မန္တလေးမှာ ဘယ်ဆိုင်တွေ ထိုင်လို့ကောင်းလဲမေးရင်တော့ ညွှန်းရမယ့်ဆိုင်တွေ အများကြီးပါပဲ။ အဓိက မန္တလေးမှာက အစားအသောက်ကောင်းတွေ ပေါတယ် ၊ အေးအေးဆေးဆေး Chill လို့ရတဲ့ Bar နဲ့ Restaurants တွေလည်း တကယ်ကို အများကြီးရှိပါတယ်။ ဒီထဲကမှ ရွှေမန်းသား ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ Bar တွေကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) BlueMotion Bar & Restaurant

Photo : BlueMotion Bar & Restaurant

BlueMotion Bar & Restaurant ဆိုင်လေးကတော့ ဘော်ဒါတွေနဲ့ Chill မလား ၊ ချစ်သူလေးနဲ့ ဒိတ်မလား ၊ မိသားစုနဲ့ပဲ လာမလား အားလုံးအဆင်ပြေတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အရသာရှိတဲ့ ရွေးချယ်စရာ အစားအသောက် Menu တွေကလည်း အစုံပါပဲ။ ဒီဆိုင်မှာ နာမည်ကြီးပြီး လူကြိုက်များတာကတော့ အကင်တွေနဲ့ ပင်လယ်စာတွေပါပဲ။ အကင်အမျိုးပေါင်း ၅၀ ကျော်ရွေးလို့ရတဲ့အပြင် ပင်လယ်စာ ဟင်းပွဲတွေ ၊ လျှာစည်းစိမ်ခံနိုင်မယ့် Signature Menu တွေ တော်တော်စုံစုံရတယ်။ သောက်စရာ Drink တွေလည်းအစုံရှိတော့ အသောက်တလိုင်း ညိုကီတို့ အကြိုက်တွေ့စေမှာပါ။ နေ့စဉ် ညနေ ၆နာရီခွဲ ကနေ ည ၉နာရီခွဲအထိ Unplugged Band တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေလည်း နားဆင်လို့ရသေးတာဆိုတော့ တစ်နေရာတည်းမှာ အားလုံးအပြီးပါပဲ။ ဆိုင်လိပ်စာက ၄၆ လမ်းနဲ့ သိပ္ပံလမ်းထောင့် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

(၂) Connection Sky Bistro

Photo : Connection Sky Bistro

မန္တလေးမြို့ကြီးရဲ့ ညနေခင်း နေဝင်ဆည်းဆာ မြို့ပြအလှကို Rooftop View ​ကနေကြည့်ရင်း Chill ချင်တယ်ဆိုရင်တော့ ဖွင့်တာလပိုင်းပဲရှိသေးတဲ့ Connection Sky Bistro Bar အသစ်လေးကို အရောက်သွားလိုက်ပါဗျို့။ ဒီဆိုင်လေးက အရသာရှိတဲ့ အစားအသောက်တွေ ၊ အမိုက်စား ကော့လ်တေး Drinks တွေနဲ့ လေဖြူးဖြူး လွင့်မြောလို့ရမယ့် ဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အားသာချက်ကို ပြောရမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် သက်တောင့်သက်သာထိုင်လို့ရမယ့် Table ဝိုင်းတွေနဲ့ အစားအသောက်တွေစုံတဲ့အပြင် Rooftop Bar ဆိုပေမယ့်လို့ ဈေးအရမ်းအကြီးပဲ ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့ အစားအသောက်တွေ ရနိုင်တာပါပဲ။ ဆိုင်လိပ်စာလေးကတော့ ဖဖ ၆ ၊ အမှတ် ၇၈ ၊ ၄၈ လမ်း နဲ့ ၁၁၀ အီးလမ်း​ထောင့် ၊ ထွန်တုံးရပ် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

(၃) Old Version Live Music & Restaurant

Photo : Old Version Live Music & Restaurant

ဒီဆိုင်လေးကတော့ ဂီတကိုချစ်မြတ်နိုးတဲ့ ရွှေမန်းသား ၊ ရွှေမန်းသူတိုင်း အရောက်သွားသင့်တဲ့ ဆိုင်လေးပါ။ ကျယ်ဝန်းတဲ့ နေရာထိုင်ခင်း ၊ စုံလင်ပြီး အရသာရှိတဲ့ အစားအသောက်တွေနဲ့ Live Show တစ်ခုကို အနီးကပ်ကြည့်နေရသလို ခံစားရစေမယ့် Vibe လေးကို ပေးနိုင်တာကတော့ Old Version Live Music & Restaurant ဆိုင်ရဲ့ အားသာချက်လို့ ပြောရမှာပါပဲ။ နာမည်ကြီး အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေ နားဆင်ရင်း ၊ အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းရင်း အေးအေးဆေးဆေး လွင့်မြောချင်တယ်ဆိုရင် ဒီဆိုင်လေးကို အရောက်သွားဖို့ ညွှန်းဆိုချင်ပါတယ်။ ဆိုင်လိပ်စာကတော့ ၂၆လမ်း ၊ ၅၃ လမ်းထောင့် ၊ အောင်မြေသာဇံမြို့နယ် ၊ မန္တလေးမြို့ ဖြစ်ပါတယ်။

Featured Photo : Connection Sky Bistro