ရွှေမန်းမြေက ကွီးတို့ရေ ညနေခင်းလေးမှာ တေးဂီတ အစီအစဉ် အမိုက်စားလေးတွေ နားဆင်ခံစားရင်း အဖျော်ယမကာတွေနဲ့ အစားအသောက်ကောင်းတွေ သုံးဆောင်ဖို့ ဘားလေးတွေ စားသောက်ဆိုင်လေးတွေကို ရှာဖွေနေပါသလား။ ဒီတစ်ခါမှာတော့ ရွှေမန်းမြေက ကွီးတို့အတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ အမိုက်စား ဖျော်ဖြေတင်ဆက်မှုများနှင့် ဖျော်ဖြေပေးနေတဲ့ ဘား နဲ့ စားသောက်ဆိုင်များကို ဝေမျှပေးချင်ပါတယ်။

NOBLE- Entertaiment Bar & Restaurant

ရွှေမန်းမြေက ဘား

Photo : NOBLE- Entertaiment Bar & Restaurant

ရွှေမန်းမြေက ကွီးတို့အတွက် အမိုက်စား ဖျော်ဖြေမှုတွေကို တင်ဆက်ပေးနေတဲ့ ဘား တစ်ခုကတော့ NOBLE- Entertaiment Bar & Restaurant ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က လူငယ်ဆန်ပြီး ကျယ်ကျယ်ဝန်းဝန်းရှိတော့ ကွီးတို့အကြိုက်တွေ့စေမှာပါ။ ဒီဆိုင်လေးမှာ သောက်စရာ အဖျော်ယကာ အစုံအလင်နဲ့ လိုက်ဖက်တဲ့ ဟင်းပွဲ Menu အစုံကိုလည်း မြည်းစမ်းလို့ရပါတယ်။

ကွီးတို့‌ရေ ဒီဆိုင်လေးရဲ့ ထူးခြားတဲ့ ဖျော်ဖြေမှု အစီအစဉ်ကတော့ နိုင်ငံကျော် အဆိုတော်များ ပါဝင်တဲ့ Nobel ရဲ့ Free Show ပဲ ဖြစ်ပါတယ်။ မြူးကြွတဲ့ သံစဉ်များကို နားထောင်ရင်း ဘော်ဒါတွေနဲ့ Chill လို့ကောင်းတဲ့ ဘားလေးပါ။ ဒီဘားလေးရဲ့ လိပ်စာကတော့ ၅၉ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြား၊ မန္တလေးမြို့ ပဲဖြစ်ပါတယ်။

Old Version Live Music & Restaurant

ရွှေမန်းမြေက ဘား

Photo : Old Version Live Music & Restaurant Facebook Page

ဘယ်တော့မှ မရိုးနိုင်တဲ့ အမိုက်စား ဖျော်ဖြေတင်ဆက်မှုများနှင့် ဖျော်ဖြေပေးနေတဲ့ ရွှေမန်းမြေက ဘား နဲ့ စားသောက်ဆိုင်များထဲမှာ Old Version Live Music & Restaurant ကလည်း မပါမဖြစ်ပါပဲ။ ကျယ်ဝန်းတဲ့ ဆိုင်အပြင်အဆင် အမိုက်စားလေးနဲ့ သီချင်းတွေကို Live Music အနေနဲ့ နားဆင်ခံစားရင်း ထိုင်လို့ကောင်းတဲ့ ဘားလေးပါ။ ဒါ့အပြင် ဒီဆိုင်လေးမှာ နာမည်ကြီး တေးသံရှင်တွေရဲ့ သီချင်းတွေကိုလည်း တိုက်ရိုက်ခံစားလို့ ရပါသေးတယ်။

ကွီးတို့ ဘော်ဒါတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် သောက်စရာတွေ၊ အရသာရှိတဲ့ ဟင်းပွဲတွေကို သုံးဆောင်ရင်း အေးဆေးဆေးဆေး live Music လေးကို ခံစားနိုင်ပါတယ်။ တကယ်ကို မတူညီတဲ့ရသကို ခံစားရစေမှာပါ။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၂၆ လမ်း၊ ၅၃ လမ်းထောင့်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ပဲဖြစ်ပါတယ်။

Container 65 BBQ & Restaurant

bar

Photo : Container 65 BBQ and Restaurant

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဆိုင်လေးကတော့ Container 65 BBQ & Restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ အမိုက်စားဆိုင် အပြင်အဆင်လေးနဲ့ Outdoor မှာ လေလေးတဖြူးဖြူးနဲ့ထိုင်ချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမှာပါ။ ဘော်ဒါတွေနဲ့ အေးဆေး Chill လို့ကောင်းတဲ့ ဆိုင်လေးပါပဲ။

တေးဂီတ ဖျော်ဖြေတင်ဆက်မှုအနေနဲ့ ကတော့ ကြာသပတေး၊ သောကြာ၊ စနေနေ့တိုင်းမှာ Live Music Band လေးရှိပါတယ်။ ဒီဆိုင်လေးက ဆိုင်ခွဲ (၂) ဆိုင်ရှိတဲ့အတွက် ရွှေမန်းမြေက ကွီးတို့နဲ့ နီးတဲ့ ဆိုင်လေးမှာ ထိုင်လို့ရပါတယ်။ ဆိုင် (၁) ရဲ့လိပ်စာကတော့ ၆၅လမ်း၊ ၂၂လမ်း နှင့် ၂၃လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ဖြစ်ပါတယ်။ ဆိုင် (၂) ရဲ့ လိပ်စာကတော့ ၃၂ (A) လမ်း၊ ၆၇လမ်း နှင့် ၆၈လမ်းကြား၊ ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို့ တို့ပဲ ဖြစ်ပါတယ်။

Featured Photo : Container 65 BBQ & Restaurant