်ရှင် Orng ပဲဖြစ်ပါတယ်။ အတွေ့အကြုံရင့်သော စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အစားအစာချက်ပြုတ်တဲ့အခါ ဒေသထွက် အော်ဂဲနစ်ပစ္စည်းများကိုသာ အသုံးပြုကာ ချက်ပြုတ်လေ့ရှိပါတယ်။ လှပလွန်းလှတဲ့ Lake View လေးကတော့ အပိုထပ်ဆောင်းပေးထားတဲ့ ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ကတော့ အဓိကအားဖြင့် ပြင်သစ်အစားအစာကို အဓိကထားပြီး အခြားသော နိုင်ငံတကာအစားအစာများကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဆိုင်က အမြဲတမ်း လူပြည့်လေ့ရှိတဲ့အတွက်ကြောင့် ဘိုကင်တင်ထားဖို့တော့ လိုပါလိမ့်မယ်။

Source: Irrawaddy

Featured Image: Thetusita