ညနေခင်းဘော်ဒါတွေနဲ့ပဲ ဆုံပြီး အချိန်ကုန်ဆုံးချင်လို့ဖြစ်စေ၊ ချစ်သူလေးနဲ့တွေ့ဆုံပြီး ကြည်နူးစရာအချိန်လေးတွေ ပိုင်ဆိုင်ချင်လို့ပဲ ဖြစ်စေ၊ ထိုင်လို့ကောင်းတဲ့ ဘား လေးတွေကို မန္တလာမြေမှ ကွီးတို့ ရှာနေပါသလား။ ဒါကြောင့် ရွှေမန်းမြေမှ ကွီးတို့အတွက် ရသမျိုးစုံပေးစွမ်းနိုင်မဲ့ ဘား တွေကို ဝေမျှပေးချင်ပါတယ်။
(၁) The Rock Bar

Photo : The Rock Bar Facebook Page
ရွှေမန်းမြေမှ ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ ဘား လေးကတော့ The Rock Bar ပဲဖြစ်ပါတယ်။ ဘီယာ သို့မဟုတ် အယ်လ်ကိုဟော ကောင်းကောင်းပဲ သောက်သောက်၊ အရသာရှိတဲ့ အစားအသောက်တွေပဲ စားစား တကယ်ကို အဆင်ပြေကောင်းမွန်တဲ့ ဘားလေးတစ်ခုပါပဲ။ လိပ်စာကတော့ ၃၂ (အေ) လမ်း၊ ၇၇/၇၈ လမ်းကြား၊ ၃၂/၃၃ လမ်းကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
(၂) ဘုံဆိုင်

Photo : ဘုံဆိုင် Facebook Page
နောက်ထပ်ဖော်ပြချင်တဲ့ ရွှေမန်းမြေက ဘား အလန်းစားလေး တစ်ခုကတော့ ဘုံဆိုင် ပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ချစ်သူလေးနဲ့ပဲ အေးဆေးထိုင်မလား၊ သူငယ်ချင်းတွေနဲ့ပဲ အေးဆေး Chill မလား၊ ကွီးတို့ အကြိုက်တွေ့စေမှာပါ။ ဒီ ဆိုင်လေးရဲ့ လိပ်စာကတော့ လမ်း ၇၀ ၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြား၊ MR.SNOOKER ဆိုင်အပေါ်ထပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ဘဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးကို ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပါတယ်။
(၃) Date Bar and Restaurant

Photo : Date Bar and Restaurant Facebook Page
ချစ်သူနဲ့ အေးဆေး Date ဖို့ ဒါမှမဟုတ် ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့ ဆိုရင် အရမ်းကို မိုက်တဲ့ Date Bar and Restaurant လေးရှိပါတယ်။ အသောက်တစ်လိုင်းရော၊ အစားတစ်လိုင်းလေးတွေအတွက်ပါ အဆင်ပြေတဲ့ ဘား လေးပါ။ လိပ်စာကတော့ ၅၇ လမ်း၊ ၁၀၆ x ၁၀၇ ကြား၊ သိပ္ပံလမ်းတောင်ဘက် ၊မန္တလေးမြို့ ဖြစ်ပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။
(၄) X-Ray Bar Lounge

Photo : X-Ray Bar Lounge Facebook Page
မန္တလာမြေမှ ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဘားလေးကတော့ X-Ray Bar Lounge ပဲ ဖြစ်ပါတယ်။ ဒီဘားလေးကလည်း ညနေခင်းရုံးဆင်းချိန် အေးဆေးထိုင်ရင်း သူငယ်ချင်းတွေနဲ့ Chill လို့ကောင်းတဲ့အပြင် သောက်စရာနဲ့ စားစရာစုံလင်တော့ ကွီးတို့ အကြိုက်ဖြစ်မှာအသေအချာပါပဲ။ လိပ်စာကတော့ ၂၆ (B) လမ်း၊ ၅၈ လမ်း နဲ့ ၅၉ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ဘဲ ဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၉ နာရီအထိဖွင့်ပါတယ်။
Featured Photo : Date Bar and Restaurant Facebook Page
